iPhone အသစ္မ်ားဟာ တစ္ႏွစ္အတြင္းမွာ အလံုးေရ သန္း ၃၅၀ ၀န္းက်င္ ေရာင္းခ်ရႏုိင္

0
1012

9to5Mac က ရရွိထားတဲ့ GBH Insights ရဲ႕ သုေတသန စစ္တမ္းအရ မၾကာခင္ ေၾကညာမယ့္ အိုင္ဖုန္း အသစ္သံုးလံုးဟာ စတင္ ေရာင္းခ်အၿပီး ၁၂ လကေန ၁၈ လအထိ ေရာင္းအား ရွိေနမယ္လို႔ သိရပါတယ္။ စစ္တမ္းက အဲဒီ ကာလအတြင္းမွာ အိုင္ဖုန္း အလံုးေရ သန္း ၃၅၀ ၀န္းက်င္ ေရာင္းခ်ရႏုိင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါဟာ Apple က အိုင္ဖုန္း အသစ္မ်ားကို iPhone 8 Series မ်ားထက္ မ်ားစြာ တိုးတက္လာေအာင္ ျဖစ္တယ္လို႔ ကြ်မ္းက်င္သူမ်ားက သံုးသပ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က iPhone 8 Series မ်ားရဲ႕ ေရာင္းအားဟာ ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ အိုင္ဖုန္း အေဟာင္း ပိုင္ရွင္ မ်ားစြာကေတာ့ iPhone 8 Series မ်ားကို ၀ယ္ယူျခင္း မရွိိခဲ့ပါဘူး။ iPhone 8 ဟာ iPhone 7 မ်ားထက္ မ်ားစြာ တိုးတက္လာမႈ မရွိျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ iPhone X ရဲ႕ ေစ်းႏႈန္း ႀကီးျမင့္မႈေၾကာင့္လည္း ပါပါတယ္။

တရုတ္မွာ အိုင္ဖုန္း ကိုင္ထားသူမ်ားဟာ လက္ရွိတြင္ သန္း ၁၀၀ ရွိၿပီး အဲဒီအထဲက သန္း ၆၀ ကေန ၇၀ ဟာ အိုင္ဖုန္း အသစ္ကို ၁၈ လအတြင္းမွာ ၀ယ္မယ္လို႔ စစ္တမ္း ေဖာ္ျပထားပါတယ္။ Apple ေနာက္ထုတ္မယ့္ ၆.၁ နဲ႔ ၆.၅ လက္မ အိုင္ဖုန္းမ်ားရဲ႕ ဒီဇိုင္းကိုျပသထားတဲ့ Dummy Models မ်ား အြန္လိုင္းမွာ ယခင္က ထြက္ေပၚလာပါတယ္။ Ben Geskin က တြစ္တာမွာ အဲဒီ ေမာ္ဒယ္မ်ားရဲ႕ ဓါတ္ပံုမ်ားကို တင္လိုက္တာပါ။ သူက “2018 iPhone X Plus (6.5-inch) and iPhone (6.1-inch) Dummy Models “ လို႔ ေရးသားထားပါတယ္။

ဖုန္း ၂ လံုး စလံုးရဲ႕ အေရွ႕ဘက္ဟာ iPhone X နဲ႔ မ်ားစြာ တူညီပါတယ္။ ၆.၁ လက္မ LCD Model မွာ ယခင္က သတင္းမ်ား အတုိင္း အေနာက္ကင္မရာ ၁ လံုးသာပါပါတယ္။ သူဟာ တန္ဖိုးနည္း ေမာ္ဒယ္ျဖစ္ၿပီး Stainless Steel အစား အလူမီနီယမ္ ကိုယ္ထည္၊ FaceID မ်ား ပါလာႏုိင္ပါတယ္။ 3D Touch ကို ဖယ္ရွားထားမွာပါ။

