EEC အသိအမွတ္ျပဳရရွိၿပီျဖစ္တဲ့ Xiaomi Redmi Note 6 နဲ႔ Note 6 Pro

0
851

Xiaomi  အေနနဲ႔  Redmi 6 စီးရီးဖုန္းသစ္ေတြကို ၿပီးခဲ့တဲ့ဇြန္လက မိတ္ဆက္ေပးခဲ့ပါတယ္။ သို႔ေပမယ့္ Note အမ်ိဳးအစားေတာ့ မပါဝင္ခဲ့ပါဘူး။  Redmi 6A စမတ္ဖုန္းနဲ႔ Redmi 6 Pro ဖုန္းတို႔ျဖစ္ၿပီး stock Android နဲ႔  Mi A2 Lite တို႔ပါဝင္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ စမတ္ဖုန္းသစ္ ၂မ်ိဳးဟာ ရုရွားမွာရွိတဲ့ စီးပြားေရးေကာ္မရွင္ (EEC) ရဲ႕အသိအမွတ္ျပဳမႈ ရရွိခဲ့တဲ့ စာရြက္ေတြထြက္ရွိလာပါတယ္။

ခန္႔မွန္းခ်က္ေတြအရ Redmi Note 6 နဲ႔ Redmi Note 6 Pro ဖုန္းေတြျဖစ္ႏုိင္ၿပီး EEC မွာေတာ့ ေမာ္ဒယ္နံပတ္ M1806E7TG နဲ႔ M1806E7TH ဆုိၿပီး မွတ္ပုံတင္ထားပါတယ္။ ဒီဖုန္းေတြအတြက္ေတာ့ EEC အသိအမွတ္ျပဳုရရွိတာ ပထမဆုံးအၾကိမ္မဟုတ္ပါဘူး။ အေစာပိုင္းတုန္းကလည္း FCC နဲ႔ ထိုင္ဝမ္  NCC တို႔ရဲ႕ အသိအမွတ္ျပဳမႈကိုလည္း ရရွိထားပါတယ္။ Redmi Note 6 စီးရီးဖုန္းသစ္ဟာ ယခင္မ်ိဳးဆက္ဖုန္းေတြထက္ ပရိုဆက္ဆာပိုင္းမွာ ပိုအဆင့္ျမင့္လာႏိုင္ၿပီး AI Dual ကင္ရာေတြ သုံးလာႏိုင္ပါတယ္။

Redmi 6 စီးရီးဖုန္းေတြကိုေတာ့ ၿပီးခဲ့တဲ့ ဇြန္လက တရုတ္မွာတရားဝင္ မိတ္ဆက္ေပးခဲ့ပါတယ္။ အခုမွ အိႏိၵယမွာ မိတ္ဆက္ဖို႔ ျပင္ဆင္ေနတုံးပါ။ Xiaomi ရဲ႕ Redmi 6 စမတ္ဖုန္းမွာ 5.45 လက္မ IPS LCD နဲ႔ 720x1440px resolution ရွိပါတယ္။ Helio P22 chipset နဲ႔ျဖစ္ၿပီး 4GB RAM သုံးထားပါတယ္။

ကင္မရာပိုင္းမွာေတာ့ dual 12MP f/2.2 + 5MP f/2.2  ကိုေနာက္ေက်ာဘက္မွာ သုံးထားပါတယ္။ Xiaomi Redmi 6 Pro(ဥေရာပမွာေတာ့ Mi A2 Lite လို႔နာမည္ေပးထားပါတယ္) မွာ 5.84-inch 1080x2280px IPS LCD နဲ႔ျဖစ္ၿပီး Snapdragon 625 ပရိုဆက္ဆာ သုံးထားပါတယ္။ 4GB  RAM  ပိုင္းနဲ႔အတူ ေနာက္ေက်ာဘက္  12MP f/2.2 + 5MP f/2.2 ကင္မရာတပ္ဆင္ေပးထားပါတယ္။ Note စီးရီးဖုန္းသစ္ေတြကေတာ့ မ်က္ႏွာျပင္က်ယ္ၿပီး ပိုေကာင္းတဲ့လုပ္ေဆာင္ခ်က္ေတြ ပါဝင္လာႏုိင္ပါတယ္။

