Honor 8X အပြင် 8X Max ကိုပါ မိတ်ဆက်ဖို့သေချာသွားပြီ

0
900




unicode

Huawei အသစ်ထွက်လာမယ့် စမတ်ဖုန်းသစ်ဖြစ်တဲ့ Honor 8X နဲ့ပတ်သတ်ပြီး Honor ဘက်နေ ကုမ္ပဏီရဲ့ Weibo အကောင့်မှာ ကြော်ငြာ ပိုစတာတစ်ခု တင်ပြီး အသိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Honor 8X ဖုန်းသစ်ကို စက်တင်ဘာ ၅ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး၊ပိုကြီးမားတဲ့ 8X Max ဖုန်းကိုပါ တစ်ပါတည်း မိတ်ဆက်သွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။

ကောလာဟလတွေအရ Honor 8X Max ဖုန်းမှာ 7.12-inch မျက်နှာပြင်သုံးလာမယ်လို့ သိရပါတယ်။ Honor 8X စီးရီးဖုန်းသစ်တွေဟာ ပြီးခဲ့တဲ့လလောက်က မိတ်ဆက်ထားတဲ့  Honor Note 10 ထက်တော့ ဈေးပိုမို သက်သာမှာ ဖြစ်ပါတယ်။  စမတ်ဖုန်းသစ်တွေမှာ ပရိုဆက်ဆာပိုင်းအတွက် နောက်ဆုံးပေါ် Kirin 710 SoC.ကိုသုံးလာဖြစ်ပြီးဈေးနှုန်းပိုင်းမှာ အရမ်းကြီးမများလောက်ပဲ အလယ်အလတ်ဆင့် ဖုန်းဖြစ်မှာပါ။

TENAA မှာထွက်ထားတဲ့ ပုံတွေအရ နောက်ကျောဘက်မှာ ကင်မရာ၂လုံးတပ်ဆင်ထားတာ တွေ့ရပြီး လက်ဗွေဖတ် စနစ်ကို နောက်ကျောဘက်အလယ်မှာ အဝိုင်းပုံစံလေး ထည့်ပေးထားပါတယ်။ ကင်မရာပိုင်းအတွက် အရှေ့ဘက်မှာ 8MP နဲ့ဖြစ်ပြီး၊ နောက်ကျောဘက်မှာတော့ 16MP + 2MP sensor ကိုတပ်ဆင်လာမှာပါ။ အချက်အလက် သိုလှောင်မှုပိုင်းအတွက် 64GB နဲ့  4GB  RAM ထောက်ပံ့ပေးလာ နိုင်ပါတယ်။

Leave a Reply