Physical Keyboard ပါတဲ့ BlackBerry KEY2 LE

0
718

BlackBerry က KEY2 ရဲ႕ တန္ဖိုးနည္း စမတ္ဖုန္း ျဖစ္တဲ့ KEY2 LE ကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ ၄.၅ လက္မ 1080x1620p Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 3:2 ျဖစ္ပါတယ္။ မ်က္ႏွာျပင္ကို Corning Gorilla Glass ျဖင့္ ဖံုးအုပ္ထားပါတယ္။ အေနာက္ဘက္မွာ 13MP Main Camera နဲ႔ 5MP Secondary Camera ကို တပ္ဆင္ထားပါတယ္။ ဆဲလ္ဖီးကင္မရာကေတာ့ 8MP ျဖစ္ပါတယ္။

သူ႔မွာ Snapdragon 636 Chipset ေမာင္းႏွင္ထားပါတယ္။ 4GB RAM ထည့္သြင္းထားပါတယ္။ 32 or 64GB Internal Storage မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ ၂၂ နာရီ အသံုးခံတဲ့ 3000mAh Battery ထည့္သြင္းထားပါတယ္။ KEY2 ကို အလူမီနီယမ္ ဖရိမ္ျဖင့္ တည္ေဆာက္ထားေပမယ့္ KEY2 LE ကိုေတာ့ ပလတ္စတစ္ျဖင့္သာ ဖန္တီးထားပါတယ္။

သူ႔မွာ Android 8.1 ထည့္သြင္းထားၿပီး App Lock , Dual Apps စတဲ့ အသံုး၀င္တဲ့ လုပ္ေဆာင္ခ်က္မ်ား ပါလာပါတယ္။ Spacebar Key ရဲ႕ ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာကို ျမွပ္ႏွံထားပါတယ္။ 32GB Model ကို ၃၉၉ ေဒၚလာနဲ႔ 64GB Model ကို ၄၄၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ KEY2 LE ကို ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးပါဘူး။ စီးပြားေရး လုပ္ငန္းသံုးဖို႔ သူ႔ကို ဖန္တီးထားပါတယ္။

unicode

Physical Keyboard ပါတဲ့ BlackBerry KEY2 LE

BlackBerry က KEY2 ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့ KEY2 LE ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၄.၅ လက်မ 1080x1620p Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 3:2 ဖြစ်ပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass ဖြင့် ဖုံးအုပ်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main Camera နဲ့ 5MP Secondary Camera ကို တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီးကင်မရာကတော့ 8MP ဖြစ်ပါတယ်။

သူ့မှာ Snapdragon 636 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM ထည့်သွင်းထားပါတယ်။ 32 or 64GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ ၂၂ နာရီ အသုံးခံတဲ့ 3000mAh Battery ထည့်သွင်းထားပါတယ်။ KEY2 ကို အလူမီနီယမ် ဖရိမ်ဖြင့် တည်ဆောက်ထားပေမယ့် KEY2 LE ကိုတော့ ပလတ်စတစ်ဖြင့်သာ ဖန်တီးထားပါတယ်။

သူ့မှာ Android 8.1 ထည့်သွင်းထားပြီး App Lock , Dual Apps စတဲ့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်များ ပါလာပါတယ်။ Spacebar Key ရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။ 32GB Model ကို ၃၉၉ ဒေါ်လာနဲ့ 64GB Model ကို ၄၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ KEY2 LE ကို ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ စီးပွားရေး လုပ်ငန်းသုံးဖို့ သူ့ကို ဖန်တီးထားပါတယ်။

Leave a Reply