G7 One (Android One) စမတ်ဖုန်း နဲ့အတူ LG G7 Fit ကိုမိတ်ဆက်လိုက်တဲ့ LG

0
817








unicode

LG အနေနဲ့ ဒီနေ့မှာတော့ Android One စမတ်ဖုန်းလို့ ဆိုနိုင်မယ့် LG G7 One နဲ့အတူ LG G7 Fit ဖုန်းသစ်ကိုမိတ်ဆက်လိုက်ပါတယ်။ G7 One မှာ G7 ဖုန်းလိုမျိုး Disply မှာ Notch နဲ့ဖြစ်ပါတယ်။ 6.1 လက်မရှိတဲ့ IPS screen မှာ  QHD resolution နဲ့ဖြစ်ပြီး 19.5: 5 အချိုးနဲ့ ဖြစ်ပါတယ်။

ပရိုဆက်ဆာပိုင်းအတွက်တော့ အနည်းငယ်နောက်ကျ နေပြီလို့ဆိုနိုင်မယ့် Qualcomm ရဲ့ Snapdragon 835 ကိုသုံးထားပါတယ်။ Adreno 540 GPU နဲ့အတူLLPDDR4X အမျိုးအစား 4GB  RAM သုံးထားပါတယ်။ အချက်အလက် သိုလှောင်မှုအပိုင်းမှာတော့ 32GB (သို့) 64GB  ရွေးချယ်နိုင်ပြီး  2TB အထိ microSD cards ကနေတိုးမြင့်နိုင် ပါလိမ့်မယ်။

အရောင်ပိုင်းမှာတော့ အနက်ရောင်နဲ့ အပြာရောင် ၂မျိုးနဲ့ ထွက်ထားပါတယ်။ နောက်ကျောဘက်မှာတော့ အလင်းဝင်ပေါက် F: 1.6 နဲ့ 16MP ကင်မရာ၁လုံးသာ တပ်ဆင်ထားပါတယ်။ selfies ပိုင်းအတွက် 8MP ကင်မရာမှာ 80 degrees ထောက်ပံ့ထားပါတယ်။ Android One စမတ်ဖုန်းဖြစ်ပြီး  fingerprint reader ကိုတော့ ဖုန်းရဲ့နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။

G7 Fit ဖုန်းမှာမျက်နှာပြင်ပိုင်းအတွက်  6.1 လက်မရှိတဲ့ IPS screen မှာ  QHD resolution နဲ့ဖြစ်ပြီး 19.5: 5 အချိုးနဲ့ ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းအတွက်တော့ Qualcomm ရဲ့ Snapdragon 821 ကိုသုံးထားပါတယ်။ Adreno 530 GPU နဲ့အတူ LLPDDR4X အမျိုးအစား 4GB  RAM သုံးထားပါတယ်။

အချက်အလက် သိုလှောင်မှုအပိုင်းမှာတော့ 32GB နဲ့ဖြစ်ပြီး၊ ဈေးကွက်အချို့ကိုတော့  64GB သိုလှောင်မှုနဲ့ LG G7 Fit+ ကိုရောင်းချပါလိမ့်မယ်။  သိုလှောင်မှု ထပ်မံတိုးလိုသူတွေကတော့ 2TB အထိ microSD cards ကနေတိုးမြင့်နိုင် ပါလိမ့်မယ်။

နောက်ကျောဘက်မှာတော့ အလင်းဝင်ပေါက် F: 2.2  နဲ့ 16MP ကင်မရာ၁လုံးသာ တပ်ဆင်ထားပါတယ်။ selfies ပိုင်းအတွက် 8MP ကင်မရာမှာ 80 degrees ထောက်ပံ့ထားပါတယ်။  Aurora Black အရောင်သစ်နဲ့ Platinum Gray အရောင်ဆန်းလေးတွေ ထုတ်ပေးထားပါတယ်။

Android Oreo 8.1 ကိုသုံးနိုင်မယ့် စမတ်ဖုန်းဖြစ်ပြီး  fingerprint reader ကိုတော့ ဖုန်းရဲ့နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ စမတ်ဖုန်း ၂မျိုးလုံးမှာ 3000mAh ဘက်ထရီစွမ်းအားနဲ့ဖြစ်ပြီး Quick Charge 3.0 ထောက်ပံ့ထားပါတယ်။ ဈေးနှုန်းကတော့ မသိရှိရသေးပါဘူး။

Leave a Reply