48MP ကင္မရာတစ္လုံးသာ သုံးထားတဲ့ Xperia XZ3 ပုံအသစ္ေတြထပ္ထြက္လာ

0
910

Sony ရဲ႕ပုံရိပ္ဆင္ဆာအသစ္ IMX586 ကိုမိတ္ဆက္ထားတာ သတိရၾကအုံးမွာပါ။ သူ႕မွာ 48MP Quad Bayer sensor  အမ်ိဳးအစားျဖစ္ၿပီး အရည္အေသြး ေကာင္းမြန္တဲ့ ပုံရိပ္ေတြကို အေကာင္းဆုံးဖမ္းယူႏုိင္ပါလိမ့္မယ္။ အဲ့ဒီဆင္ဆာသစ္ကုိ Sony ရဲ႕အသစ္ထြက္မယ့္ Xperia XZ3 မွာ သုံးလာဖို႔ ေသခ်ာေနပါတယ္။ ဒီေန႔ေတာ့ အဲ့ဒီဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာ 48MP ကင္မရာတပ္ထားတဲ့ ဓာတ္ပုံအသစ္ေတြ ထပ္ထြက္လာပါတယ္။

ထြက္ရွိလာတဲ့ ပုံအသစ္မွာေတာ့ ေနာက္ဘက္မွာ ကင္မရာတလုံးသာ တပ္ထားၿပီး သူ႕ရဲ႕ေအာက္ဘက္မွာ လက္ေဗြဖတ္စနစ္ကို တပ္ထားပါတယ္။ Sony ရဲ႕ဆင္ဆာအသစ္ဟာ ကမၻာ႔ပထမဆုံး 48MP စမတ္ဖုန္းဆင္ဆာ ျဖစ္ၿပီး Sensor အသစ္ ရဲ႕ Pixel size က 0.8 μm ျဖစ္တဲ့အတြက္ ကမာၻမွာအေသးဆံုး pixel size လို႔သတ္မွတ္ႏုိင္ပါတယ္။

Sony ကေတာ့သူရဲ႕နည္းပညာကို Ultra-compact Pixel Size လို႔ဆိုပါတယ္။ Sony ရဲ႕ထုတ္ျပန္ခ်က္အရ  48 megapixel ပမာဏထိရႏုိင္တယ္လို႔ ဆိုထားပါတယ္။ Xperia XZ3 ရဲ႕ျဖစ္ႏိုင္ေျခရွိတဲ့ အခ်က္အလက္ေတြကေတာ့ 5.7-inch screen Full HD + နဲ႔ Snapdragon 845 ( octa-core at 2.8GHz)  ကိုသုံးလာႏိုင္ပါတယ္။

Sony ရဲ႕အသစ္ထြက္မယ့္ စမတ္ဖုန္းသစ္ဟာ dual ကင္မရာစနစ္နဲ႔လား Single ကင္မရာနဲ႔လားဆိုတာ ဒီေန႔ထိမသဲကြဲ ေသးပါဘူး။ အျခားစမတ္ဖုန္း ထုတ္လုပ္သူေတြ ေနာက္ေက်ာမွာ ကင္မရာ၂လုံးတပ္ေနတဲ့ အခ်ိန္မွာ Sony ဟာကင္မရာ ၁လုံးပဲ တပ္ဆင္လာႏုိင္လားဆိုတာ စဥ္းစားစရာပါ။

unicode

Sony ရဲ့ပုံရိပ်ဆင်ဆာအသစ် IMX586 ကိုမိတ်ဆက်ထားတာ သတိရကြအုံးမှာပါ။ သူ့မှာ 48MP Quad Bayer sensor  အမျိုးအစားဖြစ်ပြီး အရည်အသွေး ကောင်းမွန်တဲ့ ပုံရိပ်တွေကို အကောင်းဆုံးဖမ်းယူနိုင်ပါလိမ့်မယ်။ အဲ့ဒီဆင်ဆာသစ်ကို Sony ရဲ့အသစ်ထွက်မယ့် Xperia XZ3 မှာ သုံးလာဖို့ သေချာနေပါတယ်။ ဒီနေ့တော့ အဲ့ဒီဖုန်းရဲ့ နောက်ကျောဘက်မှာ 48MP ကင်မရာတပ်ထားတဲ့ ဓာတ်ပုံအသစ်တွေ ထပ်ထွက်လာပါတယ်။

ထွက်ရှိလာတဲ့ ပုံအသစ်မှာတော့ နောက်ဘက်မှာ ကင်မရာတလုံးသာ တပ်ထားပြီး သူ့ရဲ့အောက်ဘက်မှာ လက်ဗွေဖတ်စနစ်ကို တပ်ထားပါတယ်။ Sony ရဲ့ဆင်ဆာအသစ်ဟာ ကမ္ဘာ့ပထမဆုံး 48MP စမတ်ဖုန်းဆင်ဆာ ဖြစ်ပြီး Sensor အသစ် ရဲ့ Pixel size က 0.8 μm ဖြစ်တဲ့အတွက် ကမ္ဘာမှာအသေးဆုံး pixel size လို့သတ်မှတ်နိုင်ပါတယ်။

Sony ကတော့သူရဲ့နည်းပညာကို Ultra-compact Pixel Size လို့ဆိုပါတယ်။ Sony ရဲ့ထုတ်ပြန်ချက်အရ  48 megapixel ပမာဏထိရနိုင်တယ်လို့ ဆိုထားပါတယ်။ Xperia XZ3 ရဲ့ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေကတော့ 5.7-inch screen Full HD + နဲ့ Snapdragon 845 ( octa-core at 2.8GHz)  ကိုသုံးလာနိုင်ပါတယ်။

Sony ရဲ့အသစ်ထွက်မယ့် စမတ်ဖုန်းသစ်ဟာ dual ကင်မရာစနစ်နဲ့လား Single ကင်မရာနဲ့လားဆိုတာ ဒီနေ့ထိမသဲကွဲ သေးပါဘူး။ အခြားစမတ်ဖုန်း ထုတ်လုပ်သူတွေ နောက်ကျောမှာ ကင်မရာ၂လုံးတပ်နေတဲ့ အချိန်မှာ Sony ဟာကင်မရာ ၁လုံးပဲ တပ်ဆင်လာနိုင်လားဆိုတာ စဉ်းစားစရာပါ။

Leave a Reply