4,000mAh ဘက္ထရီနဲ႔ ၈၅ေဒၚလာတန္ YU Ace ကိုတရားဝင္ မိတ္ဆက္

0
926

YU မိုဘိုင္းအေနနဲ႔ ၂၀၁၇ စက္တင္ဘာလက စတင္ၿပီး Yureka 2  ကိုမိတ္ဆက္ေပးခဲ့ပါတယ္။  YU ဆိုတာ ဘတ္ဂ်တ္စမတ္ဖုန္းေတြကို ထုတ္လုပ္ေပးေနတဲ့ ကုမၸဏီျဖစ္ၿပီး သူ႕ဆီကထုတ္တဲ့ ဖုန္းေတြဟာ ေဒၚလာ ၁၀၀ေအာက္နဲ႔ ျဖစ္ပါတယ္။ အခ်ိန္ ၁ႏွစ္နီးပါးၾကာတဲ့ အခ်ိန္မွာေတာ့ YU အေနနဲ႔ ဒုတိယစမတ္ဖုန္း တစ္လုံးကို မိတ္ဆက္လိုက္ပါၿပီ။

စမတ္ဖုန္းရဲ႕နာမည္ကိုေတာ့ YU Ace လို႔ေပးထားပါတယ္။ YU အေနနဲ႔  Ace ဖုန္းကို  “game changer” လို႔ေပးထားၿပီး အဲ့ဒီဖုန္းမွာ စြမ္းအားႀကီးမားတဲ့ ဘက္ထရီပမာဏကို ထည့္သြင္းေပးလာပါတယ္။ စမတ္ဖုန္းနဲ႔ ပတ္္သတ္တဲ့ အခ်က္အလက္ေတြကေတာ့  MediaTek MT6739WW chipset ပရိုဆက္ဆာနဲ႔အတူ 4000mah ဘက္ထရီကိုသုံးႏိုင္မွာပါ။ ပရိုဆက္ဆာရဲ႕ အျမန္ႏႈန္းကေတာ့ 1.5GHz ရွိၿပီး quad-core Cortex-A53 ျဖစ္ပါတယ္။

မ်က္ႏွာျပင္ဟာ Full-view  နဲ႔ျဖစ္ၿပီး  5.45 လက္မနဲ႔ပါ။ ကိုယ္ထည္ပိုင္းမွာေတာ့ ပလပ္စတစ္အမ်ိဳးအစား သံုးထားပါတယ္။ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ 13MP/1080p တပ္ဆင္လာမွာ ျဖစ္ၿပီး၊အေရွ႕ဘက္မွာေတာ့ 5MP ကင္မရာကို တပ္ထားမွာပါ။  အေရွ႕ဘက္ကင္မရာဟာ Face Unlock စနစ္ကို ေထာက္ပံ့ေပးပါတယ္။ အခ်က္အလက္ သိုေလွာင္မႈပိုင္းအတြက္ 2GB RAM /16GB သုိေလွာင္မႈနဲ႔ 4GB Ram / 32 GB storage သိုေလွာင္မႈ ဆိုၿပီးေရြးခ်ယ္ ႏိုင္မွာပါ။ Android  8.0 Oreo ကိုသုံးႏိုင္မွာပါ။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၈၅ သတ္မွတ္ထားပါတယ္။

unicode

YU မိုဘိုင်းအနေနဲ့ ၂၀၁၇ စက်တင်ဘာလက စတင်ပြီး Yureka 2  ကိုမိတ်ဆက်ပေးခဲ့ပါတယ်။  YU ဆိုတာ ဘတ်ဂျတ်စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး သူ့ဆီကထုတ်တဲ့ ဖုန်းတွေဟာ ဒေါ်လာ ၁၀၀အောက်နဲ့ ဖြစ်ပါတယ်။ အချိန် ၁နှစ်နီးပါးကြာတဲ့ အချိန်မှာတော့ YU အနေနဲ့ ဒုတိယစမတ်ဖုန်း တစ်လုံးကို မိတ်ဆက်လိုက်ပါပြီ။

စမတ်ဖုန်းရဲ့နာမည်ကိုတော့ YU Ace လို့ပေးထားပါတယ်။ YU အနေနဲ့  Ace ဖုန်းကို  “game changer” လို့ပေးထားပြီး အဲ့ဒီဖုန်းမှာ စွမ်းအားကြီးမားတဲ့ ဘက်ထရီပမာဏကို ထည့်သွင်းပေးလာပါတယ်။ စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကတော့  MediaTek MT6739WW chipset ပရိုဆက်ဆာနဲ့အတူ 4000mah ဘက်ထရီကိုသုံးနိုင်မှာပါ။ ပရိုဆက်ဆာရဲ့ အမြန်နှုန်းကတော့ 1.5GHz ရှိပြီး quad-core Cortex-A53 ဖြစ်ပါတယ်။

မျက်နှာပြင်ဟာ Full-view  နဲ့ဖြစ်ပြီး  5.45 လက်မနဲ့ပါ။ ကိုယ်ထည်ပိုင်းမှာတော့ ပလပ်စတစ်အမျိုးအစား သုံးထားပါတယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ 13MP/1080p တပ်ဆင်လာမှာ ဖြစ်ပြီး၊အရှေ့ဘက်မှာတော့ 5MP ကင်မရာကို တပ်ထားမှာပါ။  အရှေ့ဘက်ကင်မရာဟာ Face Unlock စနစ်ကို ထောက်ပံ့ပေးပါတယ်။ အချက်အလက် သိုလှောင်မှုပိုင်းအတွက် 2GB RAM /16GB သိုလှောင်မှုနဲ့ 4GB Ram / 32 GB storage သိုလှောင်မှု ဆိုပြီးရွေးချယ် နိုင်မှာပါ။ Android  8.0 Oreo ကိုသုံးနိုင်မှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၅ သတ်မှတ်ထားပါတယ်။

Leave a Reply