Apple ဟာ စက္တင္ဘာလမွာ ေနာက္မ်ိဳးဆက္ အိုင္ဖုန္းမ်ားကို ေၾကညာႏုိင္ပါတယ္။ အခ်ိဳ႕သတင္းမ်ားက ၆.၁ လက္မ LCD iPhone ကို ႏို၀င္ဘာလ မတိုင္ခင္ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

unicode

iPhone အသစ်များဟာ တစ်နှစ်အတွင်းမှာ အလုံးရေ သန်း ၃၅၀ ဝန်းကျင် ရောင်းချရနိုင်

9to5Mac က ရရှိထားတဲ့ GBH Insights ရဲ့ သုတေသန စစ်တမ်းအရ မကြာခင် ကြေညာမယ့် အိုင်ဖုန်း အသစ်သုံးလုံးဟာ စတင် ရောင်းချအပြီး ၁၂ လကနေ ၁၈ လအထိ ရောင်းအား ရှိနေမယ်လို့ သိရပါတယ်။ စစ်တမ်းက အဲဒီ ကာလအတွင်းမှာ အိုင်ဖုန်း အလုံးရေ သန်း ၃၅၀ ဝန်းကျင် ရောင်းချရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ Apple က အိုင်ဖုန်း အသစ်များကို iPhone 8 Series များထက် များစွာ တိုးတက်လာအောင် ဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က iPhone 8 Series များရဲ့ ရောင်းအားဟာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အိုင်ဖုန်း အဟောင်း ပိုင်ရှင် များစွာကတော့ iPhone 8 Series များကို ဝယ်ယူခြင်း မရှိခဲ့ပါဘူး။ iPhone 8 ဟာ iPhone 7 များထက် များစွာ တိုးတက်လာမှု မရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် iPhone X ရဲ့ ဈေးနှုန်း ကြီးမြင့်မှုကြောင့်လည်း ပါပါတယ်။

တရုတ်မှာ အိုင်ဖုန်း ကိုင်ထားသူများဟာ လက်ရှိတွင် သန်း ၁၀၀ ရှိပြီး အဲဒီအထဲက သန်း ၆၀ ကနေ ၇၀ ဟာ အိုင်ဖုန်း အသစ်ကို ၁၈ လအတွင်းမှာ ဝယ်မယ်လို့ စစ်တမ်း ဖော်ပြထားပါတယ်။ Apple နောက်ထုတ်မယ့် ၆.၁ နဲ့ ၆.၅ လက်မ အိုင်ဖုန်းများရဲ့ ဒီဇိုင်းကိုပြသထားတဲ့ Dummy Models များ အွန်လိုင်းမှာ ယခင်က ထွက်ပေါ်လာပါတယ်။ Ben Geskin က တွစ်တာမှာ အဲဒီ မော်ဒယ်များရဲ့ ဓါတ်ပုံများကို တင်လိုက်တာပါ။ သူက “2018 iPhone X Plus (6.5-inch) and iPhone (6.1-inch) Dummy Models “ လို့ ရေးသားထားပါတယ်။

ဖုန်း ၂ လုံး စလုံးရဲ့ အရှေ့ဘက်ဟာ iPhone X နဲ့ များစွာ တူညီပါတယ်။ ၆.၁ လက်မ LCD Model မှာ ယခင်က သတင်းများ အတိုင်း အနောက်ကင်မရာ ၁ လုံးသာပါပါတယ်။ သူဟာ တန်ဖိုးနည်း မော်ဒယ်ဖြစ်ပြီး Stainless Steel အစား အလူမီနီယမ် ကိုယ်ထည်၊ FaceID များ ပါလာနိုင်ပါတယ်။ 3D Touch ကို ဖယ်ရှားထားမှာပါ။

Apple ဟာ စက်တင်ဘာလမှာ နောက်မျိုးဆက် အိုင်ဖုန်းများကို ကြေညာနိုင်ပါတယ်။ အချို့သတင်းများက ၆.၁ လက်မ LCD iPhone ကို နိုဝင်ဘာလ မတိုင်ခင် ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Leave a Reply