Posted on Leave a comment

in-display fingerprint နဲ႔ထြက္လာတဲ့ OPPO R17 Pro ရဲ႕ပရိုဆက္ဆာစြမ္းေဆာင္ခ်က္

OPPO ရဲ႕အသစ္ထြက္ရိွိလာတဲ့ R17 Pro စမတ္ဖုန္းမွာ ပရိုဆက္ဆာပိုင္းအတြက္ Snapdragon 710 chipset နဲ႔ 8GB RAM သုံးထားပါတယ္။ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအတြက္  128GB တစ္မ်ိဳးတည္းသာထုတ္လုပ္ေပးထားၿပီး microSD card ေထာက္ပံ့မႈ မပါဝင္ပါဘူး။ ဘာေၾကာင့္ OPPO အေနနဲ႔ Snapdragon 710 ကိုသုံးလာသလဲဆိုတာ့ ၾကည့္ၾကည့္ရေအာင္

Snapdragon 710 SoC ကို 10nm process နဲ႔ဖန္တီးထုတ္လုပ္ထားျပီး AI engine ေရာ neural network processing ေတြပါ ပါဝင္လာတဲ့အတြက္ တန္ဖိုးၾကီး flagship ဖုန္းေတြမွာသံုးထားတဲ့ SoC ေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔ သိပ္ေတာင္မကြာ ေတာ့ပါဘူး။ Task အၾကီးၾကီးေတြလုပ္ေဆာင္ႏုိင္ဖို႔အတြက္ စြမ္းရည္ျမင့္တဲ့ (Clock-speed 2.2GHz ရိွတဲ့) Kryo 360 [2 cores] နဲ႔ သာမန္ daily task ေတြလုပ္ေဆာင္ဖို႔အတြက္ clock-speed 1.7GHz ရိွတဲ့ Kryo 360 [6 cores] နဲ႔ဖြဲ႔စညး္ထားတဲ့ octa-core CPU သံုးထားပါတယ္။

GPU အတြက္ကေတာ့ Adreno 616 GPU ကိုသံုးထားတာပါ။ ARM Cortex နည္းပညာေပၚအေျခခံထားတဲ့ Kryo 360 ကေတာ့ စြမ္းေဆာင္ရည္မွာ ၂၀% ေတာင္ပိုျမင့္လာျပီး browse လုပ္တဲ့အခါ မွာလည္း ၂၅% ေလာက္ပိုျမန္လာပါတယ္။ app ေတြကိုဖြင့္တဲ့အခ်ိန္ကလည္း ၁၅% ေလာက္ပိုျမန္လာျပီး AI အားသာတဲ့ chipset ျဖစ္တဲ့အတြက္ AI application ေတြမွာဆို ပိုျမန္ ပိုတိက်လာပါတယ္။

ဂိမ္းကစားတဲ့အခါနဲ႔ 4K HDR ဗီဒီယိုေတြဖြင့္တဲ့အခါမွာ ၄၀% ေလာက္ အားပိုေခြ်တာႏုိင္ျပီး ဗီဒီယိုေတြ ဆက္တုိက္ ၾကည့္ရင္ေတာ့ ၂၀%ေလာက္အားကုန္သက္သာပါတယ္။ Snapdragon X15 LTE Modem ကိုသံုးထားျပီး Cat 15 LTE (800Mbps) အျမန္ႏႈန္းကိုေထာက္ပံ့ေပးႏုိင္ပါတယ္။ 4×4 MIMO အပါအဝင္ ေနာက္ဆံုးေပၚ 4G LTE ခ်ိတ္ဆက္မႈေတြကို ျမွင့္ထားတာေၾကာင့္ လိုင္းဆြဲအားမေကာင္းတဲ့ေနရာေတြမွာေတာင္ ေဒါင္းလုပ္ဆြဲႏႈန္းက ၇၀% ေလာက္ပိုျမန္လာပါတယ္။

သူ႕မွာ Qualcomm Spectra 250 ISP အသစ္ေတြကိုသံုးထားတဲ့အတြက္ ပရိုဆန္တဲ့ဓာတ္ပံု ဗီဒီယိုေတြ ကိုရိုက္ကူးႏုိင္ပါတယ္။ low-light မွာျဖစ္တတ္တဲ့ noise ေတြကို ေလွ်ာ့ခ်ေပးႏုိင္တာ, autofocus ျမန္တာ၊ ပံုေတြကိုျငိမ္ ေအာင္ထိန္းညိွေပးႏုိင္တာ၊ Zoom ဆြဲရအဆင္ေျပလာတာနဲ႔ ပိုေကာင္းတဲ့ bokeh effect ေတြရုိက္ကူးႏုိင္တဲ့အား သာ ခ်က္ေတြရိွပါတယ္။ ဒါေၾကာင့္လည္း OPPO အေနနဲ႔ SND 710 ကိုေရြးခ်ယ္ခဲ့တယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။

