Snapdragon 670 သုံးလာဖို႔ ေသခ်ာသြားၿပီျဖစ္တဲ့ vivo X23 ဖုန္း

0
605

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူဟာ vivo X23 စမတ္ဖုန္းသစ္ကို ယခုလ၂၀ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ထင္မွတ္ထားတဲ့ အတိုင္းမျဖစ္ခဲ့ပါဘူး။ ဒီဖုန္းမွာ Snapdragon 670 ပရိုဆက္ဆာ သုံးလာမယ္ဆုိတဲ့ သတင္းကေတာ့ ဒီေန႔မွာ အတည္ျဖစ္ခဲ့ပါၿပီ။  Geekbench ရဲ႕ Benchmark စာရင္းမွာ vivo X23 V1809A model အေနနဲ႔ စမ္းသပ္ထားတဲ့ ရလာဒ္ေတြ ဒီေန႔ထြက္လာပါတယ္။

သူ႕မွာ 2.0GHz အျမန္ႏႈန္းနဲ႔ Kryo 360 cores ကိုသုံးထားပါတယ္။ Vivo X23 ရဲ႕အခ်က္အလက္ပိုင္းေတြ အေနနဲ႔ ဒီဖုန္းမွာ 6.4 လက္မအရြယ္အစား display ကိုသုံးလာမွာျဖစ္ၿပီး ပုံမွန္ဗားရွင္းမွာေတာ့ in-display fingerprint ဆင္ဆာေထာက္ပံ့ေပးမွာ မဟုတ္ပါဘူး။ ပရိုဆက္ဆာပိုင္းမွာေတာ့Snapdragon 670 octa-core ကိုထည့္သြင္း အသုံးျပဳလာမွာ ျဖစ္ပါတယ္။

ကင္မရာပိုင္းမွာေတာ့ အေရွ႕ဘက္ Notch ေလးမွာ ကင္မရာတစ္ခု ျမဳပ္ႏွံေပးထားမွာ ျဖစ္ၿပီး ေနာက္ေက်ာဘက္မွာေတာ့ Dual ကင္မရာ တပ္ဆင္ထားမွာပါ။ ဓာတ္ပုံေတြအရ ဖုန္းဟာေနာက္ေက်ာဘက္မွာ အေျပာင္ဒီဇိုင္းနဲ႔ ျဖစ္ၿပီး Dual ကင္မရာ၂လုံးကို ေထာင့္ဘက္မွာ အေထာင္ပုံစံ ထည့္သြင္းထားၿပီး ေအာက္ဘက္မွာေတာ့ Led flash ကိုတပ္ဆင္ထားပါတယ္။ ဘက္ထရီအားသြင္းဖို႔ အတြက္ 22.5W fast charging ေထာက္ပံ့ေပးပါလိမ့္မယ္။ ေစ်းႏႈန္းကေတာ့ ယြမ္ ၄ေထာင္ဝန္းက်င္ေလာက္ ရွိမွာပါ။

Unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူဟာ vivo X23 စမတ်ဖုန်းသစ်ကို ယခုလ၂၀ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ထင်မှတ်ထားတဲ့ အတိုင်းမဖြစ်ခဲ့ပါဘူး။ ဒီဖုန်းမှာ Snapdragon 670 ပရိုဆက်ဆာ သုံးလာမယ်ဆိုတဲ့ သတင်းကတော့ ဒီနေ့မှာ အတည်ဖြစ်ခဲ့ပါပြီ။  Geekbench ရဲ့ Benchmark စာရင်းမှာ vivo X23 V1809A model အနေနဲ့ စမ်းသပ်ထားတဲ့ ရလာဒ်တွေ ဒီနေ့ထွက်လာပါတယ်။

သူ့မှာ 2.0GHz အမြန်နှုန်းနဲ့ Kryo 360 cores ကိုသုံးထားပါတယ်။ Vivo X23 ရဲ့အချက်အလက်ပိုင်းတွေ အနေနဲ့ ဒီဖုန်းမှာ 6.4 လက်မအရွယ်အစား display ကိုသုံးလာမှာဖြစ်ပြီး ပုံမှန်ဗားရှင်းမှာတော့ in-display fingerprint ဆင်ဆာထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ ပရိုဆက်ဆာပိုင်းမှာတော့Snapdragon 670 octa-core ကိုထည့်သွင်း အသုံးပြုလာမှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ အရှေ့ဘက် Notch လေးမှာ ကင်မရာတစ်ခု မြုပ်နှံပေးထားမှာ ဖြစ်ပြီး နောက်ကျောဘက်မှာတော့ Dual ကင်မရာ တပ်ဆင်ထားမှာပါ။ ဓာတ်ပုံတွေအရ ဖုန်းဟာနောက်ကျောဘက်မှာ အပြောင်ဒီဇိုင်းနဲ့ ဖြစ်ပြီး Dual ကင်မရာ၂လုံးကို ထောင့်ဘက်မှာ အထောင်ပုံစံ ထည့်သွင်းထားပြီး အောက်ဘက်မှာတော့ Led flash ကိုတပ်ဆင်ထားပါတယ်။ ဘက်ထရီအားသွင်းဖို့ အတွက် 22.5W fast charging ထောက်ပံ့ပေးပါလိမ့်မယ်။ ဈေးနှုန်းကတော့ ယွမ် ၄ထောင်ဝန်းကျင်လောက် ရှိမှာပါ။

 

Leave a Reply