iPhone အသစ္ သံုးလံုးရဲ႕ ေနာက္ဆံုးရ သတင္းမ်ား ထြက္ေပၚလာ

0
1442

Apple က လာမယ့္လမွာ အိုင္ဖုန္း အသစ္မ်ားကို မိတ္ဆက္ေတာ့မွာပါ။ မၾကာခင္မွာ အုိင္ဖုန္း မိတ္ဆက္ပြဲအတြက္ ဖိတ္စာမ်ားအား ေ၀ငွေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚေနတာ လမ်ားစြာ ၾကာေနပါၿပီ။ သတင္းမ်ား အားလံုးမွာ တူညီခ်က္က စုစုေပါင္း အိုင္ဖုန္း အသစ္သံုးလံုးကို ေၾကညာမွာ ျဖစ္ပါတယ္။

အခုေတာ့ iPhone အသစ္ သံုးလံုးရဲ႕ ေနာက္ဆံုးရ သတင္းမ်ား Bloomberg က ထြက္ေပၚလာပါတယ္။ iPhone X ရဲ႕ မ်ိဳးဆက္မွာ ၅.၈ လက္မ OLED Screen ၊ စြမ္းရည္ျမင့္ အုိင္ဖုန္း အသစ္မွာ ၆.၅ လက္မ OLED Screen နဲ႔ ေစ်းသက္သာတဲ့ ေမာ္ဒယ္မွာ ၆.၁ လက္မ LCD Screen ထည့္သြင္းထားမွာပါ။ အရြယ္ႀကီး ၆.၅ လက္မ ေမာ္ဒယ္မွာ Mail နဲ႔ Calendar တို႔လို App မ်ားကို ေဘးခ်င္းယွဥ္ သံုးႏုိင္ေအာင္ ဖန္တီးထားမွာပါ။

တန္ဖိုးနည္း ေမာ္ဒယ္အတြက္ အေရာင္မ်ိဳးစံု ထုတ္လုပ္ေပးမွာပါ။ အညိဳ၊ အျဖဴ၊ အျပာ၊ အနီနဲ႔ အ၀ါေရာင္မ်ား ျဖစ္ပါတယ္။ ဖုန္းအားလံုးမွာ iPhone X မွာ မိတ္ဆက္ခဲ့တဲ့ Gesture Controls အသစ္မ်ားနဲ႔ Face ID ပါလာမွာပါ။ အရြယ္ႀကီး ၆.၅ လက္မ ေမာ္ဒယ္မွာ Mail နဲ႔ Calendar တို႔လို App မ်ားကို ေဘးခ်င္းယွဥ္ သံုးႏုိင္ေအာင္ ဖန္တီးထားမွာပါ။

Apple ဟာ အိုင္ဖုန္း အသစ္သံုးလံုးကို အမည္ေပးဖို႔ ဦးေႏွာက္ေျခာက္ေနၿပီး ကုမၸဏီမွာ ေဆြးေႏြးမႈမ်ားစြာျပဳလုပ္ေနရတယ္လို႔ သိရပါတယ္။ ၅.၈ လက္မ ေမာ္ဒယ္ကို iPhone Xs နဲ႔ အရြယ္ႀကီး ေမာ္ဒယ္ကို iPhone Xs Plus လို႔ အမည္ေပးထားမယ္လို႔ အတြင္း သတင္းမ်ားအရ သိရပါတယ္။ iPhone အသစ္မ်ားနဲ႔ အတူ မကုန္ခင္မွာ AirPods , Apple Watch , AirPower Mat , iPad Pro အသစ္မ်ားကိုလည္း ျမင္ရႏုိင္ပါတယ္။ သူတို႔ကို အိုင္ဖုန္းမ်ားနဲ႔ အတူ မေၾကညာခဲ့ရင္ေတာ့ ယခုႏွစ္ မကုန္ခင္မွာ ေၾကညာႏိုင္ပါတယ္။

unicode

iPhone အသစ် သုံးလုံးရဲ့ နောက်ဆုံးရ သတင်းများ ထွက်ပေါ်လာ

Apple က လာမယ့်လမှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်တော့မှာပါ။ မကြာခင်မှာ အိုင်ဖုန်း မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား ဝေငှတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေတာ လများစွာ ကြာနေပါပြီ။ သတင်းများ အားလုံးမှာ တူညီချက်က စုစုပေါင်း အိုင်ဖုန်း အသစ်သုံးလုံးကို ကြေညာမှာ ဖြစ်ပါတယ်။

အခုတော့ iPhone အသစ် သုံးလုံးရဲ့ နောက်ဆုံးရ သတင်းများ Bloomberg က ထွက်ပေါ်လာပါတယ်။ iPhone X ရဲ့ မျိုးဆက်မှာ ၅.၈ လက်မ OLED Screen ၊ စွမ်းရည်မြင့် အိုင်ဖုန်း အသစ်မှာ ၆.၅ လက်မ OLED Screen နဲ့ ဈေးသက်သာတဲ့ မော်ဒယ်မှာ ၆.၁ လက်မ LCD Screen ထည့်သွင်းထားမှာပါ။ အရွယ်ကြီး ၆.၅ လက်မ မော်ဒယ်မှာ Mail နဲ့ Calendar တို့လို App များကို ဘေးချင်းယှဉ် သုံးနိုင်အောင် ဖန်တီးထားမှာပါ။

တန်ဖိုးနည်း မော်ဒယ်အတွက် အရောင်မျိုးစုံ ထုတ်လုပ်ပေးမှာပါ။ အညို၊ အဖြူ၊ အပြာ၊ အနီနဲ့ အဝါရောင်များ ဖြစ်ပါတယ်။ ဖုန်းအားလုံးမှာ iPhone X မှာ မိတ်ဆက်ခဲ့တဲ့ Gesture Controls အသစ်များနဲ့ Face ID ပါလာမှာပါ။ အရွယ်ကြီး ၆.၅ လက်မ မော်ဒယ်မှာ Mail နဲ့ Calendar တို့လို App များကို ဘေးချင်းယှဉ် သုံးနိုင်အောင် ဖန်တီးထားမှာပါ။

Apple ဟာ အိုင်ဖုန်း အသစ်သုံးလုံးကို အမည်ပေးဖို့ ဦးနှောက်ခြောက်နေပြီး ကုမ္ပဏီမှာ ဆွေးနွေးမှုများစွာပြုလုပ်နေရတယ်လို့ သိရပါတယ်။ ၅.၈ လက်မ မော်ဒယ်ကို iPhone Xs နဲ့ အရွယ်ကြီး မော်ဒယ်ကို iPhone Xs Plus လို့ အမည်ပေးထားမယ်လို့ အတွင်း သတင်းများအရ သိရပါတယ်။ iPhone အသစ်များနဲ့ အတူ မကုန်ခင်မှာ AirPods , Apple Watch , AirPower Mat , iPad Pro အသစ်များကိုလည်း မြင်ရနိုင်ပါတယ်။ သူတို့ကို အိုင်ဖုန်းများနဲ့ အတူ မကြေညာခဲ့ရင်တော့ ယခုနှစ် မကုန်ခင်မှာ ကြေညာနိုင်ပါတယ်။

Leave a Reply