unicode

OPPO ရဲ့အသစ်ထွက်ရှိလာတဲ့ R17 Pro စမတ်ဖုန်းမှာ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 710 chipset နဲ့ 8GB RAM သုံးထားပါတယ်။ အချက်အလက်သိုလှောင်နိုင်စွမ်းအတွက်  128GB တစ်မျိုးတည်းသာထုတ်လုပ်ပေးထားပြီး microSD card ထောက်ပံ့မှု မပါဝင်ပါဘူး။ ဘာကြောင့် OPPO အနေနဲ့ Snapdragon 710 ကိုသုံးလာသလဲဆိုတာ့ ကြည့်ကြည့်ရအောင်

Snapdragon 710 SoC ကို 10nm process နဲ့ဖန်တီးထုတ်လုပ်ထားပြီး AI engine ရော neural network processing တွေပါ ပါဝင်လာတဲ့အတွက် တန်ဖိုးကြီး flagship ဖုန်းတွေမှာသုံးထားတဲ့ SoC တွေရဲ့ စွမ်းဆောင်ရည်နဲ့ သိပ်တောင်မကွာ တော့ပါဘူး။ Task အကြီးကြီးတွေလုပ်ဆောင်နိုင်ဖို့အတွက် စွမ်းရည်မြင့်တဲ့ (Clock-speed 2.2GHz ရှိတဲ့) Kryo 360 [2 cores] နဲ့ သာမန် daily task တွေလုပ်ဆောင်ဖို့အတွက် clock-speed 1.7GHz ရှိတဲ့ Kryo 360 [6 cores] နဲ့ဖွဲ့စည်းထားတဲ့ octa-core CPU သုံးထားပါတယ်။

GPU အတွက်ကတော့ Adreno 616 GPU ကိုသုံးထားတာပါ။ ARM Cortex နည်းပညာပေါ်အခြေခံထားတဲ့ Kryo 360 ကတော့ စွမ်းဆောင်ရည်မှာ ၂၀% တောင်ပိုမြင့်လာပြီး browse လုပ်တဲ့အခါ မှာလည်း ၂၅% လောက်ပိုမြန်လာပါတယ်။ app တွေကိုဖွင့်တဲ့အချိန်ကလည်း ၁၅% လောက်ပိုမြန်လာပြီး AI အားသာတဲ့ chipset ဖြစ်တဲ့အတွက် AI application တွေမှာဆို ပိုမြန် ပိုတိကျလာပါတယ်။

ဂိမ်းကစားတဲ့အခါနဲ့ 4K HDR ဗီဒီယိုတွေဖွင့်တဲ့အခါမှာ ၄၀% လောက် အားပိုချွေတာနိုင်ပြီး ဗီဒီယိုတွေ ဆက်တိုက် ကြည့်ရင်တော့ ၂၀%လောက်အားကုန်သက်သာပါတယ်။ Snapdragon X15 LTE Modem ကိုသုံးထားပြီး Cat 15 LTE (800Mbps) အမြန်နှုန်းကိုထောက်ပံ့ပေးနိုင်ပါတယ်။ 4×4 MIMO အပါအဝင် နောက်ဆုံးပေါ် 4G LTE ချိတ်ဆက်မှုတွေကို မြှင့်ထားတာကြောင့် လိုင်းဆွဲအားမကောင်းတဲ့နေရာတွေမှာတောင် ဒေါင်းလုပ်ဆွဲနှုန်းက ၇၀% လောက်ပိုမြန်လာပါတယ်။

သူ့မှာ Qualcomm Spectra 250 ISP အသစ်တွေကိုသုံးထားတဲ့အတွက် ပရိုဆန်တဲ့ဓာတ်ပုံ ဗီဒီယိုတွေ ကိုရိုက်ကူးနိုင်ပါတယ်။ low-light မှာဖြစ်တတ်တဲ့ noise တွေကို လျှော့ချပေးနိုင်တာ, autofocus မြန်တာ၊ ပုံတွေကိုငြိမ် အောင်ထိန်းညှိပေးနိုင်တာ၊ Zoom ဆွဲရအဆင်ပြေလာတာနဲ့ ပိုကောင်းတဲ့ bokeh effect တွေရိုက်ကူးနိုင်တဲ့အား သာ ချက်တွေရှိပါတယ်။ ဒါကြောင့်လည်း OPPO အနေနဲ့ SND 710 ကိုရွေးချယ်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.