Bluetooth ထောက်ပံ့ချက် ပါဝင်လာတော့မယ့် Samsung ရဲ့မျိုးဆက်သစ် VR headset

0
712




unicode

Samsung အနေနဲ့ ယခုနှစ်အတွင်းမှာ VR headset အသစ်တစ်ခုကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ အသစ်ထွက်လာမယ့် VR headset ဖြစ်တဲ့ HMD Odyssey+ နဲ့ပတ်သတ်တဲ့ အချက်အလက်အချို့ လည်း ယခုလလယ်ပိုင်းလောက်က FCC  မှာထွက်ထားပါသေးတယ်။ အဲ့အချိန်တုန်းက SteamVR ထောက်ပံ့မှု ပါဝင်လာမယ်လို့ဆိုပါတယ်။

HMD Odyssey+ ကပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့  HMD Odyssey ရဲ့ခြေရာကို ဆက်ခံမယ့် VR Headset ဖြစ်ပါတယ်။  အခုတော့ HMD Odyssey+ နဲ့ပတ်သတ်တဲ့ နောက်ထပ်အချက်အလက် တစ်ခုထပ်မံထွက်လာ ပါတယ်။ အဲ့ဒါကတော့ HMD Odyssey+ မှာ  Bluetooth ထောက်ပံ့လာတာ ဖြစ်ပါတယ်။ Samsung HMD Odyssey+ ကို ဗားရှင်းနှစ်မျိုးနှင့် ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။

FCC မှာ မော်ဒယ်နံပါတ်များအနေဖြင့် XE800ZBA ၊ XQ800ZBA တို့ဖြင့် ဖော်ပြထားပါတယ်။ Bluetooth ပါဝင်လာတာကြောင့် Gamepad (သို့မဟုတ်) Game Controller နှင့် တိုက်ရိုက်ချိတ်ဆက် ကစားလာနိုင်ဖို့ ရှိပါတယ်။ အသစ်ထွက်လာမယ့် VR headset အသစ်ဟာ Bluetooth နဲ့  FCC အသိအမှတ်ပြုမှု ရရှိနေပြီဖြစ်တာကြောင့် ယခုလကုန်မှာ ကျင်းပမယ့် IFA Berlin 2018 မှာ မိတ်ဆက်လာနိုင်ပါတယ်။

Leave a Reply