India မွာ Samsung Galaxy A8 Star ကို ေရာင္းၿပီ

0
883

ကမာၻ႕ အႀကီးမားဆံုး စမတ္ဖုန္း ေစ်းကြက္ျဖစ္တဲ့ အိႏၵိယမွာ စမတ္ဖုန္း ကုမၸဏီမ်ားစြာ အၿပိဳင္အဆိုင္ ယွဥ္ၿပိဳင္ေနၾကပါတယ္။ ဆမ္ေဆာင္းကလည္း အိႏၵိယအတြက္ အထူး ဖန္တီးထားတဲ့ စမတ္ဖုန္းမ်ားကို ေရာင္းခ်ေပးေနပါတယ္။ အဲဒီအထဲမွာ Galaxy On6 , On8 နဲ႔ J2 Core တို႔ ပါ၀င္ၾကပါတယ္။ အခုလည္း Galaxy A8 Star အမည္ရ စမတ္ဖုန္းကို အိႏၵိယမွာ ေရာင္းခ်ေပးလိုက္ပါတယ္။

သူ႔ကို Amazon India ကေနသာ ေရာင္းခ်ေပးလိုက္တာပါ။ ရူပီး ၃၄၉၉၀ သတ္မွတ္ထားပါတယ္။ လက္ရွိေပါက္ေစ်းအရ ၅၀၀ ေဒၚလာ ၀န္းက်င္ က်သင့္ပါတယ္။ သူဟာ A8 2018 နဲ႔ ဟာ့ဒ္၀ဲမ်ား တူညီေပမယ့္ ပိုိမိုေကာင္းတဲ့ ကင္မရာ၊ ပိုမိုႀကီးမားတဲ့ ဘက္ထရီမ်ား ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ Exynos Chipset အစား Qualcomm Snapdragon 660 Chipset ထည့္ထားပါတယ္။ ဆမ္ေဆာင္းက A8 Star ရဲ႕ Dual Intellicam ဟာ ေန႔ေရာ ညပါ ဓါတ္ပံုရိုက္ဖို႔အတြက္ ေကာင္းတယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕ Specs အေသးစိတ္ကို ေအာက္မွာ ေလ့လာပါ။

unicode

India မှာ Samsung Galaxy A8 Star ကို ရောင်းပြီ

ကမ္ဘာ့ အကြီးမားဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်တဲ့ အိန္ဒိယမှာ စမတ်ဖုန်း ကုမ္ပဏီများစွာ အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြပါတယ်။ ဆမ်ဆောင်းကလည်း အိန္ဒိယအတွက် အထူး ဖန်တီးထားတဲ့ စမတ်ဖုန်းများကို ရောင်းချပေးနေပါတယ်။ အဲဒီအထဲမှာ Galaxy On6 , On8 နဲ့ J2 Core တို့ ပါဝင်ကြပါတယ်။ အခုလည်း Galaxy A8 Star အမည်ရ စမတ်ဖုန်းကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။

သူ့ကို Amazon India ကနေသာ ရောင်းချပေးလိုက်တာပါ။ ရူပီး ၃၄၉၉၀ သတ်မှတ်ထားပါတယ်။ လက်ရှိပေါက်ဈေးအရ ၅၀၀ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ သူဟာ A8 2018 နဲ့ ဟာ့ဒ်ဝဲများ တူညီပေမယ့် ပိုမိုကောင်းတဲ့ ကင်မရာ၊ ပိုမိုကြီးမားတဲ့ ဘက်ထရီများ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Exynos Chipset အစား Qualcomm Snapdragon 660 Chipset ထည့်ထားပါတယ်။ ဆမ်ဆောင်းက A8 Star ရဲ့ Dual Intellicam ဟာ နေ့ရော ညပါ ဓါတ်ပုံရိုက်ဖို့အတွက် ကောင်းတယ်လို့ ပြောပါတယ်။ သူ့ရဲ့ Specs အသေးစိတ်ကို အောက်မှာ လေ့လာပါ။

Leave a Reply