OPPO R17 Pro မှာထည့်သွင်းထားတဲ့ Triple ကင်မရာရဲ့ လုပ်ဆောင်ချက်များ

0
863





unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ OPPO ဟာFind X ပြီးနောက် စွမ်းရည်အမြင့်ဆုံး  နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်ပေးလိုက်ပါပြီ။ သူ့မှာ 6.4″ AMOLED display နဲ့ဖြစ်ပြီး ထိပ်ဘက်မှာ ပါဝင်တဲ့  Notch ပုံစံကတော့  F9/F9 Pro ပါဝင်သလိုမျိုး ရေစက်ကျနေတဲ့ ပုံစံမျိုးလေးပါ။ screen-to-body ratio ဟာ 91.5% ရှိလာပြီး  မျက်နှာပြင်ကာကွယ်နိုင်စွမ်းအတွက် Gorilla Glass 6 ကိုသုံးလာပါတယ်။

စမတ်ဖုန်းသစ်ဖြစ်တဲ့ OPPO R17 Pro ဖုန်းမှာSuperVOOC ၊ in-display fingerprint စွမ်းဆောင်ချက်တွေအပြင် နောက်ကျောဘက်မှာ ကင်မရာ ၃လုံးကို ဒေါင်လိုက်တပ်ဆင် ပေးထားပါတယ်။

ကင်မရာပိုင်းမှာတော့ လက်ရှိစမတ်ဖုန်းဈေးကွက်အတွင်းမှာ Huawei P20 Pro ပြီးသွားရင် ဒုတိယမြောက် စမတ်ဖုန်းဖြစ်လာပါတယ်။ ကင်မရာပိုင်းအတွက် 25MP f/2.0 ကို အရှေ့ဘက် notch မှာတပ်ဆင်ပေးထားပါတယ်။ နောက်ကျောဘက်မှာတော့ ကင်မရာ ၃လုံးတပ်ဆင်ပေးထားပြီး 12MP 1/2.55″ sensor နဲ့ 20MP ဒုတိယကင်ရာတို့အပြင်၊ 3D TOF depth ဆင်ဆာနဲ့ တတိယကင်မရာကိုပါ ထည့်သွင်းပေးထားပါတယ်။

အဓိကကင်မရာဖြစ်တဲ့ 12MP 1/2.55″ sensor မှာ Samsung ရဲ့ Galaxy S9+ နဲ့ Note9 စမတ်ဖုန်းတွေမှာလိုမျိုး aperture lens ကို  f/1.5-f/2.4 အတွင်းပြောင်းလဲသုံးနိုင်ပါလိမ့်မယ်။ ဗီဒီယို ရိုက်ကူးမှုအတွက် 2160p@30fps, 1080p@60/120fps, 720p@240fps ကိုထောက်ပံ့ပေးပြီး၊ SELFIE ကင်မရာနဲ့လည်း 1080p@30fps နှုန်းထောက်ပံ့ပေးပါတယ်။ ကင်မရာစွမ်းဆောင်ချက်တွေ အနေနဲ့ “Super Night Shot နဲ့ Smart Aperture ” လိုလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာပါ။

Leave a Reply