Posted on Leave a comment

Dual ကင်မရာ၊ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ HTC U12 Life ကိုမိတ်ဆက်







unicode

HTC  အနေနဲ့ ဒီဇိုင်းသွင်ပြင်ထူးခြားတဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ HTC U12 Life စမတ်ဖုန်းကို ဘာလင်မှာ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ စက်တင်ဘာလ အကုန်မှာတော့ ကမ္ဘာ့ဈေးကွက်အတွက် ထွက်လာမှာ ဖြစ်ပါတယ်။ သူ့မှာ Android One စမတ်ဖုန်း မဟုတ်ပေမယ့်လည်း Android 8.1 Oreo ကိုသုံးထားပါတယ်။

ဖုန်းရဲ့နောက်ကျောဘက်ကို ကွဲပြားတဲ့ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။ ချောမွေ့တဲ့အခရိုင်းလစ်ဖန်သားနဲ့ အလျားလိုက်လှိုင်းလေးတွေနဲ့ ပေါင်းစပ်ပေးထားပါတယ်။

Pixel ဖုန်းနဲ့ဆင်တူတယ်လို့ ထင်ရပေမယ့် သူ့မှာလည်း ကိုယ်ပိုင်ဒီဇိုင်း ရှိနေပါတယ်။ အရောင် ၂မျိုးနဲ့ဖြစ်ပြီး Moonlight Blue နဲ့ Twilight Purple တို့ပဲဖြစ်ပါတယ်။ မျက်နှာပြင် 6 လက်မှ18:9 screen နဲ့ဖြစ်ပြီး U12+ နဲ့ဆင်တူပါတယ်။

ဒီစမတ်ဖုန်းအတွက် အကောင်းဆုံး ပါဝင်လာတဲ့ လုပ်ဆောင်ချက် ၂ခုကတော့ ဓာတ်ပုံပိုင်းနဲ့ ဘက်ထရီပဲ ဖြစ်ပါတယ်။ သူ့မှာ 3,600mAh ဘက်ထရီသုံးထားပြီး ပုံမှန် 10W charger ကိုထည့်ပေးထားပါတယ်။

ဓာတ်ပုံပိုင်းဆိုင်ရာ အတွက် HTC U12 Life ရဲ့ နောက်ကျောဘက်မှာ 16+5MP dual နဲ့ဖြစ်ပြီး အဓိကဆင်ဆာမှာ f/2.0 aperture နဲ့အတူ Phase Detection AF ကိုထည့်သွင်းပေးထားပါတယ်။ bokeh mode နဲ့ပုံတွေကို ရိုက်ကူးနိုင်မှာပါ။

အရှေ့ဘက်မှာတော့  13MP(f/2.0, fixed focus) ကိုသုံးထားပြီး၊ အရှေ့ကင်မရာအတွက်  LED flash ကိုပါ ထည့်ပေးထားပါတယ်။ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 636 chipset ကိုသုံးထားပြီး  4GB RAM နဲ့ဖြစ်ပါတယ်။ ဖုန်းတွင်းသိုလှောင်နိုင်စွမ်းအတွက် 64GB နဲ့ပါ။ ဈေးနှုန်းကတော့ ပေါင် ၃၀၀ ဝန်းကျင်ရှိပါတယ်။

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.