iPhone XS နဲ႔ iPhone XS Plus ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာ

0
1371

Apple က အိုင္ဖုန္း အသစ္သံုးလံုးရဲ႕ အမည္မ်ားကို ေရြးခ်ယ္ဖု႔ိ ေခါင္းစားေနတယ္ဆိုတဲ့ သတင္းမ်ား ယခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ ဒီျပႆနာ ေျပလည္သြားၿပီလို႔ သိရပါတယ္။ iPhone X ရဲ႕ မ်ိဳးဆက္ကို iPhone XS လို႔ အမည္ေပးထားၿပီး ၅.၈ လက္မ မ်က္ႏွာျပင္ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ အရြယ္ႀကီး ၆.၅ လက္မ ေမာ္ဒယ္ကို iPhone XS Plus လို႔ အမည္သတ္မွတ္ထားမွာ ျဖစ္ပါတယ္။

သူတို႔ရဲ႕ ဓါတ္ပံုမ်ားလည္း ထြက္ေပၚလာပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ သူတို႔မွာ ထည့္သြင္းထားတဲ့ အစိတ္အပိုင္းမ်ားဟာ တူညီၾကပါတယ္။ အဲဒါေတြကေတာ့ Dual Rear Cameras , Stainless Steel Frames , Glass Back , AMOLED Screen မ်ား ျဖစ္ပါတယ္။ A12 Chipset , 4GB RAM , 64/256/512GB Storage မ်ား ထည့္သြင္းထားၾကမွာလည္း တူညီၾကပါတယ္။ iPhone X မွာ မရရွိခဲ့တဲ့ ေရႊေရာင္ကိုလည္း ထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။

ေနာက္ေမာ္ဒယ္တစ္ခုက တန္ဖိုးနည္း ျဖစ္ၿပီး ၆.၁ လက္မ LCD Display ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အလူမီနီယမ္ ကိုယ္ထည္ ပါလာမွာပါ။ အေနာက္ကင္မရာ ၁ လံုး နဲ႔ 3GB RAM ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ သူတို႔ကို ေၾကညာေတာ့မယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။

unicode

iPhone XS နဲ့ iPhone XS Plus ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Apple က အိုင်ဖုန်း အသစ်သုံးလုံးရဲ့ အမည်များကို ရွေးချယ်ဖု့ိ ခေါင်းစားနေတယ်ဆိုတဲ့ သတင်းများ ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ ဒီပြဿနာ ပြေလည်သွားပြီလို့ သိရပါတယ်။ iPhone X ရဲ့ မျိုးဆက်ကို iPhone XS လို့ အမည်ပေးထားပြီး ၅.၈ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အရွယ်ကြီး ၆.၅ လက်မ မော်ဒယ်ကို iPhone XS Plus လို့ အမည်သတ်မှတ်ထားမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဓါတ်ပုံများလည်း ထွက်ပေါ်လာပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူတို့မှာ ထည့်သွင်းထားတဲ့ အစိတ်အပိုင်းများဟာ တူညီကြပါတယ်။ အဲဒါတွေကတော့ Dual Rear Cameras , Stainless Steel Frames , Glass Back , AMOLED Screen များ ဖြစ်ပါတယ်။ A12 Chipset , 4GB RAM , 64/256/512GB Storage များ ထည့်သွင်းထားကြမှာလည်း တူညီကြပါတယ်။ iPhone X မှာ မရရှိခဲ့တဲ့ ရွှေရောင်ကိုလည်း ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။

နောက်မော်ဒယ်တစ်ခုက တန်ဖိုးနည်း ဖြစ်ပြီး ၆.၁ လက်မ LCD Display ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အလူမီနီယမ် ကိုယ်ထည် ပါလာမှာပါ။ အနောက်ကင်မရာ ၁ လုံး နဲ့ 3GB RAM ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ သူတို့ကို ကြေညာတော့မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Leave a Reply