ကမာၻ႕ ပထမဆံုး 8K OLED TV ကို ျပသလိုက္တဲ့ LG

0
1016

Geremany ႏိုင္ငံ ဘာလင္ၿမိဳ႕မွာ IFA နည္းပညာ ျပပြဲကို က်င္းပေနပါတယ္။ ကမာၻအ၀န္းမွ ကုမၸဏီမ်ားစြာကလည္း ေနာက္ဆံုးေပၚ နည္းပညာမ်ားကို ျပသေနၾကပါတယ္။ LG ကလည္း ကမာၻ႕ ပထမဆံုး 8K OLED TV ကို ျပသလိုက္ပါတယ္။ ၈၈ လက္မအရြယ္ တီဗီ ျဖစ္ၿပီး မ်က္ႏွာျပင္ အရည္အေသြးမွာ 7680×4320 Resolution ျဖစ္ပါတယ္။ ေရာင္းခ်မယ့္ ေစ်းႏႈန္း၊ အခ်ိန္နဲ႔ အျခား Specs မ်ားကိုေတာ့ ကုမၸဏီက မေျပာေသးပါဘူး။

ဒါေပမယ့္ သူ႔ရဲ႕ ေစ်းက ေသးမွာ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ေလးႏွစ္အၾကာက LG ဟာ ၇၇ လက္မ 4K OLED TV ကို စတာလင္ေပါင္ ၂၀ ၀၀၀ ( ေဒၚလာ ၂၅ ၀၀၀ ၀န္းက်င္) ျဖင့္ ေရာင္းခ်ခဲ့ပါတယ္။ ျမန္မာေငြအားျဖင့္ သိန္း ၄၀၀ နီးပါး ရွိပါတယ္။ အဲဒီအတြက္ ယခု 8K OLED TV ဟာ ျမန္မာေငြ သိန္းေထာင္ဂဏန္း ရွိႏုိင္ပါတယ္။

LG က သူ႔ရဲ႕ ၂၀၁၈ ခုႏွစ္ထုတ္ ThinQ TVs မ်ားမွာ Google Assistant ထည့္သြင္းေပးမယ္လို႔ မၾကာခင္က ေၾကညာခဲ့ပါတယ္။ လက္ရွိမွာ Canada, Australia, the UK တို႔မွာ စတင္ ထည့္သြင္းေပးေနပါၿပီ။ ယခုႏွစ္ကုန္မွာ South Korea, Spain, France, Germany စတဲ့ ႏိုင္ငံမ်ားမွာ ရရွိမွာျဖစ္ပါတယ္။

TV Remote က မိုက္ကရိုဖုန္းကေန အသံအမိန္႔မ်ားျဖင့္ Google Assistant ကို ခိုင္းေစႏုိင္ပါတယ္။ ရုပ္ရွင္နဲ႔ တီဗီစီးရီးမ်ားကို ရွာေဖြျခင္း၊ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ေလ့လာျခင္းမ်ား အပါအ၀င္ အလုပ္မ်ားစြာကို ခိုင္းေစႏုိင္ပါတယ္။ Google Assistant နဲ Alexa တို႔ကို စမတ္ေနအိမ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ဖို႔ အသံုးျပဳႏိုင္ပါတယ္။

unicode

ကမ္ဘာ့ ပထမဆုံး 8K OLED TV ကို ပြသလိုက်တဲ့ LG

Geremany နိုင်ငံ ဘာလင်မြို့မှာ IFA နည်းပညာ ပြပွဲကို ကျင်းပနေပါတယ်။ ကမ္ဘာအဝန်းမှ ကုမ္ပဏီများစွာကလည်း နောက်ဆုံးပေါ် နည်းပညာများကို ပြသနေကြပါတယ်။ LG ကလည်း ကမ္ဘာ့ ပထမဆုံး 8K OLED TV ကို ပြသလိုက်ပါတယ်။ ၈၈ လက်မအရွယ် တီဗီ ဖြစ်ပြီး မျက်နှာပြင် အရည်အသွေးမှာ 7680×4320 Resolution ဖြစ်ပါတယ်။ ရောင်းချမယ့် ဈေးနှုန်း၊ အချိန်နဲ့ အခြား Specs များကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။

ဒါပေမယ့် သူ့ရဲ့ ဈေးက သေးမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်အကြာက LG ဟာ ၇၇ လက်မ 4K OLED TV ကို စတာလင်ပေါင် ၂၀ ၀၀၀ ( ဒေါ်လာ ၂၅ ၀၀၀ ဝန်းကျင်) ဖြင့် ရောင်းချခဲ့ပါတယ်။ မြန်မာငွေအားဖြင့် သိန်း ၄၀၀ နီးပါး ရှိပါတယ်။ အဲဒီအတွက် ယခု 8K OLED TV ဟာ မြန်မာငွေ သိန်းထောင်ဂဏန်း ရှိနိုင်ပါတယ်။

LG က သူ့ရဲ့ ၂၀၁၈ ခုနှစ်ထုတ် ThinQ TVs များမှာ Google Assistant ထည့်သွင်းပေးမယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ လက်ရှိမှာ Canada, Australia, the UK တို့မှာ စတင် ထည့်သွင်းပေးနေပါပြီ။ ယခုနှစ်ကုန်မှာ South Korea, Spain, France, Germany စတဲ့ နိုင်ငံများမှာ ရရှိမှာဖြစ်ပါတယ်။

TV Remote က မိုက်ကရိုဖုန်းကနေ အသံအမိန့်များဖြင့် Google Assistant ကို ခိုင်းစေနိုင်ပါတယ်။ ရုပ်ရှင်နဲ့ တီဗီစီးရီးများကို ရှာဖွေခြင်း၊ သူတို့ရဲ့ သတင်းအချက်အလက်များကို လေ့လာခြင်းများ အပါအဝင် အလုပ်များစွာကို ခိုင်းစေနိုင်ပါတယ်။ Google Assistant နဲ Alexa တို့ကို စမတ်နေအိမ် ကိရိယာများကို ထိန်းချုပ်ဖို့ အသုံးပြုနိုင်ပါတယ်။

Leave a Reply