Q7 ဘက္ဂ်တ္စမတ္ဖုန္း ကိုအိႏိၵယမွာ မိတ္ဆက္လိုက္တဲ့ LG

0
617

LG အေနနဲ႔ဘတ္ဂ်တ္ စမတ္ဖုန္းလို႔ သတ္မွတ္ႏိုင္တဲ့ Q7 စမတ္ဖုန္းကို အိႏိၵယေစ်းကြက္အတြက္ မိတ္ဆက္ေပးလိုက္ပါတယ္။ စမတ္ဖုန္းရဲ႕ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၂၂၈ ဝန္းက်င္သာရွိၿပီး စက္တင္ဘာ ၁ရက္ေန႔မွာစတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။  LG Q7 စမတ္ဖုန္းဟာ ၿပီးခဲ့တဲ့ႏွစ္က မိတ္ဆက္ခဲ့တဲ့  Q6 ရဲ႕မ်ိဳးဆက္သစ္ ဖုန္းျဖစ္ၿပီး 5.5 လက္မနဲ႔အတူ 18:9 FullVision Display သုံးလာတာ ျဖစ္ပါတယ္။

သူ႕မွာ ပရိုဆက္ဆာပိုင္းအတြက္ 1.5Ghz octa-core အမ်ိဳးအစား MediaTek MT6750S chipset ကိုသုံးထားပါတယ္။ အျခားအခ်က္အလက္ အေနနဲ႔ 3GB  RAM နဲ႔အတူ  32GB သိုေလွာင္မႈ ျဖစ္ၿပီး Sd card ကေနထပ္မံတိုးျမင့္ႏုိင္ပါလိမ့္မယ္။ Q7 ရဲ႕ကင္မရာပိုင္းအေနနဲ႔ အေနာက္ဘက္မွာ 13MP f2.2 ကင္မရာနဲ႔ျဖစ္ၿပီး  PDAF ပါဝင္ပါတယ္။ အေရွ႕ဘက္မွာေတာ့ 8MP f1.9 ကင္မရာ တပ္ဆင္ေပးထားပါတယ္။

ဘက္ထရီစြမ္းအားပိုင္းမွာေတာ့3000mAh နဲ႔ျဖစ္ၿပီး Quick Charge ေထာက္ပံ့မႈနဲ႔ Android Oreo ကိုတပါတည္း သုံးႏုိင္မွာပါ။ LG Q6ကိုအဆင့္ျမင့္တင္ထားတဲ့ LG Q7 အသစ္မွာ audio ပိုင္းကိုအဓိက ဦးစားေပးလာခဲ့ၿပီး DTS:X 3D အသံပတ္လည္ေျပးစနစ္မွာ Hi-Fi audio နဲ႔သီခ်င္းေတြကို နားဆင္ႏိုင္မွာျဖစ္ပါတယ္။ နားက်ပ္နဲ႔သာသီခ်င္းေတြ နားဆင္မယ္ဆိုရင္ 7.1 channel နဲအသံစြမ္းအင္ထုတ္ေပးပါလိမ့္မယ္။ အေရာင္ ၂မ်ိဳးနဲ႔ ထြက္ရွိလာၿပီး Aurora Black နဲ႔  Moroccan Blue တို႔ျဖစ္ပါတယ္။

unicode

LG အနေနဲ့ဘတ်ဂျတ် စမတ်ဖုန်းလို့ သတ်မှတ်နိုင်တဲ့ Q7 စမတ်ဖုန်းကို အိန္ဒိယဈေးကွက်အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ စမတ်ဖုန်းရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၂၈ ဝန်းကျင်သာရှိပြီး စက်တင်ဘာ ၁ရက်နေ့မှာစတင်ရောင်းချမှာ ဖြစ်ပါတယ်။  LG Q7 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့  Q6 ရဲ့မျိုးဆက်သစ် ဖုန်းဖြစ်ပြီး 5.5 လက်မနဲ့အတူ 18:9 FullVision Display သုံးလာတာ ဖြစ်ပါတယ်။

သူ့မှာ ပရိုဆက်ဆာပိုင်းအတွက် 1.5Ghz octa-core အမျိုးအစား MediaTek MT6750S chipset ကိုသုံးထားပါတယ်။ အခြားအချက်အလက် အနေနဲ့ 3GB  RAM နဲ့အတူ  32GB သိုလှောင်မှု ဖြစ်ပြီး Sd card ကနေထပ်မံတိုးမြင့်နိုင်ပါလိမ့်မယ်။ Q7 ရဲ့ကင်မရာပိုင်းအနေနဲ့ အနောက်ဘက်မှာ 13MP f2.2 ကင်မရာနဲ့ဖြစ်ပြီး  PDAF ပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 8MP f1.9 ကင်မရာ တပ်ဆင်ပေးထားပါတယ်။

ဘက်ထရီစွမ်းအားပိုင်းမှာတော့3000mAh နဲ့ဖြစ်ပြီး Quick Charge ထောက်ပံ့မှုနဲ့ Android Oreo ကိုတပါတည်း သုံးနိုင်မှာပါ။ LG Q6ကိုအဆင့်မြင့်တင်ထားတဲ့ LG Q7 အသစ်မှာ audio ပိုင်းကိုအဓိက ဦးစားပေးလာခဲ့ပြီး DTS:X 3D အသံပတ်လည်ပြေးစနစ်မှာ Hi-Fi audio နဲ့သီချင်းတွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။ နားကျပ်နဲ့သာသီချင်းတွေ နားဆင်မယ်ဆိုရင် 7.1 channel နဲအသံစွမ်းအင်ထုတ်ပေးပါလိမ့်မယ်။ အရောင် ၂မျိုးနဲ့ ထွက်ရှိလာပြီး Aurora Black နဲ့  Moroccan Blue တို့ဖြစ်ပါတယ်။

Leave a Reply