Poco F1 အား OnePlus 6 ၊ ZenFone 5Z တို့နဲ့ ကင်မရာပိုင်း နှိုင်းယှဉ်ခြင်း

0
1222



Poco F1.



Poco F1. Image: tech2/Nimish Sawant



unicode

Xiaomi ရဲ့စမတ်ဖုန်းသစ်ထွက်လာတဲံ အချိန်မှာ နှိုင်းယှဉ်လို့ ကောင်းစရာ စမတ်ဖုန်း၂မျိုးရှိနေပါတယ်။ အဲ့ဒီစမတ်ဖုန်းတွေက တော့ OnePlus 6 နဲ့ Zenfone 5Z တို့ပဲဖြစ်ပြီး ပရိုဆက်ဆာပိုင်းမှာ Snapdragon 845 သုံးထားကြတာခြင်း တူကြပေမယ့် အခြားစွမ်းဆောင်ချက်ပိုင်းမှာတွေမှာတော့ ကွာခြားနေကြပါတယ်။ အဓိကအားဖြင့်တော့ ကင်မရာပိုင်းလို့ သတ်မှတ်နိုင်ပါတယ်။
ကင်မရာပိုင်း စွမ်းဆောင်ချက်တွေ ကြည့်လိုက်တဲ့အချိန်မှာ နောက်ကျောဘက်မှာ 16MP + 20MP နဲ့အရှေ့ဘက်မှာ 16MP ပါဝင်နေတဲ့ OnePlus 6 ကသာနေသယောင် ရှိပါတယ်။ သူတို့ရဲ့ကင်မရာ စွမ်းဆောင်ချက်တွေပါ ထပ်လေ့လာ ကြည့်ရ မယ်ဆိုရင် Xiaomi Poco F1 မှာ dual ကင်မရာတပ်ဆင်ထားပြီး 12-megapixel Sony IMX363 မှာ 1.4-micron pixel၊ dual-pixel autofocus ထောက်ပံ့ချက်တွေပါပြီး၊ ဒုတိယကင်မရာငယ်မှာတော့ 5-megapixel မှာ Samsung depth sensor ထည့်သွင်းပေးထားပါတယ်။
အရှေ့ဘက်မှာ 20-megapixel စွမ်းရည်နဲ့ဖြစ်ပြီး HDR နဲ့ AI Beautify လုပ်ဆောင် ချက်တွေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ အရှေ့ဘက်ကင်မရာမှာ ထပ်ထည့်ပေးထားတဲ့ IR light စွမ်းအားကလည်း Face Unlock ကိုပါသုံးနိုင်မှာပါ။
OnePlus 6 ရဲ့ကင်မရာတွေမှာတော့ Sony ဆင်ဆာတွေသာ သုံးထား ပါတယ်။ နောက်ကျောဘက်မှာ 16-megapixel ( f/1.7 aperture) နဲ့ Sony IMX519 sensor ဖြစ်ပြီး၊ ဒုတိယကင်မရာငယ်ကတော့ 20-megapixel (Sony IM376K sensor) နဲ့ f/1.7 aperture သုံးနိုင်မှာပါ။
အရှေ့ဘက် Selfie အတွက်ကတော့ 16-megapixel (Sony IMX371 sensor) နဲ့ f/2.0 aperture ဖြစ်ပါတယ်။ ZenFone 5Z မှာတော့ အနည်းငယ်ပြောင်းလဲတဲ့ ကင်မရာပုံစံကို မြင်ရမှာပါ။ သူ့မှာလည်း နောက်ကျောဘက်မှာ ကင်မရာ၂လုံးတပ်ဆင်ထားပြီး 12-megapixel (Sony IMX363 sensor) မှာ f/1.8 aperture နဲ့ဖြစ်ပြီး၊အခြားစမတ်ဖုန်းတွေနဲ့ ကွာတာက OIS ထောက်ပံ့ပေးထားပါတယ်။ ဒုတိယကင်မရာငယ်ကတော့ 8-megapixel ( OmniVision 8856 sensor ) နဲ့ f/2.2 aperture ဖြစ်ကာ သူ့မှာတော့ 120-degree field of view နဲ့ပုံတွေကို ရိုက်ကူးနိုင်မှာပါ။
ကင်မရာ ၂ခုလုံးအတွက် LED flash တစ်ခုသာ တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာကိုတော့ 8-megapixel (OmniVision 8856 sensor) ထည့်ပေးထားပြီး Face Unlock ကိုထောက်ပံ့ပေးပါတယ်။ သို့ပေမယ့် Face Unlock ပိုင်းမှာတော့ Poco F1 ရဲ့ Infrared ကပိုသာပါတယ်။

Leave a Reply