Uncategorized

Ride-Share Service ကို ရပ္နားလိုက္တဲ့ Didi

Didi ဟာ တရုတ္မွ နာမည္းေက်ာ္ မိုဘိုင္း အေျချပဳ တကၠစီ ကုမၸဏီ ျဖစ္ပါတယ္။ သူဟာ ခရီးလမ္းေၾကာင္း တူတဲ့ ေနရာမ်ားကို ခရီးသည္မ်ား အတူတကြ စီးနင္းႏုိင္တဲ့ Ride-Share Service ကို ျပဳလုပ္ေပးထားပါတယ္။ ဒီ၀န္ေဆာင္မႈရဲ႕ အမည္က Hitch ျဖစ္ပါတယ္။ အခုေတာ့ Hitch ၀န္ေဆာင္မႈကို ခဏတာ ရပ္နားလိုက္ပါတယ္။

ဒီလို ရပ္နားရတဲ့ အေၾကာင္းအရင္းက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ ယာဥ္ေမာင္း တစ္ဦးဟာ အသက္ ၂၀ အရြယ္ အမ်ိဳးသမီး ခရီးသည္တစ္ဦးအား ၀မ္ဇူၿမိဳ႕တြင္ သတ္ျဖတ္မႈ ျဖစ္ပြားခဲ့ပါတယ္။ ဒီ ျဖစ္ရပ္ ျဖစ္ပြားၿပီးေနာက္ ဒီဒီက စံုစမ္း စစ္ေဆးမႈ ျပဳလုပ္ေနစဥ္မွာ Ride-Share Service ကို ရပ္နားထားမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါဟာ ဒီဒီရဲ႕ ယာဥ္ေမာင္းက ခရီးသည္အား ဒုတိယအႀကိမ္ သတ္ျဖတ္မႈျဖစ္ပါတယ္။

ယခုႏွစ္ ေမလမွာ ယာဥ္ေမာင္း တစ္ဦးဟာ ဟီနန္ ျပည္နယ္မွာ အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသမီး ခရီးသည္အား မုဒိန္းက်င့္ၿပီး သတ္ျဖတ္ခဲ့ပါတယ္။ အဲဒီ ျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္မွာ ဒီဒီဟာ သူ႔ရဲ႕ ၀န္ေဆာင္မႈကို ေျခာက္ပတ္ၾကာ ရပ္နားခဲ့ၿပီး ခရီးသည္မ်ား လံုျခံဳ ေဘးကင္းေစေရး အတြက္ ၀န္ေဆာင္မႈအား ေျပာင္းလဲမႈအခ်ိဳ႕ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီအထဲမွာ App တြင္ အေရးေပၚ ခလုတ္ ထည့္သြင္းေပးျခင္းနဲ႔ ညဘက္ စီးနင္းမႈမ်ားကို ကန္႔သတ္မႈမ်ား ပါ၀င္ပါတယ္။ Ride-Share Service မ်ားဟာ ခရီးသည္မ်ားအတြက္ စီးနင္းခ သက္သာေစပါတယ္။ ယာဥ္ေၾကာ ပိတ္ဆို႔မႈမ်ားနဲ႔ ေလာင္စာဆီ ကုန္က်မႈမ်ားကို သက္သာေစပါတယ္။ ဒါေပမယ့္ လူစိမ္းမ်ားနဲ႔ အတူတကြ စီးနင္းရတဲ့အတြက္ ျပႆနာမ်ား ရွိႏိုင္သလို အမ်ိဳးသမီးမ်ားအတြက္လည္း ယာဥ္ေမာင္းမ်ားရဲ႕ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ားကို ရင္ဆိုင္ေနရပါတယ္။

unicode

Ride-Share Service ကို ရပ်နားလိုက်တဲ့ Didi

Didi ဟာ တရုတ်မှ နာမည်းကျော် မိုဘိုင်း အခြေပြု တက္ကစီ ကုမ္ပဏီ ဖြစ်ပါတယ်။ သူဟာ ခရီးလမ်းကြောင်း တူတဲ့ နေရာများကို ခရီးသည်များ အတူတကွ စီးနင်းနိုင်တဲ့ Ride-Share Service ကို ပြုလုပ်ပေးထားပါတယ်။ ဒီဝန်ဆောင်မှုရဲ့ အမည်က Hitch ဖြစ်ပါတယ်။ အခုတော့ Hitch ဝန်ဆောင်မှုကို ခဏတာ ရပ်နားလိုက်ပါတယ်။

ဒီလို ရပ်နားရတဲ့ အကြောင်းအရင်းက ပြီးခဲ့တဲ့ သောကြာနေ့မှာ ယာဉ်မောင်း တစ်ဦးဟာ အသက် ၂၀ အရွယ် အမျိုးသမီး ခရီးသည်တစ်ဦးအား ဝမ်ဇူမြို့တွင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ဒီဒီက စုံစမ်း စစ်ဆေးမှု ပြုလုပ်နေစဉ်မှာ Ride-Share Service ကို ရပ်နားထားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ ဒီဒီရဲ့ ယာဉ်မောင်းက ခရီးသည်အား ဒုတိယအကြိမ် သတ်ဖြတ်မှုဖြစ်ပါတယ်။

ယခုနှစ် မေလမှာ ယာဉ်မောင်း တစ်ဦးဟာ ဟီနန် ပြည်နယ်မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ခရီးသည်အား မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ဖြစ်ပွားပြီးနောက်မှာ ဒီဒီဟာ သူ့ရဲ့ ဝန်ဆောင်မှုကို ခြောက်ပတ်ကြာ ရပ်နားခဲ့ပြီး ခရီးသည်များ လုံခြုံ ဘေးကင်းစေရေး အတွက် ဝန်ဆောင်မှုအား ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအထဲမှာ App တွင် အရေးပေါ် ခလုတ် ထည့်သွင်းပေးခြင်းနဲ့ ညဘက် စီးနင်းမှုများကို ကန့်သတ်မှုများ ပါဝင်ပါတယ်။ Ride-Share Service များဟာ ခရီးသည်များအတွက် စီးနင်းခ သက်သာစေပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှုများနဲ့ လောင်စာဆီ ကုန်ကျမှုများကို သက်သာစေပါတယ်။ ဒါပေမယ့် လူစိမ်းများနဲ့ အတူတကွ စီးနင်းရတဲ့အတွက် ပြဿနာများ ရှိနိုင်သလို အမျိုးသမီးများအတွက်လည်း ယာဉ်မောင်းများရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ရင်ဆိုင်နေရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.