Xiaomi က Pop-up Camera နဲ႔ Bezel-less Display ပါတဲ့ Mi Mix 3 ရဲ႕ ဓါတ္ပံုကို ျပသ

0
778

Vivo က မ်က္ႏွာျပင္အထက္မွ ေဘာင္ကို ေဖ်ာက္ဖို႔အတြက္ Pop-up Camera ပါတဲ့ Nex ကို တီထြင္ဖန္တီးခဲ့ပါတယ္။ သူဟာ Pop-up Camera ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။ သူ႔ရဲ႕ Trend ကို အမွီလိုက္ဖို႔အတြက္ Oppo က Find X မွာ ဒီလို Pop-up Camera ကို ထည့္သြင္းခဲ့ပါတယ္။ Honor ကလည္း ေနာက္ထုတ္မယ့္ Magic 2 မွာ ဒီလို ကင္မရာ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ အခုေတာ့ ေရွာင္မီရဲ႕ အလွည့္ ျဖစ္ပါတယ္။

ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူ လင္ဘင္က တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ Pop-up Camera နဲ႔ Bezel-less Display ပါတဲ့ Mi Mix 3 ရဲ႕ ဓါတ္ပံုကို ျပသလိုက္ပါတယ္။ ယခင္ Mi Mix မ်ားမွာ စကရင္ရဲ႕ ေအာက္မွာ ကင္မရာကို ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Mi Mix 3 မွာေတာ့ အထက္ပိုင္း စကရင္ရဲ႕ အေနာက္ဘက္မွာ ကင္မရာကို ျမွပ္ႏွံထားမွာ ျဖစ္ပါတယ္။ ရိုက္မယ့္ အခ်ိန္က်မွသာ ကင္မရာက အထက္ကို တိုးထြက္လာမွာ ျဖစ္ပါတယ္။

လင္ဘင္က ေရွာင္မီက Mi Mix 3 ကို ေအာက္တိုဘာလမွာ မိတ္ဆက္မယ္လို႔ ေျပာပါတယ္။ Xiaomi Mi Mix 3 မွာ OLED Display ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ အေရွ႕ဘက္မွာ ကင္မရာ ႏွစ္လံုး ထည့္သြင္းထားၿပီး IR Face Unlock ပါလာမယ္လို႔ ထင္ရပါတယ္။

unicode

Xiaomi က Pop-up Camera နဲ့ Bezel-less Display ပါတဲ့ Mi Mix 3 ရဲ့ ဓါတ်ပုံကို ပြသ

Vivo က မျက်နှာပြင်အထက်မှ ဘောင်ကို ဖျောက်ဖို့အတွက် Pop-up Camera ပါတဲ့ Nex ကို တီထွင်ဖန်တီးခဲ့ပါတယ်။ သူဟာ Pop-up Camera ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ သူ့ရဲ့ Trend ကို အမှီလိုက်ဖို့အတွက် Oppo က Find X မှာ ဒီလို Pop-up Camera ကို ထည့်သွင်းခဲ့ပါတယ်။ Honor ကလည်း နောက်ထုတ်မယ့် Magic 2 မှာ ဒီလို ကင်မရာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ ရှောင်မီရဲ့ အလှည့် ဖြစ်ပါတယ်။

ရှောင်မီရဲ့ ဥက္ကဌ ဖြစ်သူ လင်ဘင်က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Pop-up Camera နဲ့ Bezel-less Display ပါတဲ့ Mi Mix 3 ရဲ့ ဓါတ်ပုံကို ပြသလိုက်ပါတယ်။ ယခင် Mi Mix များမှာ စကရင်ရဲ့ အောက်မှာ ကင်မရာကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Mi Mix 3 မှာတော့ အထက်ပိုင်း စကရင်ရဲ့ အနောက်ဘက်မှာ ကင်မရာကို မြှပ်နှံထားမှာ ဖြစ်ပါတယ်။ ရိုက်မယ့် အချိန်ကျမှသာ ကင်မရာက အထက်ကို တိုးထွက်လာမှာ ဖြစ်ပါတယ်။

လင်ဘင်က ရှောင်မီက Mi Mix 3 ကို အောက်တိုဘာလမှာ မိတ်ဆက်မယ်လို့ ပြောပါတယ်။ Xiaomi Mi Mix 3 မှာ OLED Display ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အရှေ့ဘက်မှာ ကင်မရာ နှစ်လုံး ထည့်သွင်းထားပြီး IR Face Unlock ပါလာမယ်လို့ ထင်ရပါတယ်။

Leave a Reply