တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ vivo အေနနဲ႔ X23 စမတ္ဖုန္းသစ္ကို ယခုလ၂၀ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ထင္မွတ္ထားတဲ့ အတိုင္းမျဖစ္ခဲ့ပါဘူး။ အဲ့ဒီအစား Vivo X23 ကုိ လာမယ့္ၾသဂုတ္လ 30 ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာပါ။
Vivo X23 ရဲ႕အခ်က္အလက္ပိုင္းေတြ အေနနဲ႔ ဒီဖုန္းမွာ 6.4 လက္မအရြယ္အစား display ကိုသုံးလာမွာျဖစ္ၿပီး ပုံမွန္ဗားရွင္းမွာေတာ့ in-display fingerprint ဆင္ဆာေထာက္ပံ့ေပးမွာ မဟုတ္ပါဘူး။ တန္ဘိုးျမင့္ စမတ္ဖုန္းမွာေတာ့ မ်က္ႏွာျပင္ေအာက္ လက္ေဗြဖတ္စနစ္ကို သုံးလာမွာပါ။
ဒါ့အျပင္ Vivo X23 မွာ ပါ၀င္လာမယ့္ မ်က္ႏွာျပင္႐ုပ္ထြက္ေအာက္ လက္ေဗြရာစနစ္နည္းပညာက စတုတၳမ်ဳိးဆက္ ျဖစ္ပါတယ္။ ေနာက္ဆံုးထုတ္ မ်ဳိးဆက္ျဖစ္တာနဲ႔အညီ လက္ေဗြရာဖတ္ရာမွာ ပုိမိုတိက် ျမန္ဆန္လာမွာ ျဖစ္ပါတယ္။ ဒီဖုန္းမွာ Snapdragon 670 ပရိုဆက္ဆာ သုံးလာမွာ ျဖစ္ၿပီး Geekbench ရဲ႕ Benchmark စာရင္းမွာ vivo X23 V1809A model အေနနဲ႔ စမ္းသပ္ထားတဲ့ ရလာဒ္ေတြ ထြက္ထားပါတယ္။
သူ႕မွာ 2.0GHz အျမန္ႏႈန္းနဲ႔ Kryo 360 cores ကိုသုံးထားပါတယ္။ ကင္မရာပိုင္းမွာေတာ့ အေရွ႕ဘက္မွာရွိတဲ့ waterdrop Notch ေလးမွာ ကင္မရာတစ္ခု ျမဳပ္ႏွံေပးထားမွာ ျဖစ္ၿပီး ေနာက္ေက်ာဘက္မွာေတာ့ Dual ကင္မရာ တပ္ဆင္ထားမွာပါ။ ဘက္ထရီအားသြင္းဖို႔ အတြက္ 22.5W fast charging ေထာက္ပံ့ေပးပါလိမ့္မယ္။
unicode
တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ vivo အနေနဲ့ X23 စမတ်ဖုန်းသစ်ကို ယခုလ၂၀ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ထင်မှတ်ထားတဲ့ အတိုင်းမဖြစ်ခဲ့ပါဘူး။ အဲ့ဒီအစား Vivo X23 ကို လာမယ့်သြဂုတ်လ 30 ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။
Vivo X23 ရဲ့အချက်အလက်ပိုင်းတွေ အနေနဲ့ ဒီဖုန်းမှာ 6.4 လက်မအရွယ်အစား display ကိုသုံးလာမှာဖြစ်ပြီး ပုံမှန်ဗားရှင်းမှာတော့ in-display fingerprint ဆင်ဆာထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ တန်ဘိုးမြင့် စမတ်ဖုန်းမှာတော့ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်ကို သုံးလာမှာပါ။
ဒါ့အပြင် Vivo X23 မှာ ပါဝင်လာမယ့် မျက်နှာပြင်ရုပ်ထွက်အောက် လက်ဗွေရာစနစ်နည်းပညာက စတုတ္ထမျိုးဆက် ဖြစ်ပါတယ်။ နောက်ဆုံးထုတ် မျိုးဆက်ဖြစ်တာနဲ့အညီ လက်ဗွေရာဖတ်ရာမှာ ပိုမိုတိကျ မြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ Snapdragon 670 ပရိုဆက်ဆာ သုံးလာမှာ ဖြစ်ပြီး Geekbench ရဲ့ Benchmark စာရင်းမှာ vivo X23 V1809A model အနေနဲ့ စမ်းသပ်ထားတဲ့ ရလာဒ်တွေ ထွက်ထားပါတယ်။
သူ့မှာ 2.0GHz အမြန်နှုန်းနဲ့ Kryo 360 cores ကိုသုံးထားပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် Notch လေးမှာ ကင်မရာတစ်ခု မြုပ်နှံပေးထားမှာ ဖြစ်ပြီး နောက်ကျောဘက်မှာတော့ Dual ကင်မရာ တပ်ဆင်ထားမှာပါ။ ဘက်ထရီအားသွင်းဖို့ အတွက် 22.5W fast charging ထောက်ပံ့ပေးပါလိမ့်မယ်။