Google Assistant ပါလာမယ့် LG ThinQ TV များ

0
815





unicode

Google Assistant ပါလာမယ့်် LG ThinQ TV များ

ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များကို အီလက်ထရောနစ် ကိရိယာများစွာမှာ ထည့်သွင်းလာကြပါတယ်။ အခုလည်း တီဗီများမှာ သူတို့ ပါလာတော့မှာပါ။ LG က သူ့ရဲ့ ၂၀၁၈ ခုနှစ်ထုတ် ThinQ TVs များမှာ Google Assistant ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ လက်ရှိမှာ Canada, Australia, the UK တို့မှာ စတင် ထည့်သွင်းပေးနေပါပြီ။ ယခုနှစ်ကုန်မှာ South Korea, Spain, France, Germany စတဲ့ နိုင်ငံများမှာ ရရှိမှာဖြစ်ပါတယ်။

TV Remote က မိုက်ကရိုဖုန်းကနေ အသံအမိန့်များဖြင့် Google Assistant ကို ခိုင်းစေနိုင်ပါတယ်။ ရုပ်ရှင်နဲ့ တီဗီစီးရီးများကို ရှာဖွေခြင်း၊ သူတို့ရဲ့ သတင်းအချက်အလက်များကို လေ့လာခြင်းများ အပါအဝင် အလုပ်များစွာကို ခိုင်းစေနိုင်ပါတယ်။ Google Assistant နဲ Alexa တို့ကို စမတ်နေအိမ် ကိရိယာများကို ထိန်းချုပ်ဖို့ အသုံးပြုနိုင်ပါတယ်။

အမေရိကန်မှာ LG ThinQ TVs များကို စတင် ရောင်းချပေးကတည်းက Google Assistant ပါလာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Alexa ကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် LG ရဲ့ ကိုယ်ပိုင် WebOS အခြေပြု ThinQ AI အား အသံအမိန့်ဖြင့် အလုပ်များ ခိုင်းစေနိုင်ပါတယ်။ LG က အနာဂတ်မှာ သြစတြေးလျနဲ့ ကနေဒါ နိုင်ငံများအတွက် Amazon Alexa ကို ဖြန့်ချီသွားဖို့ စီစဉ်နေပါတယ်။ အချိန်အတိအကျကိုတော့ မသိရသေးပါဘူး။

ယခုနှစ် အစောပိုင်းမှာ LG က Google Assistant ကို သူ့ရဲ့ ယခုနှစ်ထုတ် ThinQ TV များမှာ ထည့်သွင်းဖို့ Google နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ ကြေညာချက်ကို ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ Consumer Electronics Show မှာ ပြုလုပ်ခဲ့တာပါ။

Leave a Reply