HONOR 8X MAX စမတ်ဖုန်းမှာ SNAPDRAGON 660 SOC သုံးလာမည်

0
751





unicode

Huawei အသစ်ထွက်လာမယ့် စမတ်ဖုန်းသစ်ဖြစ်တဲ့ Honor 8X နဲ့ပတ်သတ်ပြီး အချိန်အနည်းငယ်အတွင်းမှာ သတင်းတွေအတော်လေး ထွက်ထားပါတယ်။  ပြီးခဲ့တဲ့ရက်ကထွက်လာတဲ့ သတင်းတွေမှာ HONOR အနေနဲ့ 8X  စမတ်ဖုန်းအပြင် HONOR 8X MAX ကိုပါထုတ်လုပ်သွားဖို့ ရှိနေတယ်ဆိုတာပါ။ Honor 8X စီးရီး ဖုန်းသစ်ကို စက်တင်ဘာ ၅ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။

ဒီနေ့မှာတော့ HONOR 8X MAX နဲ့ပတ်သတ်လို့ တိကျတဲ့ အချက်အလက်တွေ ထွက်လာပါတယ်။ အဲ့ဒါကတော့ စမတ်ဖုန်းသစ်မှာ SNAPDRAGON 660 SOC သုံးလာမယ်ဆိုတာပဲ ဖြစ်ပါတယ်။ Honor 8X Max မှာ ကြီးမားတဲ့မျက်နှာပြင် အရွယ်အစားဖြစ်တဲ့ 7.12-inch display နဲ့အတူ FHD+ (1080 x 2244 pixels) သုံးလာမှာ ဖြစ်ပါတယ်။

Honor အနေနဲ့ စမတ်ဖုန်းသစ် ၂မျိုးလုံးကို တပြိုင်တည်း မိတ်ဆက်လာမှာ ဖြစ်ပြီး အဲ့ဒီဖုန်းတွေရဲ့ အရှေ့ဘက်မှာတော့ ရေစက်ပုံစံ Notch နဲ့လာမှာပါ။  TENAA ကထွက်လာတဲ့ Honor 8X နဲ့ပတ်သတ်တဲ့ အချက်အလက်တွေမှာတော့ dual (16MP + 2MP) ကင်မရာနဲ့ 8-megapixel selfie ကင်မရာတို့ တပ်ဆင်လာမယ်လို့ ဆိုပါတယ်။

သူ့မှာ water drop notch ၊ fingerprint sensor နဲ့ 4,900 mAh ဘက်ထရီကိုသုံးလာမှာပါ။ အချက်အလက် သိုလှောင်မှုပိုင်းအတွက် 64GB နဲ့  4GB  RAM ထောက်ပံ့ပေးလာ နိုင်ပါတယ်။  Honor 8X စီးရီးဖုန်းသစ်တွေဟာ ပြီးခဲ့တဲ့လလောက်က မိတ်ဆက်ထားတဲ့  Honor Note 10 ထက်တော့ ဈေးပိုမို သက်သာမှာ ဖြစ်ပါတယ်။

Leave a Reply