waterdrop notch ဒီဇိုင္းနဲ႔ Moto ဖုန္းသစ္ရဲ႕ပုံမ်ားထြက္လာ

0
715

Motorola အေနနဲ႔ P30 စမတ္ဖုန္းထြက္ၿပီး သိပ္မၾကာခင္မွာ ေနာက္ထပ္စမတ္ဖုန္း တစ္မ်ိဳးကို မိတ္ဆက္ေပးဖုိ႔ ျပင္ေနပါတယ္။ အခုေတာ့ အဲ့ဒီစမတ္ဖုန္းရဲ႕ ပုံေတြ Weibo မွာထြက္လာပါတယ္။ ဓာတ္ပုံေတြသာ ထြက္လာေသးၿပီးစမတ္ဖုန္းရဲ႕ ေမာ္ဒယ္နံပါတ္နဲ႔ ပတ္သတ္လို႔ အခ်က္အလက္ေတြ မသိရေသးပါဘူး။ ပုံ၃ခုထြက္ရွိလာၿပီး ပထမပုံမွာေတာ့ Moto logo ေပၚမွာ  fingerprint scanner တပ္ဆင္ထားတာကို ေတြ႕ရၿပီး၊ သူ႕ရဲ႕အေပၚဘက္မွာDual ကင္မရာနဲ႔ Led flash ကိုတပ္ထားပါတယ္။

ဒုတိယပုံမွာေတာ့ ဖုန္းရဲ႕နာမည္ကို  Moto G6 plus လို႔ေရးထားတာကုိ ေတြ႕ရပါတယ္။ ဒီဖုန္းဟာ Dual sim အမ်ိဳးအစားျဖစ္မွာပါ။ တတိယပုံမွာေတာ့ ပုံမွန္ Notch ဒီဇိုင္းနဲ႔ ျဖစ္ၿပီး “motorola one” လို႔ နာမည္ေပးထားတာကို ေတြ႕ရပါတယ္။  ဒီပုံေတြမွာပါတဲ့ အခ်က္အလက္ေတြအရ Moto G series ဖုန္းအသစ္တစ္လုံး မိတ္ဆက္ဖို႔ရွိေနတာကေတာ့ ေသခ်ာပါတယ္။

Motorola အေနနဲ႔ယခုလလယ္ ပိုင္းေလာက္က   P30 ဖုန္းကိုတရုတ္မွာ မိတ္ဆက္ေပးခဲ့ၿပီး အဲ့ဒီဖုန္းမွာေတာ့ ေနာက္ေက်ာဘက္မွာ iPhone X ပုံစံ ကင္မရာ၂လုံးတပ္ဆင္ထားၿပီး 16 MP + 5 MP ျဖစ္ပါတယ္။ ကင္မရာ၂ခုလုံးဟာ OmniVision ျဖစ္ပါတယ္။ selfie ပိုင္းအတြက္ေတာ့  f/2.0 lens နဲ႔ 12 MP ကင္မရာကို တပ္ဆင္ေပးထားတာကို ေတြ႕ရပါတယ္။

unicode

Motorola အနေနဲ့ P30 စမတ်ဖုန်းထွက်ပြီး သိပ်မကြာခင်မှာ နောက်ထပ်စမတ်ဖုန်း တစ်မျိုးကို မိတ်ဆက်ပေးဖို့ ပြင်နေပါတယ်။ အခုတော့ အဲ့ဒီစမတ်ဖုန်းရဲ့ ပုံတွေ Weibo မှာထွက်လာပါတယ်။ ဓာတ်ပုံတွေသာ ထွက်လာသေးပြီးစမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်နဲ့ ပတ်သတ်လို့ အချက်အလက်တွေ မသိရသေးပါဘူး။ ပုံ၃ခုထွက်ရှိလာပြီး ပထမပုံမှာတော့ Moto logo ပေါ်မှာ  fingerprint scanner တပ်ဆင်ထားတာကို တွေ့ရပြီး၊ သူ့ရဲ့အပေါ်ဘက်မှာDual ကင်မရာနဲ့ Led flash ကိုတပ်ထားပါတယ်။

ဒုတိယပုံမှာတော့ ဖုန်းရဲ့နာမည်ကို  Moto G6 plus လို့ရေးထားတာကို တွေ့ရပါတယ်။ ဒီဖုန်းဟာ Dual sim အမျိုးအစားဖြစ်မှာပါ။ တတိယပုံမှာတော့ ပုံမှန် Notch ဒီဇိုင်းနဲ့ ဖြစ်ပြီး “motorola one” လို့ နာမည်ပေးထားတာကို တွေ့ရပါတယ်။  ဒီပုံတွေမှာပါတဲ့ အချက်အလက်တွေအရ Moto G series ဖုန်းအသစ်တစ်လုံး မိတ်ဆက်ဖို့ရှိနေတာကတော့ သေချာပါတယ်။

Motorola အနေနဲ့ယခုလလယ် ပိုင်းလောက်က   P30 ဖုန်းကိုတရုတ်မှာ မိတ်ဆက်ပေးခဲ့ပြီး အဲ့ဒီဖုန်းမှာတော့ နောက်ကျောဘက်မှာ iPhone X ပုံစံ ကင်မရာ၂လုံးတပ်ဆင်ထားပြီး 16 MP + 5 MP ဖြစ်ပါတယ်။ ကင်မရာ၂ခုလုံးဟာ OmniVision ဖြစ်ပါတယ်။ selfie ပိုင်းအတွက်တော့  f/2.0 lens နဲ့ 12 MP ကင်မရာကို တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။

Leave a Reply