2-in-1 Gaming Laptop ကို ျပသလိုက္တဲ့ Acer

0
913

Germany ႏိုင္ငံ ဘာလင္မွာ က်င္းပေနတဲ့ IFA နည္းပညာ ျပပြဲမွာ ကမာၻအ၀န္းမွ ကုမၸဏီမ်ားက နည္းပညာ ထုတ္ကုန္မ်ားကို ျပသေနၾကပါတယ္။ ေအဆာကလည္း ကမာၻ႕ အပါးလႊာဆံုး လက္ပ္ေတာ့ျဖစ္တဲ့ Switch 7 ကို ျပသလိုက္ပါတယ္။ ဒါ့အျပင္ Predator Triton 900 အမည္ရ ဂိမ္း လက္ပ္ေတာ့ အသစ္ကိုပါ ေၾကညာလိုက္ပါတယ္။ သူဟာ လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္ပါတယ္။

4K UHD Touchscreen ကို သင္ ႏွစ္သက္တဲ့ အေနအထားအတိုင္း မ်က္ႏွာျပင္ကို လွည့္ပတ္ သံုးနုိင္ပါတယ္။ လက္ပ္ေတာ့မွာ Nvidia G-Sync နည္းပညာ ပါပါတယ္။ Number Pad ကိုပါ သံုးႏုိင္မယ့္ Trackpad တစ္ခု ပါလာပါတယ္။ 4th Generation Acer Aeroblade 3D Fans မ်ား ထည့္သြင္းထားပါတယ္။ ပန္ကာ နည္းပညာ အသစ္က ယခင္ နည္းပညာထက္ လက္ပ္ေတာ့အတြင္းပိုင္းကို ေလ ၁၀ ရာခိုင္ႏႈန္း ပိုမို ၀င္ေစၿပီး အသံဆူညံမႈကို ေလ်ာ့နည္းေစပါတယ္။

ဂိမ္း လက္ပ္ေတာ့မ်ားရဲ႕ ထံုးစံအတိုင္း သူ႔ရဲ႕ ဒီဇိုင္းက ထူထဲႀကီးမားပါတယ္။ သူ႔မွာ RGB Lighting ပါတဲ့ စြမ္းရည္ျပည့္ Mechanical Keyboard တစ္ခု ပါပါတယ္။ Processor , GPU မ်ား အပါအ၀င္ သူ႔ရဲ႕ အျခား Specifications မ်ား၊ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးပါဘူး။ Acer Predator Series မ်ားဟာ စြမ္းရည္ျမင့္မားၿပီး ေစ်းႏႈန္းကလည္း ႀကီးျမင့္ေလ့ ရွိပါတယ္။

unicode

2-in-1 Gaming Laptop ကို ပြသလိုက်တဲ့ Acer

Germany နိုင်ငံ ဘာလင်မှာ ကျင်းပနေတဲ့ IFA နည်းပညာ ပြပွဲမှာ ကမ္ဘာအဝန်းမှ ကုမ္ပဏီများက နည်းပညာ ထုတ်ကုန်များကို ပြသနေကြပါတယ်။ အေဆာကလည်း ကမ္ဘာ့ အပါးလွှာဆုံး လက်ပ်တော့ဖြစ်တဲ့ Switch 7 ကို ပြသလိုက်ပါတယ်။ ဒါ့အပြင် Predator Triton 900 အမည်ရ ဂိမ်း လက်ပ်တော့ အသစ်ကိုပါ ကြေညာလိုက်ပါတယ်။ သူဟာ လက်ပ်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။

4K UHD Touchscreen ကို သင် နှစ်သက်တဲ့ အနေအထားအတိုင်း မျက်နှာပြင်ကို လှည့်ပတ် သုံးနိုင်ပါတယ်။ လက်ပ်တော့မှာ Nvidia G-Sync နည်းပညာ ပါပါတယ်။ Number Pad ကိုပါ သုံးနိုင်မယ့် Trackpad တစ်ခု ပါလာပါတယ်။ 4th Generation Acer Aeroblade 3D Fans များ ထည့်သွင်းထားပါတယ်။ ပန်ကာ နည်းပညာ အသစ်က ယခင် နည်းပညာထက် လက်ပ်တော့အတွင်းပိုင်းကို လေ ၁၀ ရာခိုင်နှုန်း ပိုမို ဝင်စေပြီး အသံဆူညံမှုကို လျော့နည်းစေပါတယ်။

ဂိမ်း လက်ပ်တော့များရဲ့ ထုံးစံအတိုင်း သူ့ရဲ့ ဒီဇိုင်းက ထူထဲကြီးမားပါတယ်။ သူ့မှာ RGB Lighting ပါတဲ့ စွမ်းရည်ပြည့် Mechanical Keyboard တစ်ခု ပါပါတယ်။ Processor , GPU များ အပါအဝင် သူ့ရဲ့ အခြား Specifications များ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ Acer Predator Series များဟာ စွမ်းရည်မြင့်မားပြီး ဈေးနှုန်းကလည်း ကြီးမြင့်လေ့ ရှိပါတယ်။

Leave a Reply