စက္တင္ဘာ ၆ရက္ေန႔မွာ မိတ္ဆက္ဖုိ႔ေသခ်ာသြားၿပီျဖစ္တဲ့ vivo X23

0
807

ယခုတစ္ပတ္အတြင္းမွာ vivo X23 နဲ႔ပတ္သတ္တဲ့ ေကာလာဟလေတြ မ်ားစြာထြက္ေနပါတယ္။ အဲ့ဒီအခ်က္အလက္ေတြမွာ ဖုန္းအသစ္နဲ႔ ပတ္သတ္လို႔ အစစ္အမွန္လို႔ ထင္ရတဲ့ ပုံရိပ္ေတြ၊ တရားဝင္ေၾကာ္ျငာေတြ ပါဝင္ခဲ့ပါတယ္။

ဒီေန႔မွာေတာ့ အသစ္ထြက္မယ့္ စမတ္ဖုန္းကို မိတ္ဆက္မယ့္ ရက္ကိုကုမၸဏီရဲ႕ တရားဝင္ Weibo ကေနေၾကညာလိုက္ပါၿပီ။ စမတ္ဖုန္းသစ္ကုိ စက္တင္ဘာ ၆ရက္ေန႔မွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ အဲ့ဒီရက္မွာပဲ vivo V11 Pro ဖုန္းကို အိႏိၵယမွာ တၿပိဳင္တည္း မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

အသစ္ထြက္လာမယ့္ vivo X23 စမတ္ဖုန္းမွာ စတုတၳမ်ိဳးဆက္ under-display fingerprint ကိုထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီစမတ္ဖုန္း သစ္ကို Snapdragon 710 သုံးလာမွာျဖစ္ၿပီး၊ တရုတ္ကလာတဲ့  benchmark စမ္းသပ္ခ်က္မွာေတာ့ Snapdragon 670 သုံးထားတာကုိေတြရပါတယ္။ Snapdragon 670  သုံထားမႈမွာေတာ့ Geekbench ရဲ႕ Benchmark စာရင္းမွာ vivo X23 V1809A model အေနနဲ႔ စမ္းသပ္ထားတဲ့ ရလာဒ္ေတြ ထြက္ထားပါတယ္။

သူ႕မွာ 2.0GHz အျမန္ႏႈန္းနဲ႔ Kryo 360 cores ကိုသုံးထားပါတယ္။ ကင္မရာပိုင္းမွာေတာ့ အေရွ႕ဘက္ Notch ေလးမွာ ကင္မရာတစ္ခု ျမဳပ္ႏွံေပးထားမွာ ျဖစ္ၿပီး ေနာက္ေက်ာဘက္မွာေတာ့ Dual ကင္မရာ တပ္ဆင္ထားမွာပါ။ ဘက္ထရီအားသြင္းဖို႔ အတြက္ 22.5W fast charging ေထာက္ပံ့ေပးပါလိမ့္မယ္။

unicode

ယခုတစ်ပတ်အတွင်းမှာ vivo X23 နဲ့ပတ်သတ်တဲ့ ကောလာဟလတွေ များစွာထွက်နေပါတယ်။ အဲ့ဒီအချက်အလက်တွေမှာ ဖုန်းအသစ်နဲ့ ပတ်သတ်လို့ အစစ်အမှန်လို့ ထင်ရတဲ့ ပုံရိပ်တွေ၊ တရားဝင်ကြော်ငြာတွေ ပါဝင်ခဲ့ပါတယ်။

ဒီနေ့မှာတော့ အသစ်ထွက်မယ့် စမတ်ဖုန်းကို မိတ်ဆက်မယ့် ရက်ကိုကုမ္ပဏီရဲ့ တရားဝင် Weibo ကနေကြေညာလိုက်ပါပြီ။ စမတ်ဖုန်းသစ်ကို စက်တင်ဘာ ၆ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရက်မှာပဲ vivo V11 Pro ဖုန်းကို အိန္ဒိယမှာ တပြိုင်တည်း မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

အသစ်ထွက်လာမယ့် vivo X23 စမတ်ဖုန်းမှာ စတုတ္ထမျိုးဆက် under-display fingerprint ကိုထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီစမတ်ဖုန်း သစ်ကို Snapdragon 710 သုံးလာမှာဖြစ်ပြီး၊ တရုတ်ကလာတဲ့  benchmark စမ်းသပ်ချက်မှာတော့ Snapdragon 670 သုံးထားတာကိုတွေရပါတယ်။ Snapdragon 670  သုံထားမှုမှာတော့ Geekbench ရဲ့ Benchmark စာရင်းမှာ vivo X23 V1809A model အနေနဲ့ စမ်းသပ်ထားတဲ့ ရလာဒ်တွေ ထွက်ထားပါတယ်။

သူ့မှာ 2.0GHz အမြန်နှုန်းနဲ့ Kryo 360 cores ကိုသုံးထားပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် Notch လေးမှာ ကင်မရာတစ်ခု မြုပ်နှံပေးထားမှာ ဖြစ်ပြီး နောက်ကျောဘက်မှာတော့ Dual ကင်မရာ တပ်ဆင်ထားမှာပါ။ ဘက်ထရီအားသွင်းဖို့ အတွက် 22.5W fast charging ထောက်ပံ့ပေးပါလိမ့်မယ်။

Leave a Reply