
0
1166









unicode

၅ မိနစ်အတွင်းမှာ ပစ္စည်းပြတ်သွားတဲ့ Xiaomi Pocophone F1

ရှောင်မီက အိန္ဒိယမှာ Pocophone F1 (Poco F1) ကို ပထမ အသုတ် အနေနဲ့ ရောင်းချပေးလိုက်ပါတယ်။ Flipkart ကနေသာ ရောင်းချပေးလိုက်တာ ဖြစ်ပြီး ရောင်းအား စံချိန်တင်သွားပါတယ်။ ၅ မိနစ်အတွင်းမှာ စားသုံးသူ ၂ ဘီလီယမ်ကျော် အလုအယက် ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ရှောင်မီက တွစ်တာမှာ ကြေညာခဲ့ပါတယ်။ ရောင်းချပေးခဲ့တဲ့ အလုံးရေကို ရှောင်မီက မပြောပေမယ့် ၅ မိနစ်အတွင်းမှာ အလုံးရေ ၂ ဘီလီယမ်ကျော် ရောင်းချနိုင်မယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

သူ့ရဲ့ Specs များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူ့ကိုတော့ Snapdragon 845 processor ကိုအသုံးပြုထားပါတယ်။ ဘက်ထရီက 4,000mAh ပါဝင်ပြီး Quick Charge 3.0 technology ကိုလဲ ထည့်သွင်ပေးထားပါသေးတယ်။

Xiaomi-backed Poco F1 goes officially official with top-notch specs, crazy low price

သူကတော့ trend ဖြစ်နေတဲ့ဟာတွေအတိုင်း မထုတ်လုပ်ဘဲ သူ့ဒီဇိုင်းနဲ့ သူထွက်ရှိမှာဖြစ်ပါတယ်။ ပိုလီကာဗွန်နိတ်ကို အသုံးပြုထားတဲ့အတွက်ကြောင့် ကိုင်ရတာလဲ ချောမနေဘဲ သက်တောင့်သက်သာနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။

သူက အဲ့ဒါကြောင့် မှန်တွေနဲ့ လုပ်ထားတဲ့ ဖုန်းတွေထက် ဈေးချိုတာပဲ ဖြစ်ပါတယ်။ သူက နောက်ထပ် special “Armoured Edition” ဆိုပြီးလဲထွက်ရှိဦးမှာဖြစ်ပါတယ်။ သူကတော့ ဈေးနည်းနည်းမြောက်နိုင်ပါတယ်။ 6.18-inch “edge-to-edge” FHD+ display ဖြစ်ပြီး ဖုန်းရဲ့ ထိပ်မှာ notch လဲထည့်ပေးထားပါတယ်။ chin ကတော့ အနည်းငယ်ပါရှိဦးမှာဖြစ်ပါတယ်။

Xiaomi-backed Poco F1 goes officially official with top-notch specs, crazy low price

ကင်မရာပိုင်းက နောက်မှာ 12 + 5MP ကင်မရာ ၂ လုံးတပ်ဆင်ပေးထားပြီး selfie ကင်မရာကတော့ 20MP ပဲဖြစ်ပါတယ်။ RAM က 8GB ဖြစ်ပြီး internal storage ကတော့ 256GB ပဲဖြစ်ပါတယ်။ face unlock စနစ်လဲ ပါဝင်ပြီး top-shelf Dirac HD Sound technology လဲ ထည့်သွင်းပေးထားပါတယ်။

သူ့ကိုတော့ 6/64GB ကို $300 ဝန်းကျင်ရှိပြီး 8GB RAM/256GB ကတော့ $415 လောက်ဖြစ်ပါတယ်။ super-premium Armoured Edition ကိုတော့ $430 လောက်ခန့်မှန်ထားပါတယ်။

Leave a Reply