Facial Recognition System က ေလဆိပ္မွာ အေယာင္ေဆာင္သူကို ဖမ္းမိ

0
807

US Customs and Border Protection က Washington Dulles International Airport မွာ စာရြက္စာတမ္း အတုမ်ားျဖင့္ အျခားလူ အေယာင္ေဆာင္ထားသူကို Facial Recognition စနစ္က ဖမ္းမိခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။ တရားခံဟာ ျပင္သစ္လူမ်ိဳးတစ္ေယာက္ရဲ႕ ပတ္စ္ပို႔တ္ကုိ သံုးထားတာပါ။ ဒါေပမယ့္ မ်က္ႏွာ အာရံုခံ နည္းပညာက အဲဒီလူရဲ႕ မ်က္နွာဟာ Passport Photo နဲ႔ မတူညီဘူးဆိုတာကို စစ္ေဆးေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။

အဲဒီေနာက္မွာ တာ၀န္ရွိသူမ်ားက အဲဒီ လူအား ရွာေဖြရာမွာ ရွဴးဖိနပ္အတြင္းမွ ဖြက္ထားတဲ့ သူ႔ရဲ႕ ပတ္စ္ပို႔တ္ကို သိမ္းဆညး္ရမိခဲ့ပါတယ္။ သူဟာ ကြန္ဂို ႏိုင္ငံ ပတ္စ္ပို႔တ္ကို ကိုင္ေဆာင္ထားသူျဖစ္ပါတယ္။ သူဟာ အသက္ ၂၆ ႏွစ္အရြယ္ရွိၿပီး ဘရာဇီးနိုင္ငံ ဆာအိုေပၚလို ကေန အေမရိကန္ထဲကို တရားမ၀င္ ၀င္ေရာက္လာသူ ျဖစ္ပါတယ္။ မ်က္ႏွာအာရံုခံ နည္းပညာကို ၿပီးခဲ့တဲ့ တနလၤာေန႔ကမွ တပ္ဆင္ခဲ့တာ ျဖစ္ၿပီး ဒါဟာ အေမရိကန္ထဲကို တရားမ၀င္ ၀င္ေရာက္လာသူမ်ားအား ဒီနည္းပညာက ပထမဆံုး ေဖာ္ထုတ္ႏိုင္ခဲ့တဲ့ အမႈ ျဖစ္ပါတယ္။ တရားခံကို မဖမ္းမိခင္ သံုးရက္ အလိုကမွ တပ္ဆင္ထားတာ ျဖစ္ပါတယ္။

အေမရိကန္ ေလဆိပ္ ၁၄ ခုမွာ ဒီနည္းပညာကို တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ စာရြက္စာတမ္း အတုမ်ားျဖင့္ အေမရိကန္ထဲကို တရားမ၀င္ ၀င္ေရာက္လာတဲ့ လူမ်ားအား ဖမ္္းဆီးႏုိင္ဖို႔ ျဖစ္ပါတယ္။ အဲဒီနည္းပညာကို နယူးေယာက္မွ JFK Airport မွာ ၂၀၁၆ ခုႏွစ္ကစၿပီး စမ္းသပ္ခဲ့ပါတယ္။ DULLES AIRPORT မွာေတာ့ ၂၀၁၅ ခုႏွစ္ကတည္းက စမ္းသပ္ခဲ့တာပါ။ အနာဂတ္မွာ ခရီးသြားမ်ားရဲ႕ ID မ်ားကို စစ္ေဆးဖို႔ Boarding Passes မ်ား၊ ID Documents မ်ား အစား Biometric မ်ားကို အသံုးျပဳမယ္လို႔ US Customs and Border Protection က ေျပာပါတယ္။

unicode

Facial Recognition System က လေဆိပ်မှာ အယောင်ဆောင်သူကို ဖမ်းမိ

US Customs and Border Protection က Washington Dulles International Airport မှာ စာရွက်စာတမ်း အတုများဖြင့် အခြားလူ အယောင်ဆောင်ထားသူကို Facial Recognition စနစ်က ဖမ်းမိခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ တရားခံဟာ ပြင်သစ်လူမျိုးတစ်ယောက်ရဲ့ ပတ်စ်ပို့တ်ကို သုံးထားတာပါ။ ဒါပေမယ့် မျက်နှာ အာရုံခံ နည်းပညာက အဲဒီလူရဲ့ မျက်နှာဟာ Passport Photo နဲ့ မတူညီဘူးဆိုတာကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ တာဝန်ရှိသူများက အဲဒီ လူအား ရှာဖွေရာမှာ ရှူးဖိနပ်အတွင်းမှ ဖွက်ထားတဲ့ သူ့ရဲ့ ပတ်စ်ပို့တ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ သူဟာ ကွန်ဂို နိုင်ငံ ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားသူဖြစ်ပါတယ်။ သူဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး ဘရာဇီးနိုင်ငံ ဆာအိုပေါ်လို ကနေ အမေရိကန်ထဲကို တရားမဝင် ဝင်ရောက်လာသူ ဖြစ်ပါတယ်။ မျက်နှာအာရုံခံ နည်းပညာကို ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ တပ်ဆင်ခဲ့တာ ဖြစ်ပြီး ဒါဟာ အမေရိကန်ထဲကို တရားမဝင် ဝင်ရောက်လာသူများအား ဒီနည်းပညာက ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့ အမှု ဖြစ်ပါတယ်။ တရားခံကို မဖမ်းမိခင် သုံးရက် အလိုကမှ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

အမေရိကန် လေဆိပ် ၁၄ ခုမှာ ဒီနည်းပညာကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်ကတော့ စာရွက်စာတမ်း အတုများဖြင့် အမေရိကန်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ လူများအား ဖမ်းဆီးနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီနည်းပညာကို နယူးယောက်မှ JFK Airport မှာ ၂၀၁၆ ခုနှစ်ကစပြီး စမ်းသပ်ခဲ့ပါတယ်။ DULLES AIRPORT မှာတော့ ၂၀၁၅ ခုနှစ်ကတည်းက စမ်းသပ်ခဲ့တာပါ။ အနာဂတ်မှာ ခရီးသွားများရဲ့ ID များကို စစ်ဆေးဖို့ Boarding Passes များ၊ ID Documents များ အစား Biometric များကို အသုံးပြုမယ်လို့ US Customs and Border Protection က ပြောပါတယ်။

Leave a Reply