Posted on Leave a comment

Sony Xperia XZ3 ဖုန်းကို အရောင် ၄မျိုးနဲ့ ရရှိနိုင်မည်


Image result for Sony Xperia XZ3 4 color



unicode

Sony အနေနဲ့ Xperia XZ3 စမတ်ဖုန်းသစ်တွေကို မကြာခင် မှာမိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာ ဖုန်းသစ်တွေရဲ့ ငွေရောင်၊အနက်ရောင်နဲ့ အခြားအရောင် ၂မျိုးရဲ့ ဓာတ်ပုံတွေ ထွက်ရှိလာခဲ့ပါတယ်။ လက်ရှိထွက်ထားတဲ့ ပုံအရ ဖုန်းအသစ်တွေမှာ အရောင်ဆန်းဖြစ်တဲ့ Purple နဲ့ Green အရောင်တွေကို တွေ့လာပါတယ်။  XZ2 တုန်းကတော့ Deep Green အရောင်ထုတ်ပေးထားခဲ့ပါတယ်။

ဒီနေ့ထွက်လာတဲ့ ပုံတွေမှာတော့ Sony ရဲ့ဖုန်းသစ်ဟာ curved display နဲ့ဖြစ်ပြီး notch လုံးဝမပါဝင်ပါဘူး။ မျက်နှာပြင် 5.7 လက်မ 18:9 အချိုနဲ့ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ်ရဲ့ နောက်ကျောဘက်မှာ ကင်မရာ ၁လုံးသာ တပ်ဆင်ထားမှာ ဖြစ်ပြီး 48MP Quad Bayer sensor အသစ်သုံးလာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Sony ကတော့သူရဲ့နည်းပညာကို Ultra-compact Pixel Size လို့ဆိုပါတယ်။ Sony ရဲ့ထုတ်ပြန်ချက်အရ  48 megapixel ပမာဏထိရနိုင်တယ်လို့ ဆိုထားပါတယ်။ Xperia XZ3 ရဲ့ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေကတော့ 5.7-inch screen Full HD + နဲ့ Snapdragon 845 ( octa-core at 2.8GHz)  ကိုသုံးလာနိုင်ပါတယ်။ စမတ်ဖုန်းသစ်နဲ့ပတ်သတ်လို့ သေချာတဲ့ အခြားအချက်တွေကတော့ ယခုရက်ပိုင်းအတွင်း သိနိုင်မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.