Huawei P20 Pro ဖုန္းေတြမွာ GPU Turbo update ရၿပီ

0
785

ံHuawei ရဲ႕စမတ္ဖုန္းျဖစ္တဲ့ P20 Pro စမတ္ဖုန္းနဲ႔အတူ  P20 ဖုန္းေတြမွာ  GPU Turbo update ကိုရရွိေနၿပီ ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ ၿပီးခဲ့တဲ့ လပိုင္းေလာက္က  GPU Turbo update ရရွိမယ့္ စမတ္ဖုန္း စာရင္းကို

ေၾကညာခဲ့ၿပီး အခုေတာ့ အဆင့္ျမင့္ကင္မရာနဲ႔ စမတ္ဖုန္းအတြက္ ထုတ္ေပးလိုက္တာပါ။  GPU Turbo update အတြက္ ဖိုင္အရြယ္အစားကေတာ့ 670MB ရွိမွာျဖစ္ပါတယ္။

Update အသစ္မွာ ဂိမ္းပိုင္းတင္မကဘဲ အျခားေျပာင္းလဲမႈေတြ ပါဝင္လာခဲ့ပါတယ္။ ဂိမ္းကစားတဲ့ အခါပိုမိုျမန္ဆန္သြက္လက္လာၿပီး၊ ဂိမ္းေတြကို လြယ္ကူစြာ ကစားႏုိင္ဖုိ႔ Game Suite app ပါထပ္ေပါင္းထည့္ ေပးထားပါတယ္။ အဲ့ဒီ  OTA update မွာ Google ရဲ႕ဇူလုိင္လအတြက္ security patch ေရာပါဝင္လာပါတယ္။

GPU Turbo နည္းပညာက Graphic ရဲ႕စြမ္းေဆာင္ရည္ကို ၆၀% ေလာက္ပိုတက္လာေစတဲ့အျပင္ အားကုန္မႈကိုလည္း ၃၀% ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒါေတြအျပင္ AR/VR နဲ႔ EMUI ရဲ႕ စြမ္းေဆာင္ရည္ေတြကိုလည္း ပိုျမွင့္ေပးႏုိင္မွာပါ။ PUBG Mobile နဲ႔ Mobile Legends: Bang Bang လိုဂိမ္းေတြကို ပိုမိုသြက္လက္ျမန္ဆန္စြာ ေဆာ့ကစားလာႏုိင္မွာပါ။

GPU Turbo updates ရရွိႏုိင္မယ့္ အျခားဖုန္းေတြအေနနဲ႔ စက္တင္ဘာလမွာေတာ့ Mate 9 စီးရီးဖုန္းေတြနဲ႔ ေအာက္တိုဘာလမွာေတာ့  P10 စီရီးဖုန္းေတြနဲ႔အတူ  Glory 9၊ Glory V9 ဖုန္းေတြမွာ ရရွိႏုိင္မွာျဖစ္ပါတယ္။ ႏိုဝင္ဘာလေနာက္ပိုင္းမွာလည္း အျခားေမာ္ဒယ္ျမင့္ Huawei ဖုန္းေတြအတြက္ Update ထပ္မံေပးသြားအုံးမွာ ျဖစ္တယ္လို႔ဆိုပါတယ္။

unicode

ံHuawei ရဲ့စမတ်ဖုန်းဖြစ်တဲ့ P20 Pro စမတ်ဖုန်းနဲ့အတူ  P20 ဖုန်းတွေမှာ  GPU Turbo update ကိုရရှိနေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ လပိုင်းလောက်က  GPU Turbo update ရရှိမယ့် စမတ်ဖုန်း စာရင်းကို

ကြေညာခဲ့ပြီး အခုတော့ အဆင့်မြင့်ကင်မရာနဲ့ စမတ်ဖုန်းအတွက် ထုတ်ပေးလိုက်တာပါ။  GPU Turbo update အတွက် ဖိုင်အရွယ်အစားကတော့ 670MB ရှိမှာဖြစ်ပါတယ်။

Update အသစ်မှာ ဂိမ်းပိုင်းတင်မကဘဲ အခြားပြောင်းလဲမှုတွေ ပါဝင်လာခဲ့ပါတယ်။ ဂိမ်းကစားတဲ့ အခါပိုမိုမြန်ဆန်သွက်လက်လာပြီး၊ ဂိမ်းတွေကို လွယ်ကူစွာ ကစားနိုင်ဖို့ Game Suite app ပါထပ်ပေါင်းထည့် ပေးထားပါတယ်။ အဲ့ဒီ  OTA update မှာ Google ရဲ့ဇူလိုင်လအတွက် security patch ရောပါဝင်လာပါတယ်။

GPU Turbo နည်းပညာက Graphic ရဲ့စွမ်းဆောင်ရည်ကို ၆၀% လောက်ပိုတက်လာစေတဲ့အပြင် အားကုန်မှုကိုလည်း ၃၀% လျှော့ချပေးနိုင်ပါတယ်။ ဒါတွေအပြင် AR/VR နဲ့ EMUI ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပိုမြှင့်ပေးနိုင်မှာပါ။ PUBG Mobile နဲ့ Mobile Legends: Bang Bang လိုဂိမ်းတွေကို ပိုမိုသွက်လက်မြန်ဆန်စွာ ဆော့ကစားလာနိုင်မှာပါ။

GPU Turbo updates ရရှိနိုင်မယ့် အခြားဖုန်းတွေအနေနဲ့ စက်တင်ဘာလမှာတော့ Mate 9 စီးရီးဖုန်းတွေနဲ့ အောက်တိုဘာလမှာတော့  P10 စီရီးဖုန်းတွေနဲ့အတူ  Glory 9၊ Glory V9 ဖုန်းတွေမှာ ရရှိနိုင်မှာဖြစ်ပါတယ်။ နိုဝင်ဘာလနောက်ပိုင်းမှာလည်း အခြားမော်ဒယ်မြင့် Huawei ဖုန်းတွေအတွက် Update ထပ်မံပေးသွားအုံးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

Leave a Reply