ကမာၻ႕ အပါးလႊာဆံုး Acer Swift 7 Laptop

0
439

Acer က ယခုႏွစ္ ဇန္န၀ါရီလမွာ က်င္းပတဲ့ Consumer Electronics Show မွာ Swift 7 ကို ေၾကညာခဲ့ပါတယ္။ သူဟာ ကမာၻ႕ အပါးလႊာဆံုး ၁၄ လက္မ လက္ပ္ေတာ့ ျဖစ္လာပါတယ္။ အခုေတာ့ သူ႔ထက္ ပါးလႊာတဲ့ Swift 7 Model အသစ္ကို ေအဆာက IFA ပြဲမွာ ျပသလိုက္ပါတယ္။ သူ႔ရဲ႕ အထူဟာ ၁၀ မီလီမီတာ (၀.၃၉ လက္မ)ေအာက္သာ ရွိၿပီး Edge-to-edge Display ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ Screen-to-body Ratio မွာ ၉၂ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ ၂.၂ ေပါင္ေအာက္သာ အေလးခ်ိန္ရွိပါတယ္။ 8th Generation Intel Core i7 Processor ပါပါတယ္။ သူဟာ ကမာၻ႕ အပါးလႊာဆံုး လက္ပ္ေတာ့ ျဖစ္လာပါတယ္။

သူရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမွာ ၁၄ လက္မ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားကို ယခင္ေမာ္ဒယ္ထက္ ေလွ်ာ့ခ်ထားၿပီး ၄.၂၇ မီလီမီတာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္ဟာ မူလေမာ္ဒယ္ထက္ ၁၅ ရာခုိင္ႏႈန္း ပါးလႊာလာပါတယ္။ ေအဆာက လက္ပ္ေတာ့ကို ေပါ့ပါးေစဖို႔ မဂၢနီဆီယမ္ အစိတ္အပိုင္းမ်ားကို အသံုးျပဳထားပါတယ္။

မ်က္ႏွာျပင္ရဲ႕ အထက္မွ ေဘာင္ဟာ အလြန္ပါးလႊာတဲ့အတြက္ Webcam ကို ဘယ္ေနရာမွာ တပ္ဆင္ထားသလဲဆိုတာကို မသိရေသးပါဘူး။ Huawei MateBook X Pro မွာလုိ ကီးဘုတ္မွာ ထည့္သြင္းထားႏုိင္ပါတယ္။ ဒါမွမဟုတ္ မ်က္ႏွာျပင္ရဲ႕ ေအာက္မွ ေဘာင္မွာ ထည့္သြင္းထားႏုိင္ပါတယ္။ ေရာင္းခ်မယ့္ အခ်ိန္၊ ေစ်းႏႈန္းနဲ႔ အျခား Specifications မ်ားကိ ေအဆာက မေျပာေသးပါဘူး။

Swift 7 အျပင္ ေအဆာက Swift 5 Model အသစ္ကိုလညး္ ျပသခဲ့ပါတယ္။ သူဟာ ၁၅.၆ လက္မ အရြယ္ျဖစ္ၿပီး လာမယ့္ႏွစ္ ဇန္န၀ါရီလမွာ ၁၀၉၉ ေဒၚလာျဖင့္ ေရာင္းခ်မွာပါ။ သူ႔ရဲ႕ အျခား အစိတ္အပိုင္းမ်ားစြာဟာ Swift 7 နဲ႔ တူညီပါတယ္။ ၂.၂ ေပါင္သာ ရွိၿပီး ေအဆာက ၁၅ လက္မထဲမွာ ကမာၻ႕ အပါးလႊာဆံုး လက္ပ္ေတာ့လို႔ ေျပာပါတယ္။

သူ႔မွာ Intel i5 / i7 8th Gen Whiskey Lake Processor မ်ား ပါပါတယ္။ 16GB RAM , 1TB SSD မ်ားအထိ ေရြးခ်ယ္ႏုိင္ပါတယ္။ Windows Hello ကို ေထာက္ပံ့တဲ့ လက္ေဗြရာ ကိရိယာ ပါပါတယ္။

