Enterprise Trending

သူစိမ်းတွေက ကိုယ်နဲ့ဘယ်အချက်တွေတူလဲစစ်ပေးမယ့် feature ကို Facebook စမ်းသပ်

Zawgyi Version




Unicode Version

အခြားသူတွေမြင်အောင်ပြချင်တဲ့ info လေးတွေကို သုံးစွဲသူတွေဆီကနေ ကောက်ယူသွားမှာဖြစ်ပါတယ်။
ဒါလေးကတော့ Facebook ကနောက်ဆုံးစမ်းသပ်နေတဲ့ feauture လေးဖြစ်ပါတယ်။ public post တွေမှာ ကွန်မန့်ပေးထားတဲ့သူတွေနဲ့ သင်ဟာဘယ်လောက်ချိတ်ဆက်မှုတွေရှိနေလဲ ရှာတွေ့နိုင်တော့မှာပါ။ “things in common” လို့ခေါ်တဲ့ feature လေးကတော့ သင်နဲ့ friend မဟုတ်သေးတဲ့သူတစ်ယောက်ရဲ့ တူညီတဲ့အချက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


သူကတော့ ဘယ်တက္ကသိုလ်ဆင်း၊ ဘယ် group ရဲ့မန်ဘာ ဆိုတာမျိုးတွေကို ပြသပေးမှာဖြစ်တယ်လို့ ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောသွားပါတယ်။ တစ်ယောက်နဲ့တစ်ယောက်နီးစပ်တယ်ဆိုရင်လည်း မန္တလေးမှာနေတယ်လို့ ပြသပေးမှာပါ။ ရန်ကုန်ဆိုလည်း ရန်ကုန်ပေါ့။
ဒီလိုနည်းလမ်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မယ်ဆိုတာကတော့ ကောင်းလား၊ ဆိုးလား ငြင်းခုံနေကြဆဲပါပဲ။ Facebook ကတော့ public info တွေကို profile မှာသာ ပြသပေးမယ်လို့ ပြောထားပါတယ်။ ဒီတော့ မပြချင်တဲ့ဟာတွေကို private လုပ်ထားဖို့လိုပါတယ်။
လုပ်ရတဲ့ရည်ရွယ်ချက်တော့ public discussion တွေကို ပိုပြီးကောင်းမွန်စေချင်လို့ပါ။ အသိပညာတွေကို မျှဝေပေးတယ်ဆိုတာက လူတိုင်းကိုချိတ်ဆက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ‘things in common’ label လေးကို friend မဟုတ်တဲ့သူတွေရဲ့ ကွန်မန့်အပေါ်နားလေးမှာ မြင်အောင် လုပ်ပေးမှာပါ။ ဒီတော့ ကိုယ်တဲ့တူတဲ့အချက်လေးတွေရှိတဲ့သူကို မြင်တွေ့နိုင်မှာပါ။ ရနိုင်တဲ့အချက်အလက်တွေကတော့ profile မှာ ဝင်ကြည့်မှ မြင်ရနိုင်မှာဖြစ်ပါတယ်။
“things in common” ကတော့ သုံးစွဲသူအနည်းငယ်မှာသာ တွေ့မြင်ရပါသေးတယ်။ ယူအက်စ်မှာပဲရသေးတာပါ။ ဒါပေမယ့် စမ်းသပ်လိုက်တိုင်းမှာလည်း တကယ့် feature အဖြစ်နဲ့ ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ဒီတော့ ထွက်လာခဲ့မယ်ဆိုရင်တောင် ကိုယ်မပြချင်တဲ့အချက်တွေကို private လုပ်ထားဖို့ မမေ့ပါနဲ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.