ZTE အေနနဲ႔ IFA နည္းပညာျပပြဲမွာ AXON 9 စမတ္ဖုန္းသစ္ကို မိတ္ဆက္သြားမယ္ဆိုတဲ့ သတင္းေတြထြက္လ်က္ရွိေနပါတယ္။ အခုေတာ့ ေနာက္ထပ္စမတ္ဖုန္းသစ္ တစ္မ်ိဳးရဲ႕ အခ်က္အလက္ေတြဟာ GEEKBENCH မွာထြက္ရွိလာၿပီး AXON 9 PRO ျဖစ္မယ္လုိ႔ သိရပါတယ္။ Geekbench ရဲ႕စာရင္းမွာေတာ့ Axon 9 pro ကို ေမာ္ဒယ္နံပတ္ A2019G Pro ဆိုၿပီးေပးထားပါတယ္။
စမတ္ဖုန္းသစ္ရဲ႕ စြမ္းေဆာင္ရည္ပိုင္းနဲ႔ ပတ္သတ္တဲ့ အမွတ္ေတြကိုပါ ျမင္ေတြ႕ခဲ့ရပါတယ္။ multi-core စမ္းသပ္မႈမွာ 8785 ရရွိထားၿပီး၊ single-core မွာေတာ့ 2399 ရရွိထားပါတယ္။ လက္ရွိျမင္ေတြရတဲ့ BENCHMARK ေတြအရ ဒီဖုန္းမွာ 1.77GHz အျမန္ႏႈန္းရွိတဲ့၊ Qualcomm Octa-core SoC သုံးလာဖုိ႔ မ်ားပါတယ္။
အေစာပိုင္းသတင္း ထြက္ထားတဲ့ Axon 9 ဖုန္းမွာေတာ့ Qualcomm Snapdragon 845 သုံးလာမွာျဖစ္ၿပီး ၆လက္မ QHD + သုံးလာမယ္လို႔ သိရပါတယ္။ အခ်က္အလက္ပိုင္းမွာေတာ့ 6GB (သို႔) 8 GB RAM နဲ႕အတူ 64/128/256 GB ROM နဲ႔ထြက္လာမယ္လို႔ သိရပါတယ္။ ကင္မရာပိုင္းမွာေတာ့ အေနာက္ဘက္မွာ Dual တပ္ဆင္လာမွာျဖစ္ၿပီး၊ အေရွ႕ဘက္မွာေတာ့ 13MP အရည္အေသြးကို သုံးလာမယ္လို႔ ဆိုပါတယ္။
unicode
ZTE အနေနဲ့ IFA နည်းပညာပြပွဲမှာ AXON 9 စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းတွေထွက်လျက်ရှိနေပါတယ်။ အခုတော့ နောက်ထပ်စမတ်ဖုန်းသစ် တစ်မျိုးရဲ့ အချက်အလက်တွေဟာ GEEKBENCH မှာထွက်ရှိလာပြီး AXON 9 PRO ဖြစ်မယ်လို့ သိရပါတယ်။ Geekbench ရဲ့စာရင်းမှာတော့ Axon 9 pro ကို မော်ဒယ်နံပတ် A2019G Pro ဆိုပြီးပေးထားပါတယ်။
စမတ်ဖုန်းသစ်ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သတ်တဲ့ အမှတ်တွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။ multi-core စမ်းသပ်မှုမှာ 8785 ရရှိထားပြီး၊ single-core မှာတော့ 2399 ရရှိထားပါတယ်။ လက်ရှိမြင်တွေရတဲ့ BENCHMARK တွေအရ ဒီဖုန်းမှာ 1.77GHz အမြန်နှုန်းရှိတဲ့၊ Qualcomm Octa-core SoC သုံးလာဖို့ များပါတယ်။
အစောပိုင်းသတင်း ထွက်ထားတဲ့ Axon 9 ဖုန်းမှာတော့ Qualcomm Snapdragon 845 သုံးလာမှာဖြစ်ပြီး ၆လက်မ QHD + သုံးလာမယ်လို့ သိရပါတယ်။ အချက်အလက်ပိုင်းမှာတော့ 6GB (သို့) 8 GB RAM နဲ့အတူ 64/128/256 GB ROM နဲ့ထွက်လာမယ်လို့ သိရပါတယ်။ ကင်မရာပိုင်းမှာတော့ အနောက်ဘက်မှာ Dual တပ်ဆင်လာမှာဖြစ်ပြီး၊ အရှေ့ဘက်မှာတော့ 13MP အရည်အသွေးကို သုံးလာမယ်လို့ ဆိုပါတယ်။