Vivo X23 ကို Official Website မွာ ျပသလိုက္ၿပီ

0
373

Vivo က X23 ကို တရား၀င္ ေၾကညာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုေတာ့ သူ႔ကို Vivo ရဲ႕ တရား၀င္ ၀က္ဘ္ဆိုက္မွာ ျပသထားပါတယ္။ ခရမ္း၊ အျပာနဲ႔ အနီေရာင္မ်ားကို ဓါတ္ပံုမ်ားမွာ ျမင္ရပါတယ္။ ေစ်းႏႈန္းနဲ႔ သူ႔ရဲ႕ Specifications မ်ားကိုေတာ့ ျပသထားျခင္း မရွိပါဘူး။

Vivo က သူ႔မွာ စတုတၳမ်ိဳးဆက္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာပါလာၿပီး Vivo NEX S ထက္ ပိုမို လွ်င္ျမန္လာၿပီး တိက်လာမွာပါလို႔ ေျပာပါတယ္။ အေနာက္ဘက္မွာ 12MP+5MP ထည့္သြင္းထားမွာျဖစ္ၿပီး AI Dual Camera မ်ား ျဖစ္ပါတယ္။ သူ႔မွာ Qualcomm Snapdragon 670 Chipset ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။

Full HD+ Display ထည့္သြင္းထားၿပီး 19.5:9 မ်က္ႏွာျပင္ အခ်ိဳး ျဖစ္ပါတယ္။ FullView Display ျဖစ္ႏုိင္ပါတယ္။ 6GB RAM / 64GB Storage Version ေတာ့ ပါမွာ မဟုတ္ပါဘူး။ 8GB RAM , 128GB Storage ပါမယ္ဆိုတာ ေသခ်ာသေလာက္ရွိပါတယ္။ ေသးငယ္တဲ့ Notch လည္း ပါလာမွာပါ။ စက္တင္ဘာလ ၆ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ပါတယ္။ စပီကာကို စကရင္ရဲ႕ အထက္မွ ေသးငယ္တဲ့ ေဘာင္မွာ ထည့္သြင္းထားမွာပါ။

unicode

Vivo X23 ကို Official Website မှာ ပြသလိုက်ပြီ

Vivo က X23 ကို တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ သူ့ကို Vivo ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ပြသထားပါတယ်။ ခရမ်း၊ အပြာနဲ့ အနီရောင်များကို ဓါတ်ပုံများမှာ မြင်ရပါတယ်။ ဈေးနှုန်းနဲ့ သူ့ရဲ့ Specifications များကိုတော့ ပြသထားခြင်း မရှိပါဘူး။

Vivo က သူ့မှာ စတုတ္ထမျိုးဆက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါလာပြီး Vivo NEX S ထက် ပိုမို လျှင်မြန်လာပြီး တိကျလာမှာပါလို့ ပြောပါတယ်။ အနောက်ဘက်မှာ 12MP+5MP ထည့်သွင်းထားမှာဖြစ်ပြီး AI Dual Camera များ ဖြစ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 670 Chipset ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Full HD+ Display ထည့်သွင်းထားပြီး 19.5:9 မျက်နှာပြင် အချိုး ဖြစ်ပါတယ်။ FullView Display ဖြစ်နိုင်ပါတယ်။ 6GB RAM / 64GB Storage Version တော့ ပါမှာ မဟုတ်ပါဘူး။ 8GB RAM , 128GB Storage ပါမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ သေးငယ်တဲ့ Notch လည်း ပါလာမှာပါ။ စက်တင်ဘာလ ၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ စပီကာကို စကရင်ရဲ့ အထက်မှ သေးငယ်တဲ့ ဘောင်မှာ ထည့်သွင်းထားမှာပါ။

Leave a Reply