Smartphone Trending

Android 9.0 Pie ကို စမ္းသပ္ေနတဲ့ ဖုန္းမ်ားကို ေၾကညာလိုက္တဲ့ Huawei

Android 9.0 Pie ကို Google က ျဖန္႔ခ်ီၿပီးေနာက္မွာ စမတ္ဖုန္း ကုမၸဏီမ်ားက သူတို႔ရဲ႕ ဖုန္းမ်ားမွာ ထည့္သြင္းေပးဖို႔ ဖန္တီးေနၾကပါတယ္။ ဟြာေ၀းက Android 9.0 Pie ကို စမ္းသပ္ေနတဲ့ Huawei / Honor Smartphones မ်ားကို ယခုလ အေစာပိုင္းမွာ ေၾကညာခဲ့ပါတယ္။ အခုေတာ့ အဲဒီ စာရင္းမွာ ထပ္တိုးလာတဲ့ စမတ္ဖုန္း ငါးလံုးကို သိရပါၿပီ။ စုစုေပါင္း စမ္းသပ္ေနတဲ့ ဖုန္းမ်ားဟာ ကိုးလံုး ျဖစ္လာပါၿပီ။ အသစ္ထပ္တိုးလာတဲ့ ဖုန္းမ်ားကေတာ့ Mate 10, Mate 10 Porsche Design, Mate RS Porsche Design, P20 Pro နဲ႔ Honor Play တို႔ ျဖစ္ပါတယ္။

ဟြာေ၀းက စမ္းသပ္မယ့္ စီမံကိန္းအတြက္ Beta User ေပါင္း ၂၀၀၀ ကို ရွာေဖြေနပါတယ္။ အဲဒီအထဲက ၂၀၀ ဟာ စက္တင္ဘာလ အေစာပိုင္းမွာ OS Update ကို ရရွိမွာ ျဖစ္ပါတယ္။ က်န္တဲ့ လူမ်ားဟာ စက္တင္ဘာလေနာက္ပိုင္းမွာ ရရွိၾကမွာ ျဖစ္ပါတယ္။ OS Update ကို ဖုန္းမွာ ထည့္သြင္းဖို႔အတြက္ 6GB Internal Storage လိုအပ္ပါတယ္။

လက္ရွိမွာ ေဆာ့ဖ္၀ဲဟာ တည္ၿငိမ္မႈ အားနည္းေနၿပီး ဘက္ထရီ စားတဲ့ ျပႆနာမ်ား ျဖစ္ေနတယ္လို႔ ဟြာေ၀းက ေျပာပါတယ္။ ဒါ့အျပင္ Third-Party Apps မ်ားမွာ ျပႆနာ အခ်ိဳ႕ ရွိႏုိင္တယ္လို႔ ေျပာပါတယ္။ ဖုန္းကို Root လုပ္လို႔ မရေသးဘူးလို႔လည္း သိရပါတယ္။ Android Pie ဟာ ဂူဂယ္လ္ရဲ႕ ၉ ခုေျမာက္ OS ျဖစ္ပါတယ္။ သူ႔မွာ လုပ္ေဆာင္ခ်က္ အသစ္မ်ားစြာ ပါလာၿပီး သင့္ဖုန္း စမတ္ ပိုက်လာဖုိ႔ Machine Learning ကို သံုးထားပါတယ္။

unicode

Android 9.0 Pie ကို စမ်းသပ်နေတဲ့ ဖုန်းများကို ကြေညာလိုက်တဲ့ Huawei

Android 9.0 Pie ကို Google က ဖြန့်ချီပြီးနောက်မှာ စမတ်ဖုန်း ကုမ္ပဏီများက သူတို့ရဲ့ ဖုန်းများမှာ ထည့်သွင်းပေးဖို့ ဖန်တီးနေကြပါတယ်။ ဟွာဝေးက Android 9.0 Pie ကို စမ်းသပ်နေတဲ့ Huawei / Honor Smartphones များကို ယခုလ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ စာရင်းမှာ ထပ်တိုးလာတဲ့ စမတ်ဖုန်း ငါးလုံးကို သိရပါပြီ။ စုစုပေါင်း စမ်းသပ်နေတဲ့ ဖုန်းများဟာ ကိုးလုံး ဖြစ်လာပါပြီ။ အသစ်ထပ်တိုးလာတဲ့ ဖုန်းများကတော့ Mate 10, Mate 10 Porsche Design, Mate RS Porsche Design, P20 Pro နဲ့ Honor Play တို့ ဖြစ်ပါတယ်။

ဟွာဝေးက စမ်းသပ်မယ့် စီမံကိန်းအတွက် Beta User ပေါင်း ၂၀၀၀ ကို ရှာဖွေနေပါတယ်။ အဲဒီအထဲက ၂၀၀ ဟာ စက်တင်ဘာလ အစောပိုင်းမှာ OS Update ကို ရရှိမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လူများဟာ စက်တင်ဘာလနောက်ပိုင်းမှာ ရရှိကြမှာ ဖြစ်ပါတယ်။ OS Update ကို ဖုန်းမှာ ထည့်သွင်းဖို့အတွက် 6GB Internal Storage လိုအပ်ပါတယ်။

လက်ရှိမှာ ဆော့ဖ်ဝဲဟာ တည်ငြိမ်မှု အားနည်းနေပြီး ဘက်ထရီ စားတဲ့ ပြဿနာများ ဖြစ်နေတယ်လို့ ဟွာဝေးက ပြောပါတယ်။ ဒါ့အပြင် Third-Party Apps များမှာ ပြဿနာ အချို့ ရှိနိုင်တယ်လို့ ပြောပါတယ်။ ဖုန်းကို Root လုပ်လို့ မရသေးဘူးလို့လည်း သိရပါတယ်။ Android Pie ဟာ ဂူဂယ်လ်ရဲ့ ၉ ခုမြောက် OS ဖြစ်ပါတယ်။ သူ့မှာ လုပ်ဆောင်ချက် အသစ်များစွာ ပါလာပြီး သင့်ဖုန်း စမတ် ပိုကျလာဖို့ Machine Learning ကို သုံးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.