စက်တင်ဘာ ၅ရက်နေ့ အိန္ဒိယမှာမိတ်ဆက်လာမယ့် Redmi 6 နဲ့ 6A

0
751




unicode

Xiaomi အနေနဲ့ Redmi 6 series ဖုန်းတွေဖြစ်တဲ့  Redmi 6, Redmi 6 Pro နဲ့ Redmi 6A စမတ်ဖုန်းတွေကို အိန္ဒိယမှာ စက်တင်ဘာ ၅ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ Xiaomi ကုမ္ပဏီဘက်ကနေ မီဒီယာတွေကိုတရားဝင် ဖိတ်ကြားစာပို့လိုက်ပြီ ဖြစ်ပြီး Twitter ကနေလည်း ကြော်ညာတစ်ခုကို ပြသလိုက်ပါတယ်။ Redmi 6 စီးရီးဖုန်းတွေကိုတော့ ပြီးခဲ့တဲ့ ဇွန်လက တရုတ်မှာတရားဝင် မိတ်ဆက်ခဲ့ပြီးမှ အိန္ဒိယဈေးကွက်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

Xiaomi ရဲ့ Redmi 6 စမတ်ဖုန်းမှာ 5.45 လက်မ IPS LCD နဲ့ 720x1440px resolution ရှိပါတယ်။ Helio P22 chipset နဲ့ဖြစ်ပြီး 4GB RAM သုံးထားပါတယ်။ ကင်မရာပိုင်းမှာတော့ dual 12MP f/2.2 + 5MP f/2.2  ကိုနောက်ကျောဘက်မှာ သုံးထားပါတယ်။  Redmi 6A မှာတော့ 5.45-inch 1440p IPS LCD နဲ့ဖြစ်ပြီး Helio A22 ပရိုဆက်ဆာမှာ 3GB RAM သုံးထားပါတယ်။ ကင်မရာပိုင်းမှာတော့ 13MP f/2.2 အဓိကကင်မရာနဲ့ ဖြစ်ပါတယ်။

Xiaomi Redmi 6 Pro(ဥရောပမှာတော့ Mi A2 Lite လို့နာမည်ပေးထားပါတယ်) မှာ 5.84-inch 1080x2280px IPS LCD နဲ့ဖြစ်ပြီး Snapdragon 625 ပရိုဆက်ဆာ သုံးထားပါတယ်။ 4GB  RAM  ပိုင်းနဲ့အတူ နောက်ကျောဘက်  12MP f/2.2 + 5MP f/2.2 ကင်မရာတပ်ဆင်ပေးထားပါတယ်။ စမတ်ဖုန်း ၃မျိုးထဲမှာ Redmi 6A ကပိုရောင်းကောင်းနိုင်ပါတယ်။

Leave a Reply