ႀကီးမားတဲ့ မ်က္ႏွာျပင္၊ 4,230mAh ဘက္ထရီနဲ႔ ထြက္လာတဲ့ Oppo Realme 2

0
936

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ Oppo ဟာ  Realme ဖုန္းေတြရဲ႕ ဒုတိယမ်ိဳးဆက္ Realme 2 ဖုန္းကိုမိတ္ဆက္ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ Oppo ရဲ႕ sub-brand လို႔သတ္မွတ္ႏိုင္တဲ့  Realme ဖုန္းသစ္မွာ 6.2-inch display နဲ႔အတူ Notch ေလးပါဝင္လာပါတယ္။ ဘက္ထရီစြမ္းအားပိုင္းမွာလည္း ပိုႀကီးလာၿပီး  4,230mAh ျဖစ္လာပါတယ္။ ဘက္ထရီစြမ္းအား ထိန္းခ်ဳပ္ႏိုင္ဖုိ႔အတြက္ AI Power Manager  ထည့္သြင္းေပးထားပါတယ္။

Oppo ကေတာ့ ဆက္တိုက္ေျပာဆိုမႈေတြကို ၄၄နာရီနဲ႔ ဂိမ္းေတြေဆာ့ကစားမယ္ဆုိရင္ ၁၀နာရီနီးပါး သက္တမ္းတာရွည္ခံမယ္လို႔ ဆိုပါတယ္။

ကင္မရာပိုင္းမွာေတာ့ Realme 2 ရဲ႕ေနာက္ေက်ာဘက္မွာ Dual တပ္ဆင္ေပးထားၿပီး  13MP f/2.2 + 2MP f/2.4 နဲ႔ျဖစ္ပါတယ္။ Portrait mode ကိုအသုံးျပဳၿပီးလည္း ရိုက္ကူးႏုိင္ပါလိမ့္မယ္။ အေရွ႕ဘက္မွာေတာ့

8MP f/2.2 ကိုထည့္ေပးထားၿပီး Face unlock ကိုေထာက္ပံ့ေပးပါလိမ့္မယ္။ အနည္းငယ္ စိတ္အေႏွာင့္အယွက္ ျဖစ္စရာက Realme 1 တုန္းကလိုပဲ Realme 2 မွာလည္း လက္ေဗြဖတ္ စနစ္ကို ေနာက္ေက်ာဘက္မွာတပ္ဆင္ထားပါတယ္။

Realme 2 အတြက္ ပရိုဆက္ဆာပိုင္းမွာေတာ့ Snapdragon 450 ကိုသုံးထားၿပီး 3GB (သုိ႔) 4GB RAM နဲ႔ေရြးခ်ယ္ႏုိင္မွာပါ။ အခ်က္အလက္သိုေလွာင္မႈမွာလည္း 32GB (သုိ႕) 64GB နဲ႔ျဖစ္ပါတယ္။ OS ပိုင္းမွာလည္း

Android 8.1 အေျချပဳ ColorOS version 5.1 ကိုသုံးႏိုင္မွာပါ။ ဖုန္းရဲ႕ဒီဇုိင္းပိုင္းကေတာ့ ေနာက္ေက်ာဘက္မွာ စိန္သြားပုံစံေရာင္ေျပးေလး ေတြနဲ႔ျဖစ္ပါတယ္။ ေစ်းႏႈန္းပိုင္းမွာေတာ့ 3GB+32GB Realme 2 ကို ယူရို ၁၁၀ နဲ႔ 4GB+64GB model ကိုေတာ့ ယူရို ၁၃၀ သတ္မွတ္ထားပါတယ္။ စက္တင္ဘာ ၁၂ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး Diamond Blue အေရာင္ကေတာ့ ေအာက္တိုဘာလအစပိုင္းေလာက္မွသာ ရႏိုင္မွာပါ။

unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Oppo ဟာ  Realme ဖုန်းတွေရဲ့ ဒုတိယမျိုးဆက် Realme 2 ဖုန်းကိုမိတ်ဆက် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Oppo ရဲ့ sub-brand လို့သတ်မှတ်နိုင်တဲ့  Realme ဖုန်းသစ်မှာ 6.2-inch display နဲ့အတူ Notch လေးပါဝင်လာပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာလည်း ပိုကြီးလာပြီး  4,230mAh ဖြစ်လာပါတယ်။ ဘက်ထရီစွမ်းအား ထိန်းချုပ်နိုင်ဖို့အတွက် AI Power Manager  ထည့်သွင်းပေးထားပါတယ်။

Oppo ကတော့ ဆက်တိုက်ပြောဆိုမှုတွေကို ၄၄နာရီနဲ့ ဂိမ်းတွေဆော့ကစားမယ်ဆိုရင် ၁၀နာရီနီးပါး သက်တမ်းတာရှည်ခံမယ်လို့ ဆိုပါတယ်။

ကင်မရာပိုင်းမှာတော့ Realme 2 ရဲ့နောက်ကျောဘက်မှာ Dual တပ်ဆင်ပေးထားပြီး  13MP f/2.2 + 2MP f/2.4 နဲ့ဖြစ်ပါတယ်။ Portrait mode ကိုအသုံးပြုပြီးလည်း ရိုက်ကူးနိုင်ပါလိမ့်မယ်။ အရှေ့ဘက်မှာတော့

8MP f/2.2 ကိုထည့်ပေးထားပြီး Face unlock ကိုထောက်ပံ့ပေးပါလိမ့်မယ်။ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာက Realme 1 တုန်းကလိုပဲ Realme 2 မှာလည်း လက်ဗွေဖတ် စနစ်ကို နောက်ကျောဘက်မှာတပ်ဆင်ထားပါတယ်။

Realme 2 အတွက် ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 450 ကိုသုံးထားပြီး 3GB (သို့) 4GB RAM နဲ့ရွေးချယ်နိုင်မှာပါ။ အချက်အလက်သိုလှောင်မှုမှာလည်း 32GB (သို့) 64GB နဲ့ဖြစ်ပါတယ်။ OS ပိုင်းမှာလည်း

Android 8.1 အခြေပြု ColorOS version 5.1 ကိုသုံးနိုင်မှာပါ။ ဖုန်းရဲ့ဒီဇိုင်းပိုင်းကတော့ နောက်ကျောဘက်မှာ စိန်သွားပုံစံရောင်ပြေးလေး တွေနဲ့ဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ 3GB+32GB Realme 2 ကို ယူရို ၁၁၀ နဲ့ 4GB+64GB model ကိုတော့ ယူရို ၁၃၀ သတ်မှတ်ထားပါတယ်။ စက်တင်ဘာ ၁၂ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး Diamond Blue အရောင်ကတော့ အောက်တိုဘာလအစပိုင်းလောက်မှသာ ရနိုင်မှာပါ။

Leave a Reply