Huawei Mate 20 Lite ကို ႀကိဳတင္မွာယူႏုိင္ၿပီ

0
683

 

Huawei က Mate 20 Lite ကို တရား၀င္ မေၾကညာရေသးေပမယ့္ ဟြာေ၀းရဲ႕ ဂ်ာမနီနဲ႔ ပိုလန္ ၀က္ဆိုက္မွာ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ပါတယ္။ ဂ်ာမနီ ၀က္ဆိုက္မွာေတာ့ ယူရို ၄၃၅ သတ္မွတ္ထားၿပီး ပို႔ေဆာင္မယ့္ ေန႔နဲ႔ ဓါတ္ပံုကို မျပသထားပါဘူး။ ပိုလန္ ၀က္ဆိုက္မွာ ယူရို ၃၇၀ သတ္မွတ္ထားၿပီး စက္တင္ဘာလ ၉ ရက္ေန႔မွာ ပို႔ေဆာင္ေပးမယ္လို႔ ေဖာ္ျပထားပါတယ္။ ပိုလန္ ၀က္ဆိုက္မွာ အျပာနဲ႔ အနက္ေရာင္မ်ားကို ျပသထားပါတယ္။

 

ဟြာေ၀းက ယခင္ကလည္း Huawei P20 Lite ကို မိတ္ဆက္ျခင္း မျပဳရေသးခင္မွာ ပိုလန္ ၀က္ဆိုက္မွာ ႀကိဳတင္မွာယူခြင့္ျပဳခဲ့ပါေသးတယ္။ ၀က္ဆိုက္မွာ ေဖာ္ျပထားခ်က္အရ Huawei Mate 20 Lite မွာ ကင္မရာ ေလးလံုး ပါပါတယ္။ အေနာက္နဲ႔ အေရွ႕ဘက္မွာ ႏွစ္လံုးစီ တပ္ဆင္ထားပါတယ္။ အေနာက္ဘက္မွာ 20MP f/1.8 + 2MP Camera နဲ႔ အေရွ႕ဘက္မွာ 24MP + 2MP Camera မ်ား ျဖစ္ပါတယ္။

 

Huawei Mate 20 ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမွာ ၆.၃ လက္မ ျဖစ္ပါတယ္။ 1080x2340p Resolution ျဖစ္ၿပီး IPS LCD အမ်ိဳးအစား ျဖစ္ပါတယ္။ ထည့္သြင္းထားတဲ့ Kirin 710 Chipset ကိုေတာ့ ဟြာေ၀း ကိုယ္တိုင္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ 6GB RAM ပါတဲ့အတြက္ Multitasking ျပဳလုပ္ဖို႔ ေကာင္းမြန္မွာျဖစ္ပါတယ္။  3650mAh Battery ထည့္သြင္းထားပါတယ္။

 

unicode

Huawei Mate 20 Lite ကို ကြိုတင်မှာယူနိုင်ပြီ

Huawei က Mate 20 Lite ကို တရားဝင် မကြေညာရသေးပေမယ့် ဟွာဝေးရဲ့ ဂျာမနီနဲ့ ပိုလန် ဝက်ဆိုက်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ ဂျာမနီ ဝက်ဆိုက်မှာတော့ ယူရို ၄၃၅ သတ်မှတ်ထားပြီး ပို့ဆောင်မယ့် နေ့နဲ့ ဓါတ်ပုံကို မပြသထားပါဘူး။ ပိုလန် ဝက်ဆိုက်မှာ ယူရို ၃၇၀ သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့မှာ ပို့ဆောင်ပေးမယ်လို့ ဖော်ပြထားပါတယ်။ ပိုလန် ဝက်ဆိုက်မှာ အပြာနဲ့ အနက်ရောင်များကို ပြသထားပါတယ်။

ဟွာဝေးက ယခင်ကလည်း Huawei P20 Lite ကို မိတ်ဆက်ခြင်း မပြုရသေးခင်မှာ ပိုလန် ဝက်ဆိုက်မှာ ကြိုတင်မှာယူခွင့်ပြုခဲ့ပါသေးတယ်။ ဝက်ဆိုက်မှာ ဖော်ပြထားချက်အရ Huawei Mate 20 Lite မှာ ကင်မရာ လေးလုံး ပါပါတယ်။ အနောက်နဲ့ အရှေ့ဘက်မှာ နှစ်လုံးစီ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 20MP f/1.8 + 2MP Camera နဲ့ အရှေ့ဘက်မှာ 24MP + 2MP Camera များ ဖြစ်ပါတယ်။

Huawei Mate 20 ရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၆.၃ လက်မ ဖြစ်ပါတယ်။ 1080x2340p Resolution ဖြစ်ပြီး IPS LCD အမျိုးအစား ဖြစ်ပါတယ်။ ထည့်သွင်းထားတဲ့ Kirin 710 Chipset ကိုတော့ ဟွာဝေး ကိုယ်တိုင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 6GB RAM ပါတဲ့အတွက် Multitasking ပြုလုပ်ဖို့ ကောင်းမွန်မှာဖြစ်ပါတယ်။ 3650mAh Battery ထည့်သွင်းထားပါတယ်။

Leave a Reply