Meizu 16X ရဲ႕ အစိတ္အပိုင္းမ်ားဟာ Meizu 16 နဲ႔ တူေပမယ့္ ကြဲျပားတဲ့ SoC ထည့္ထားမွာ ေသခ်ာၿပီ

0
656

Meizu ရဲ႕ စီအီးအို ျဖစ္သူ ဂ်က္ေ၀ါင္းက ေနာက္ထုတ္မယ့္ စမတ္ဖုန္းမ်ားရဲ႕ သတင္းအခ်က္အလက္မ်ားကို ႀကိဳတင္ ေျပာျပတဲ့ ေနရာမွာ နာမည္ႀကီးပါတယ္။ Meizu 16 နဲ႔ 16 Plus မ်ားကို မိတ္မဆက္ခင္မွာလည္း သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားစြာကို ေျပာျပခဲ့ဖူးပါတယ္။ အခုလည္း ေနာက္ထုတ္မယ့္ Meizu 16X စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္မ်ားကို Community Discussion တစ္ခုမွာ ေျပာၾကားလိုက္ပါတယ္။

သူက 16X ရဲ႕ ဟာ့ဒ္၀ဲမ်ားစြာဟာ Meizu 16 နဲ႔ တူညီမွာ ျဖစ္ၿပီး အဓိက ကြဲျပားခ်က္က SoC ျဖစ္တယ္လို႔ ေျပာပါတယ္။ သူဟာ 16 ရဲ႕ စြမ္းရည္သင့္ ေမာ္ဒယ္တစ္ခု ျဖစ္ပါတယ္။ Meizu 16X ကိုေတာ့ စက္တင္ဘာလမွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ စမတ္ဖုန္း ထုတ္လုပ္သူ Meizu အေနနဲ႔ စမတ္ဖုန္းသစ္ျဖစ္တဲ့ 16X ကိုSnapdragon 710 သံုးသြားမွာ ျဖစ္တယ္လို႔ စီအီးအိုက ေျပာၾကားဖူးပါတယ္။

Meizu 16X ရဲ႕ Benchmark Test လုပ္ထားတဲ့ အမွတ္ေတြလည္း ထြက္ရွိထားၿပီး 164726 points အထိ ရရွိထားပါတယ္။ Meizu ရဲ႕စီအီးအိုျဖစ္တဲ့ ဂ်က္ေ၀ါင္းကေတာ့ Meizu 16X ဖုန္းဟာ Xiaomi Mi 8 SE ဖုန္းထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ခ်က္နဲ႔ ထြက္လာမွာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။ သူ႕မွာ Snapdragon 710 နဲ႔ Adreno 616 ကိုသုံးသြားမွာ ျဖစ္ၿပီး 6GB RAM မွာ 64GB အခ်က္အလက္ သိုေလွာင္မႈ သုံးထားမွာ ျဖစ္ပါတယ္။ ကင္မရာပုိင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ Dual တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

OS ပိုင္းမွာေတာ့ Android 8.1 Oreo နဲ႔ျဖစ္ၿပီး မ်က္ႏွာျပင္ 5.8 inches မွာေဖာ္ျပႏုိင္စြမ္းဟာ 2160×1080 pixels ရွိမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ Xiaomi Mi 8 SE ထက္ပိုသက္သာမယ္လို႔ သိရပါတယ္။ Mi 8 SE ရဲ႕ 4GB RAM Model ကို ယြမ္ ၁၈၀၀ ( ၂၃၀ ယူရို) နဲ႔ 6GB RAM Model ကို ယြမ္ ၂၀၀၀ ( ၂၅၀ ယူရို) ျဖင့္ လက္ရွိွမွာ ေရာင္းခ်ေပးထားပါတယ္။

unicode

Meizu 16X ရဲ့ အစိတ်အပိုင်းများဟာ Meizu 16 နဲ့ တူပေမယ့် ကွဲပြားတဲ့ SoC ထည့်ထားမှာ သေချာပြီ

Meizu ရဲ့ စီအီးအို ဖြစ်သူ ဂျက်ဝေါင်းက နောက်ထုတ်မယ့် စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်များကို ကြိုတင် ပြောပြတဲ့ နေရာမှာ နာမည်ကြီးပါတယ်။ Meizu 16 နဲ့ 16 Plus များကို မိတ်မဆက်ခင်မှာလည်း သူတို့ရဲ့ သတင်းအချက်အလက်များစွာကို ပြောပြခဲ့ဖူးပါတယ်။ အခုလည်း နောက်ထုတ်မယ့် Meizu 16X စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များကို Community Discussion တစ်ခုမှာ ပြောကြားလိုက်ပါတယ်။

သူက 16X ရဲ့ ဟာ့ဒ်ဝဲများစွာဟာ Meizu 16 နဲ့ တူညီမှာ ဖြစ်ပြီး အဓိက ကွဲပြားချက်က SoC ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ 16 ရဲ့ စွမ်းရည်သင့် မော်ဒယ်တစ်ခု ဖြစ်ပါတယ်။ Meizu 16X ကိုတော့ စက်တင်ဘာလမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူ Meizu အနေနဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ 16X ကိုSnapdragon 710 သုံးသွားမှာ ဖြစ်တယ်လို့ စီအီးအိုက ပြောကြားဖူးပါတယ်။

Meizu 16X ရဲ့ Benchmark Test လုပ်ထားတဲ့ အမှတ်တွေလည်း ထွက်ရှိထားပြီး 164726 points အထိ ရရှိထားပါတယ်။ Meizu ရဲ့စီအီးအိုဖြစ်တဲ့ ဂျက်ဝေါင်းကတော့ Meizu 16X ဖုန်းဟာ Xiaomi Mi 8 SE ဖုန်းထက် ပိုကောင်းတဲ့ စွမ်းဆောင်ချက်နဲ့ ထွက်လာမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ သူ့မှာ Snapdragon 710 နဲ့ Adreno 616 ကိုသုံးသွားမှာ ဖြစ်ပြီး 6GB RAM မှာ 64GB အချက်အလက် သိုလှောင်မှု သုံးထားမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ Dual တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

OS ပိုင်းမှာတော့ Android 8.1 Oreo နဲ့ဖြစ်ပြီး မျက်နှာပြင် 5.8 inches မှာဖော်ပြနိုင်စွမ်းဟာ 2160×1080 pixels ရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ Xiaomi Mi 8 SE ထက်ပိုသက်သာမယ်လို့ သိရပါတယ်။ Mi 8 SE ရဲ့ 4GB RAM Model ကို ယွမ် ၁၈၀၀ ( ၂၃၀ ယူရို) နဲ့ 6GB RAM Model ကို ယွမ် ၂၀၀၀ ( ၂၅၀ ယူရို) ဖြင့် လက်ရှှိမှာ ရောင်းချပေးထားပါတယ်။

Leave a Reply