Posted on Leave a comment





unicode

ရေအနက် မီတာ ၅၀ အောက် အထိ ဝတ်ဆင်နိုင်တဲ့ Casio Pro Trek Smartwatch

Casio က ၂၀၁၆ ခုနှစ်မှာ WSD-F10 ဖြင့် Pro Trek Series များကို စတင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Android Wear OS ထည့်သွင်းထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ WSD-F20 ကို ဆက်လက် ဖန်တီး ရောင်းချခဲ့ပါတယ်။ အခုတော့ Pro Trek Smart WSD-F30 ကို ဘာလင်မှာ ကျင်းပနေတဲ့ IFA ပွဲမှာ ပြသလိုက်ပါတယ်။

သူ့ရဲ့ အကြမ်းခံစွမ်းရည်က စစ်တပ် အဆင့် ရှိပြီး MIL-STD-810G စံနှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ရေအနက် မီတာ ၅၀ အောက် အထိ ဝတ်ဆင်နိုင်ပါတယ်။ သူ့မှာ ၁.၂ လက်မ အရွယ် မျက်နှာပြင် နှစ်ခုကို ထပ်ပြီး ထည့်သွင်းထားပါတယ်။ အဖြူ၊ အမည်းသာ ပြသတဲ့ မျက်နှာပြင်နဲ့ အရောင်များ ပြသတဲ့ မျက်နှာပြင်တို့ ဖြစ်ပါတယ်။ ဘက်ထရီ သက်သာစေချင်ရင် အဖြူ၊ အမည်း မျက်နှာပြင်ကို ပြောင်း သုံးနိုင်ပါတယ်။

သာမာန် သုံးရင် ဘက်ထရီ သက်တမ်းက ၁ ရက်ခွဲ ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကို ဒီထက် ကြာရှည်စေချင်ရင် အရောင် မျက်နှာပြင်ကို ပိတ်ထားနိုင်တဲ့ Mode ကို အသုံးပြုနိုင်ပါတယ်။ အဲဒီ Mode ကို သုံးရင် ၃ ရက်လောက် အသုံးခံပါတယ်။ စမတ် နာရီ အသစ်ဟာ ယခင်မော်ဒယ်ထက် ဝ.၄ မီလီမီတာ ပိုမို ပါးလွှာသွားပါတယ်။ ဒါ့အပြင် လက်ပတ်ကြိုးဟာ ပိုမို ကွေးညွှတ်ပျော့ပြောင်းလာပါတယ်။ အနက်၊ အပြာနဲ့ လိမ္မော်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းမှာ ၅၄၉ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.