Ref : theverge

unicode

ကမ္ဘာ့ အပါးလွှာဆုံး Acer Swift 7 Laptop

Acer က ယခုနှစ် ဇန်နဝါရီလမှာ ကျင်းပတဲ့ Consumer Electronics Show မှာ Swift 7 ကို ကြေညာခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ အပါးလွှာဆုံး ၁၄ လက်မ လက်ပ်တော့ ဖြစ်လာပါတယ်။ အခုတော့ သူ့ထက် ပါးလွှာတဲ့ Swift 7 Model အသစ်ကို အေဆာက IFA ပွဲမှာ ပြသလိုက်ပါတယ်။ သူ့ရဲ့ အထူဟာ ၁၀ မီလီမီတာ (ဝ.၃၉ လက်မ)အောက်သာ ရှိပြီး Edge-to-edge Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ Screen-to-body Ratio မှာ ၉၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂.၂ ပေါင်အောက်သာ အလေးချိန်ရှိပါတယ်။ 8th Generation Intel Core i7 Processor ပါပါတယ်။ သူဟာ ကမ္ဘာ့ အပါးလွှာဆုံး လက်ပ်တော့ ဖြစ်လာပါတယ်။

သူရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၁၄ လက်မ ဖြစ်ပါတယ်။ မျက်နှာပြင် ဘေးဘောင်များကို ယခင်မော်ဒယ်ထက် လျှော့ချထားပြီး ၄.၂၇ မီလီမီတာ ဖြစ်ပါတယ်။ မျက်နှာပြင် ဘေးဘောင်ဟာ မူလမော်ဒယ်ထက် ၁၅ ရာခိုင်နှုန်း ပါးလွှာလာပါတယ်။ အေဆာက လက်ပ်တော့ကို ပေါ့ပါးစေဖို့ မဂ္ဂနီဆီယမ် အစိတ်အပိုင်းများကို အသုံးပြုထားပါတယ်။

မျက်နှာပြင်ရဲ့ အထက်မှ ဘောင်ဟာ အလွန်ပါးလွှာတဲ့အတွက် Webcam ကို ဘယ်နေရာမှာ တပ်ဆင်ထားသလဲဆိုတာကို မသိရသေးပါဘူး။ Huawei MateBook X Pro မှာလို ကီးဘုတ်မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဒါမှမဟုတ် မျက်နှာပြင်ရဲ့ အောက်မှ ဘောင်မှာ ထည့်သွင်းထားနိုင်ပါတယ်။ ရောင်းချမယ့် အချိန်၊ ဈေးနှုန်းနဲ့ အခြား Specifications များကိ အေဆာက မပြောသေးပါဘူး။

Swift 7 အပြင် အေဆာက Swift 5 Model အသစ်ကိုလည်း ပြသခဲ့ပါတယ်။ သူဟာ ၁၅.၆ လက်မ အရွယ်ဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီလမှာ ၁၀၉၉ ဒေါ်လာဖြင့် ရောင်းချမှာပါ။ သူ့ရဲ့ အခြား အစိတ်အပိုင်းများစွာဟာ Swift 7 နဲ့ တူညီပါတယ်။ ၂.၂ ပေါင်သာ ရှိပြီး အေဆာက ၁၅ လက်မထဲမှာ ကမ္ဘာ့ အပါးလွှာဆုံး လက်ပ်တော့လို့ ပြောပါတယ်။

သူ့မှာ Intel i5 / i7 8th Gen Whiskey Lake Processor များ ပါပါတယ်။ 16GB RAM , 1TB SSD များအထိ ရွေးချယ်နိုင်ပါတယ်။ Windows Hello ကို ထောက်ပံ့တဲ့ လက်ဗွေရာ ကိရိယာ ပါပါတယ်။

Ref : theverge

Leave a Reply