unicode

Xiaomi  အနေနဲ့  Redmi 6 စီးရီးဖုန်းသစ်တွေကို ပြီးခဲ့တဲ့ဇွန်လက မိတ်ဆက်ပေးခဲ့ပါတယ်။ သို့ပေမယ့် Note အမျိုးအစားတော့ မပါဝင်ခဲ့ပါဘူး။  Redmi 6A စမတ်ဖုန်းနဲ့ Redmi 6 Pro ဖုန်းတို့ဖြစ်ပြီး stock Android နဲ့  Mi A2 Lite တို့ပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ စမတ်ဖုန်းသစ် ၂မျိုးဟာ ရုရှားမှာရှိတဲ့ စီးပွားရေးကော်မရှင် (EEC) ရဲ့အသိအမှတ်ပြုမှု ရရှိခဲ့တဲ့ စာရွက်တွေထွက်ရှိလာပါတယ်။

ခန့်မှန်းချက်တွေအရ Redmi Note 6 နဲ့ Redmi Note 6 Pro ဖုန်းတွေဖြစ်နိုင်ပြီး EEC မှာတော့ မော်ဒယ်နံပတ် M1806E7TG နဲ့ M1806E7TH ဆိုပြီး မှတ်ပုံတင်ထားပါတယ်။ ဒီဖုန်းတွေအတွက်တော့ EEC အသိအမှတ်ပြုုရရှိတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အစောပိုင်းတုန်းကလည်း FCC နဲ့ ထိုင်ဝမ်  NCC တို့ရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိထားပါတယ်။ Redmi Note 6 စီးရီးဖုန်းသစ်ဟာ ယခင်မျိုးဆက်ဖုန်းတွေထက် ပရိုဆက်ဆာပိုင်းမှာ ပိုအဆင့်မြင့်လာနိုင်ပြီး AI Dual ကင်ရာတွေ သုံးလာနိုင်ပါတယ်။

Redmi 6 စီးရီးဖုန်းတွေကိုတော့ ပြီးခဲ့တဲ့ ဇွန်လက တရုတ်မှာတရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ အခုမှ အိန္ဒိယမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတုံးပါ။ Xiaomi ရဲ့ Redmi 6 စမတ်ဖုန်းမှာ 5.45 လက်မ IPS LCD နဲ့ 720x1440px resolution ရှိပါတယ်။ Helio P22 chipset နဲ့ဖြစ်ပြီး 4GB RAM သုံးထားပါတယ်။

ကင်မရာပိုင်းမှာတော့ dual 12MP f/2.2 + 5MP f/2.2  ကိုနောက်ကျောဘက်မှာ သုံးထားပါတယ်။ Xiaomi Redmi 6 Pro(ဥရောပမှာတော့ Mi A2 Lite လို့နာမည်ပေးထားပါတယ်) မှာ 5.84-inch 1080x2280px IPS LCD နဲ့ဖြစ်ပြီး Snapdragon 625 ပရိုဆက်ဆာ သုံးထားပါတယ်။ 4GB  RAM  ပိုင်းနဲ့အတူ နောက်ကျောဘက်  12MP f/2.2 + 5MP f/2.2 ကင်မရာတပ်ဆင်ပေးထားပါတယ်။ Note စီးရီးဖုန်းသစ်တွေကတော့ မျက်နှာပြင်ကျယ်ပြီး ပိုကောင်းတဲ့လုပ်ဆောင်ချက်တွေ ပါဝင်လာနိုင်ပါတယ်။

Leave a Reply