Smartphone Trending

‘FLAME RED’ အရောင်နဲ့ NUBIA RED MAGIC ကိုစတင်ရောင်းချပြီ




unicode

Nubia အနေနဲ့ Red Magic gaming စမတ်ဖုန်းကို ပြီးခဲ့တဲ့ ဧပြီလက မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ နောက်ထပ် အရောင်သစ်လို့ သတ်မှတ်နိုင်တဲ့ ‘FLAME RED’ မီလျှံအနီ အရောင်ကို စတင်ရောင်းချပေးလိုက်ပါပြီ။  Nubia Red Magic က မျက်နှာပြင် ၆ လက်မရှိပြီး LCD 2160×1080 px ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။

မျက်နှာပြင်ပိုင်းအတွက် NEG Dinore T2X-1 မှန်သုံးထားပါတယ်။ သူ့မှာပရိုဆက်ဆာပိုင်းအတွက် Snapdragon 835 နှင့် ပါဝါထောက်ပံ့ထားပြိး RAM6GB  နဲ့ဖြစ်ပါတယ်။ Red Magic မှာ ကျောဘက်ကင်မရာ 24MPနဲ့အတူ f/1.7 Lens သုံးထားပါတယ်။ ရှေ့ကင်မရာက 8MP နဲ့ wide-angle lens f/2.0 ဖြစ်ပါတယ်။

ဘက်ထရီ 3800 mAh ပါဝင်ပြီး အလျှင်အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဂိမ်းဖုန်းလို့ဆိုပေမယ့် စပီကာတစ်လုံးတည်းပဲ တပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် DTS အသံစနစ်ထောက်ပံ့ပေးထားပါတယ်။ ဒီဖုန်းကို Android 8.1 Oreo အခြေခံ Red Magic Launcher သုံးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.