Oppo က စက္တင္ဘာလမွာ Realme 2 Pro ကို ေၾကညာမည္

0
315

Realme 2 ကို Oppo က မၾကာခင္က ေၾကညာခဲ့ပါတယ္။ သူဟာ တန္ဖိုးနည္း စမတ္ဖုန္း ျဖစ္ၿပီး ၁၃၀ ေဒၚလာ ေလာက္သာ ရွိပါတယ္။ နယူးေဒလီမွာ သူ႔ကို မိတ္ဆက္တဲ့ အခါမွာ Realme India ရဲ႕ စီအီးအို ျဖစ္သူ Madhav Sheth က စက္တင္ဘာလမွာ Realme 2 Pro ကို ေၾကညာမယ္လို႔ အရိပ္အျမြက္ ေျပာၾကားခဲ့ပါတယ္။

Sheth က “ Realme ကေန လာမယ့္လမွာ ပစၥည္း အသစ္တစ္ခုကို ျပသမွာ ျဖစ္ပါတယ္။ Realme 2 ထက္ ပိုေကာင္းၿပီး တန္ဖိုး နည္းနည္း ျမင့္တဲ့ စမတ္ဖုန္းကို ကိုင္ခ်င္သူမ်ားအတြက္ ျဖစ္ပါတယ္။ “ လို႔ ေျပာခဲ့ပါတယ္။

Realme 2 ဟာ Oppo A5 နဲ႔ ဆင္တူပါတယ္။ Realme 2 Pro ရဲ႕ ဒီဇိုင္းက ဘယ္လို ထြက္လာမလဲ ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ဒီဇိုင္းက Realme 2 နဲ႔ တူညီႏုိင္ေပမယ့္ 6GB RAM , 128GB Internal Storage မ်ားျဖင့္ အဆင့္ျမွင့္ထားႏုိင္ပါတယ္။ အိႏၵိယရူပီး ၁၂၉၉၀ သတ္မွတ္ထားၿပီး အေရာင္စံု ထုတ္လုပ္ေပးထားႏုိင္ပါတယ္။

Realme 2 မွာ ၆.၂ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ Notch လည္း ပါလာပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးမွာ 720x1520p ျဖစ္ပါတယ္။ ပထမမ်ိဳးဆက္ထက္ ၂၄ ရာခုိင္ႏႈန္း ပိုမိုႀကီးမားတဲ့ 4230mAh Battery ထည့္သြင္းထားပါတယ္။ Dual Camera မ်ားကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ေရာင္းခ်မွာပါ။

unicode

Oppo က စက်တင်ဘာလမှာ Realme 2 Pro ကို ကြေညာမည်

Realme 2 ကို Oppo က မကြာခင်က ကြေညာခဲ့ပါတယ်။ သူဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး ၁၃၀ ဒေါ်လာ လောက်သာ ရှိပါတယ်။ နယူးဒေလီမှာ သူ့ကို မိတ်ဆက်တဲ့ အခါမှာ Realme India ရဲ့ စီအီးအို ဖြစ်သူ Madhav Sheth က စက်တင်ဘာလမှာ Realme 2 Pro ကို ကြေညာမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Sheth က “ Realme ကနေ လာမယ့်လမှာ ပစ္စည်း အသစ်တစ်ခုကို ပြသမှာ ဖြစ်ပါတယ်။ Realme 2 ထက် ပိုကောင်းပြီး တန်ဖိုး နည်းနည်း မြင့်တဲ့ စမတ်ဖုန်းကို ကိုင်ချင်သူများအတွက် ဖြစ်ပါတယ်။ “ လို့ ပြောခဲ့ပါတယ်။

Realme 2 ဟာ Oppo A5 နဲ့ ဆင်တူပါတယ်။ Realme 2 Pro ရဲ့ ဒီဇိုင်းက ဘယ်လို ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဇိုင်းက Realme 2 နဲ့ တူညီနိုင်ပေမယ့် 6GB RAM , 128GB Internal Storage များဖြင့် အဆင့်မြှင့်ထားနိုင်ပါတယ်။ အိန္ဒိယရူပီး ၁၂၉၉၀ သတ်မှတ်ထားပြီး အရောင်စုံ ထုတ်လုပ်ပေးထားနိုင်ပါတယ်။

Realme 2 မှာ ၆.၂ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Notch လည်း ပါလာပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ 720x1520p ဖြစ်ပါတယ်။ ပထမမျိုးဆက်ထက် ၂၄ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ 4230mAh Battery ထည့်သွင်းထားပါတယ်။ Dual Camera များကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရောင်းချမှာပါ။

Leave a Reply