unicode
ကမ္ဘာအဝန်းမှာ ရောင်းပေးလိုက်တဲ့ Xiaomi Pocophone F1
Xiaomi က တန်ဖိုးနည်း စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချမယ့် Pocophone Brand ကို တည်ထောင်ထားပါတယ်။ အဲဒီ ဘရန်းရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Pocophone F1 ကိုလည်း ကြေညာခဲ့ပြီးပါပြီ။ အခုတော့ သူ့ကို ကမ္ဘာအဝန်းမှာ ရောင်းချပေးလိုက်ပါတယ်။ Official List မှာ မြန်မာလည်း ပါဝင်လာပါတယ်။
ဖုန်းရဲ့ ဈေးနှုန်းများက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။ စပိန်မှာ 64GB ကို ယူရို ၃၃၀ သတ်မှတ်ထားပါတယ်။ 128GB ကတော့ ယူရို ၄၀၀ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ယူရို ၂၆၀ နဲ့ ယူရို ၂၉၀ အသီးသီး သတ်မှတ်ထားပါတယ်။ ပြင်သစ်မှာ 64GB ကို ယူရို ၃၆၀ နဲ့ 128GB ကို ယူရို ၄၀၀ သတ်မှတ်ထားပါတယ်။
သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ သူ့ကို တော့ အရည်အသွေး ကောင်းကောင်းနဲ့ ဈေးသက်သာစွာနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ သူ့ကိုတော့ Snapdragon 845 processor ကိုအသုံးပြုထားပါတယ်။ ဘက်ထရီက 4,000mAh ပါဝင်ပြီး Quick Charge 3.0 technology ကိုလဲ ထည့်သွင်ပေးထားပါသေးတယ်။
သူကတော့ trend ဖြစ်နေတဲ့ဟာတွေအတိုင်း မထုတ်လုပ်ဘဲ သူ့ဒီဇိုင်းနဲ့ သူထွက်ရှိမှာဖြစ်ပါတယ်။ ပိုလီကာဗွန်နိတ်ကို အသုံးပြုထားတဲ့အတွက်ကြောင့် ကိုင်ရတာလဲ ချောမနေဘဲ သက်တောင့်သက်သာနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။
သူက အဲ့ဒါကြောင့် မှန်တွေနဲ့ လုပ်ထားတဲ့ ဖုန်းတွေထက် ဈေးချိုတာပဲ ဖြစ်ပါတယ်။ သူက နောက်ထပ် special “Armoured Edition” ဆိုပြီးလဲထွက်ရှိဦးမှာဖြစ်ပါတယ်။ သူကတော့ ဈေးနည်းနည်းမြောက်နိုင်ပါတယ်။ 6.18-inch “edge-to-edge” FHD+ display ဖြစ်ပြီး ဖုန်းရဲ့ ထိပ်မှာ notch လဲထည့်ပေးထားပါတယ်။ chin ကတော့ အနည်းငယ်ပါရှိဦးမှာဖြစ်ပါတယ်။
ကင်မရာပိုင်းက နောက်မှာ 12 + 5MP ကင်မရာ ၂ လုံးတပ်ဆင်ပေးထားပြီး selfie ကင်မရာကတော့ 20MP ပဲဖြစ်ပါတယ်။ RAM က 8GB ဖြစ်ပြီး internal storage ကတော့ 256GB ပဲဖြစ်ပါတယ်။ face unlock စနစ်လဲ ပါဝင်ပြီး top-shelf Dirac HD Sound technology လဲ ထည့်သွင်းပေးထားပါတယ်။