Snapdragon 630 ၊ 6GB RAM နဲ့ထွက်လာတဲ့ Xperia XA2 Plus

0
752





unicode

Sony  အနေနဲ့စမတ်ဖုန်းသစ်ဖြစ်တဲ့ Xperia XA2 Plus ဖုန်းကို မနေ့က ထိုင်ဝမ်မှာ မိတ်ဆက်ပေးလိုက်ပါတယ်။ စမတ်ဖုန်းရဲ့ ဈေးနှုန်းကတော့ ၅၁၂ ဒေါ်လာဖြစ်ပါတယ်။ သူ့မှာ Xperia XA စီးရီးဖုန်းတွေရဲ့ ဒီဇိုင်းအတိုင်း ultra-narrow bezel နဲ့ဖြစ်ပြီး အစိမ်းနုရောင်၊ရွေနဲ့ အနက်ရောင်တွေ ထုတ်ပေးထားပါတယ်။

XA2 Plus ရဲ့ပါဝင်မှုတွေ အနေနဲ့ 6-inch Full HD (1920 x 1080 pixels) display နဲ့ဖြစ်ပါတယ်။ သူ့မှာ အစောပိုင်း စမတ်ဖုန်းတွေ ပုံစံအတိုင်း 16:9 aspect ratio နဲ့သာ သုံးနိုင်မှာပါ။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ f/2.0 aperture နဲ့ 23MP ကင်မရာတပ်ဆင် ပေးထားပြီး  84-degree wide-angle lens,Hybrid auto-focus လုပ်ဆောင်ချက်တွေ သုံးနိုင်မှာပါ။

အရှေ့ဘက်မှာ 8MP selfie နဲ့ဖြစ်ပြီး f/2.4 aperture  နဲ့ 120-degree super wide-angle lens တွေ တပ်ဆင်ထားပါတယ်။  ပရိုဆက်ဆာပိုင်းမှာတော့ Qualcomm Snapdragon 630  နဲ့ Adreno 508 GPU နဲ့တွဲဖက်ထားပါတယ်။ မျိုးကွဲ၂ခု ထုတ်ပေးထားပြီး 4GB  RAM + 32GB storage နဲ့ 6GB  RAM+ 64GB storage ဖြစ်ပါတယ်။

Android 8.0 Oreo ကိုတပါတည်း ထည့်သွင်းပေးထားပြီး 3580mAh ဘက်ထရီစွမ်းအား မှာ Quick Charge 3.0 အားသွင်း မြန်ဆန်တဲ့ စနစ်ပါဝင်လာမှာပါ။ အခြားပါဝင်မှုတွေအနေနဲ့ fingerprint scanner, NFC support, USB Type-C နဲ့ Bluetooth 5.0 တို့ကို သုံးနိုင်မှာပါ။ တရားဝင်ရောင်းချမှုကိုတော့ စက်တင်ဘာလအတွင်းမှာ ပြုလုပ်ပေးသွားမှာပါ။

Leave a Reply