BlackBerry က KEY2 LE ကို IFA မွာ ျပမယ္လို႔ အတည္ျပဳ

0
670

စြမ္းရည္ျမင့္ BlackBerry KEY2 ရဲ႕ တန္ဖိုးနည္း ေမာ္ဒယ္တစ္ခုကို ကုမၸဏီက ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အမည္မွာ BlackBerry KEY2 LE ျဖစ္ပါတယ္။ အခုေတာ့ BlackBerry Mobile က သူ႔ရဲ႕ တြစ္တာ အေကာင့္ကေန အဲဒီ စမတ္ဖုန္းကို IFA 2018 ပြဲမွာ ျပသေတာ့မယ္လို႔ အရိပ္အျမြက္ ေၾကညာလိုက္ပါတယ္။ KEY2 LE ဟာ ၂၀၁၈ ခုႏွစ္ထုတ္ အေကာင္းဆံုး QWERTY Keyboard ပါတဲ့ စြမ္းရည္သင့္ ဖုန္း ျဖစ္လာမွာပါ။ IFA 2018 ပြဲကို က်င္းပဖို႔ ရက္သတၱပတ္ တစ္ပတ္ေလာက္သာ လိုပါေတာ့တယ္။

သူဟာ ယခင္ကေတာ့ KEY2 Lite အမည္နဲ႔ ထြက္လာမယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ စမတ္ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေပါက္ၾကားမႈေတြကို အၿမဲေဖာ္ျပေလ့ရွိတဲ့ Evan Blass ကသူရဲ႕ Twitter မွာ key2 စမတ္ဖုန္းရဲ႕ Lite Version ထြက္လာမွာျဖစ္ၿပီး codenamed ‘Luna’ ေပးထားတယ္လို႔ ယခင္က ေဖာ္ျပထားပါတယ္။

Lite Version ၂ မ်ိဳးရဲ႕ အခ်က္အလက္ေတြဟာ FCC မွာထြက္ရွိလာပါတယ္။ ေမာ္ဒယ္နံပါတ္ BBE 100-1 နဲ႔ BBE 100-2 တို႔ျဖစ္ၿပီး၊ ဒီဖုန္းေတြဟာ BlackBerry Key2 ရဲ႕မတူညီတဲ့ ဗားရွင္းဖုန္းေတြ ျဖစ္ႏိုင္ပါတယ္။ Lite ဗားရွင္းဖုန္းမွာ ကြန္ရက္အခ်က္အလက္ေတြ အေနနဲ႔ Wi-Fi 802.11 a/b/g/n ac (2.4GHz + 5GHz), Bluetooth , NFC လုပ္ေဆာင္ခ်က္ေတြအျပင္ ဘက္ထရီစြမ္းအား 2,900 mAh ကိုသံုးလာမွာျဖစ္ပါတယ္။

BBE 100-2 ရဲ႕ Benchmarking ဆိုက္ျဖစ္တဲ့ GeekBench မွာထြက္ထားတဲ့ အခ်က္အလက္ေတြအရ 1.84GHz အျမန္ႏႈန္းရွိတဲ့ Quad-core Qualcomm Snapdragon ကိုသုံးလာမယ္လုိ႔ ဆိုပါတယ္။ စမတ္ဖုန္းသစ္ေတြနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြကေတာ့ IFA ပဲြမွသာ အေသးစိတ္သိရပါလိမ့္မယ္။ လက္ရွိထြက္ထားတဲ့ အခ်က္အလက္ေတြအရေတာ့ Lite ဖုန္းကို ကြဲျပားတဲ့ပရိုဆက္ဆာနဲ႔ ထုတ္လုပ္လာႏုိင္ပါတယ္။

unicode

BlackBerry က KEY2 LE ကို IFA မှာ ပြမယ်လို့ အတည်ပြု

စွမ်းရည်မြင့် BlackBerry KEY2 ရဲ့ တန်ဖိုးနည်း မော်ဒယ်တစ်ခုကို ကုမ္ပဏီက ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အမည်မှာ BlackBerry KEY2 LE ဖြစ်ပါတယ်။ အခုတော့ BlackBerry Mobile က သူ့ရဲ့ တွစ်တာ အကောင့်ကနေ အဲဒီ စမတ်ဖုန်းကို IFA 2018 ပွဲမှာ ပြသတော့မယ်လို့ အရိပ်အမြွက် ကြေညာလိုက်ပါတယ်။ KEY2 LE ဟာ ၂၀၁၈ ခုနှစ်ထုတ် အကောင်းဆုံး QWERTY Keyboard ပါတဲ့ စွမ်းရည်သင့် ဖုန်း ဖြစ်လာမှာပါ။ IFA 2018 ပွဲကို ကျင်းပဖို့ ရက်သတ္တပတ် တစ်ပတ်လောက်သာ လိုပါတော့တယ်။

သူဟာ ယခင်ကတော့ KEY2 Lite အမည်နဲ့ ထွက်လာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်ပေါက်ကြားမှုတွေကို အမြဲဖော်ပြလေ့ရှိတဲ့ Evan Blass ကသူရဲ့ Twitter မှာ key2 စမတ်ဖုန်းရဲ့ Lite Version ထွက်လာမှာဖြစ်ပြီး codenamed ‘Luna’ ပေးထားတယ်လို့ ယခင်က ဖော်ပြထားပါတယ်။

Lite Version ၂ မျိုးရဲ့ အချက်အလက်တွေဟာ FCC မှာထွက်ရှိလာပါတယ်။ မော်ဒယ်နံပါတ် BBE 100-1 နဲ့ BBE 100-2 တို့ဖြစ်ပြီး၊ ဒီဖုန်းတွေဟာ BlackBerry Key2 ရဲ့မတူညီတဲ့ ဗားရှင်းဖုန်းတွေ ဖြစ်နိုင်ပါတယ်။ Lite ဗားရှင်းဖုန်းမှာ ကွန်ရက်အချက်အလက်တွေ အနေနဲ့ Wi-Fi 802.11 a/b/g/n ac (2.4GHz + 5GHz), Bluetooth , NFC လုပ်ဆောင်ချက်တွေအပြင် ဘက်ထရီစွမ်းအား 2,900 mAh ကိုသုံးလာမှာဖြစ်ပါတယ်။

BBE 100-2 ရဲ့ Benchmarking ဆိုက်ဖြစ်တဲ့ GeekBench မှာထွက်ထားတဲ့ အချက်အလက်တွေအရ 1.84GHz အမြန်နှုန်းရှိတဲ့ Quad-core Qualcomm Snapdragon ကိုသုံးလာမယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းသစ်တွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကတော့ IFA ပွဲမှသာ အသေးစိတ်သိရပါလိမ့်မယ်။ လက်ရှိထွက်ထားတဲ့ အချက်အလက်တွေအရတော့ Lite ဖုန်းကို ကွဲပြားတဲ့ပရိုဆက်ဆာနဲ့ ထုတ်လုပ်လာနိုင်ပါတယ်။

Leave a Reply