iCloud subscriber တွေကို 200GB နှစ်လအခမဲ့သုံးစွဲခွင့်ပေးနေ

0
1232

Zawgyi Version




Unicode Version

အဲဒီနောက်မှာတော့ ဒေါ်လာ၂.၉၉ ကျသင့်မှာပါ။
Apple ဟာ iCloud ကို အခုမှစတင်သုံးစွဲမယ့်သူတွေအတွက် ပရိုမိုးရှင်းဆင်းနေတာ ဖြစ်ပါတယ်။ 9to5Mac က ယူအက်စ်ရဲ့ carrier ကြီးလေးခုအတွက် အခုလိုပေးအပ်နေမှုကို Reddit ပေါ်မှာရေးသားထားမှုလေးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ဒါပေမယ့် အခုလိုပေးအပ်မှုလေးကတော့ ယူအက်စ်မှာ iCloud မသုံးရသေးသူများသာ ရရှိနိုင်မှာပါ။ အဲဒီနောက်မှာတော့ တစ်လကို ဒေါ်လာ၂.၉၉ ကျသင့်မယ်လို့ ရေးသားဖော်ပြထားပါတယ်။
ကျွန်တော့မိတ်ဆွေ Chaim Gartenberg ကတော့ မေလတုန်းက အခုလိုပြောခဲ့ပါတယ်။ Apple ဟာ သူ့ရဲ့ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ sign up လုပ်ဖို့အတွက် လုပ်ဆောင်လာလိမ့်မယ်။ ဒါကတော့ နည်းနည်း စိတ်ပျက်စရာကောင်းတယ်။ ဖုန်းအတွက်လည်း ဒေါ်လာပေါင်းများစွာ ကုန်ထားတယ်။ Apple က 5GB အခမဲ့ပေးထားတတယ်ဆိုပေမယ်လည်း ဒီနှစ်အစောပိုင်းကတည်းက 50GB, 200GB နဲ့ 2TB စသဖြင့် သုံးစွဲသူအသစ်တွေကို လက်ဆောင်ပေးတဲ့သဘောမျိုး ပြန်လုပ်ပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီနည်းလမ်းတွေက ထိရောက်မှုမရှိတဲ့အတွက် အပိုထပ်ဆောင်းလတွေ ပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။ iCloud ကို မျက်စိကျနေတယ်ဆိုရင်တော့ sign up လုပ်လိုက်ပါတော့။

Leave a Reply