Australia က Huawei နဲ႔ ZTE ရဲ႕ 5G အစိတ္အပိုင္းမ်ားကို ပိတ္ပင္

0
983

ၾသစေၾတးလ်က သူ႔ႏုိင္ငံရဲ႕ 5G ကြန္ယက္အတြက္ Huawei နဲ႔ ZTE ရဲ႕ 5G အစိတ္အပိုင္းမ်ားကို ပိတ္ပင္လိုက္ပါတယ္။ တရုတ္ ကုမၸဏီမ်ားရဲ႕ ေဒတာ ခိုးယူမႈရန္ကို စိုးရိမ္တဲ့အတြက္ ဒီလို ပိတ္ပင္တာ ျဖစ္ပါတယ္။ ၾသစေၾတးလ်က အေမရိကန္ မူ၀ါဒ အတိုင္း ျပဳလုပ္လိုက္တာ ျဖစ္ပါတယ္။ မၾကာခင္ကလည္း အေမရိကန္ အာဏာပိုင္မ်ားဟာ အဲဒီ ကုမၸဏီ ႏွစ္ခုကို ဒီလို ပိတ္ပင္ခဲ့ပါတယ္။ အေမရိကန္ အစိုးရက အဲဒီေနာက္ပိုင္းမွာ သူတို႔ရဲ႕ ဖုန္း ၊ တက္ဘလက္မ်ားအား အေမရိကန္ အစိုးရနဲ႔ ၀န္ထမ္းမ်ားက အသံုးမျပဳေအာင္ တားဆီးခဲ့ပါတယ္။

Huawei Australia က ၾသစေၾတးလ်ရဲ႕ ဆံုးျဖတ္ခ်က္ဟာ စားသံုးသူမ်ားအတြက္ အလြန္ ထိခိုက္ေစတယ္လို႔ တြစ္တာမွာ ေၾကညာလိုက္ပါတယ္။ ဒါ့အျပင္ ဟြာေ၀းဟာ 5G နယ္ပယ္မွာ ကမာၻ႕ ထိပ္တန္း ဦးေဆာင္သူ တစ္ဦး ျဖစ္ၿပီး ၾသစေၾတးလ်မွာ ႀကိဳးမဲ့ နည္းပညာကို လံုျခံဳစိတ္ခ်စြာ ပံ့ပိုးေပးေနတာ ၁၅ ႏွစ္ရွိၿပီလို႔ ေရးသားထားပါတယ္။

တရုတ္ အစိုးရကလည္း မေက်နပ္ေၾကာင္း ေၾကညာလိုက္ပါတယ္။ တရုတ္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက “ သဘာ၀ မက်တဲ့ နည္းလမ္းမ်ားကို စြန္႔လႊတ္ၿပီး တရုတ္ ကုမၸဏီမ်ားအား တရားမွ်တတဲ့ ယွဥ္ၿပိဳင္မႈကို ေပးသင့္ေၾကာင္း ၾသစေၾတးလ် အစိုးရအား တိုက္တြန္းလိုက္ပါတယ္။ “ လို႔ ေျပာပါတယ္။ တရုတ္ရဲ႕ ကုမၸဏီမ်ားအား ပိတ္ပင္တားဆီးဖို႔ ၾသစေၾတးလ် အစိုးရက အေၾကာင္းျပခ်က္မ်ား ေပးေနတာပါလို႔ တုန္႔ျပန္လိုက္ပါတယ္။

ဆက္သြယ္ေရး နည္းပညာမ်ားကို အသံုးျပဳၿပီး ႏိုင္ငံတစ္ခုနဲ႔ တစ္ခု အၾကားမွာ ေဒတာခိုးယူမႈမ်ား၊ ဆိုက္ဘာ တိုက္ခိုက္မႈမ်ား ျဖစ္ပြား ေနပါတယ္။ ၿပီးခဲ့တဲ့ အေမရိကန္ ေရြးေကာက္ပြဲမွာလည္း ရုရွားက ေႏွာင့္ယွက္ခဲ့တယ္ဆိုတဲ့ ေ၀ဖန္မႈမ်ားစြာ ရွိခဲ့ပါတယ္။

unicode

Australia က Huawei နဲ့ ZTE ရဲ့ 5G အစိတ်အပိုင်းများကို ပိတ်ပင်

သြစတြေးလျက သူ့နိုင်ငံရဲ့ 5G ကွန်ယက်အတွက် Huawei နဲ့ ZTE ရဲ့ 5G အစိတ်အပိုင်းများကို ပိတ်ပင်လိုက်ပါတယ်။ တရုတ် ကုမ္ပဏီများရဲ့ ဒေတာ ခိုးယူမှုရန်ကို စိုးရိမ်တဲ့အတွက် ဒီလို ပိတ်ပင်တာ ဖြစ်ပါတယ်။ သြစတြေးလျက အမေရိကန် မူဝါဒ အတိုင်း ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ မကြာခင်ကလည်း အမေရိကန် အာဏာပိုင်များဟာ အဲဒီ ကုမ္ပဏီ နှစ်ခုကို ဒီလို ပိတ်ပင်ခဲ့ပါတယ်။ အမေရိကန် အစိုးရက အဲဒီနောက်ပိုင်းမှာ သူတို့ရဲ့ ဖုန်း ၊ တက်ဘလက်များအား အမေရိကန် အစိုးရနဲ့ ဝန်ထမ်းများက အသုံးမပြုအောင် တားဆီးခဲ့ပါတယ်။

Huawei Australia က သြစတြေးလျရဲ့ ဆုံးဖြတ်ချက်ဟာ စားသုံးသူများအတွက် အလွန် ထိခိုက်စေတယ်လို့ တွစ်တာမှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ဟွာဝေးဟာ 5G နယ်ပယ်မှာ ကမ္ဘာ့ ထိပ်တန်း ဦးဆောင်သူ တစ်ဦး ဖြစ်ပြီး သြစတြေးလျမှာ ကြိုးမဲ့ နည်းပညာကို လုံခြုံစိတ်ချစွာ ပံ့ပိုးပေးနေတာ ၁၅ နှစ်ရှိပြီလို့ ရေးသားထားပါတယ်။

တရုတ် အစိုးရကလည်း မကျေနပ်ကြောင်း ကြေညာလိုက်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက “ သဘာ၀ မကျတဲ့ နည်းလမ်းများကို စွန့်လွှတ်ပြီး တရုတ် ကုမ္ပဏီများအား တရားမျှတတဲ့ ယှဉ်ပြိုင်မှုကို ပေးသင့်ကြောင်း သြစတြေးလျ အစိုးရအား တိုက်တွန်းလိုက်ပါတယ်။ “ လို့ ပြောပါတယ်။ တရုတ်ရဲ့ ကုမ္ပဏီများအား ပိတ်ပင်တားဆီးဖို့ သြစတြေးလျ အစိုးရက အကြောင်းပြချက်များ ပေးနေတာပါလို့ တုန့်ပြန်လိုက်ပါတယ်။

ဆက်သွယ်ရေး နည်းပညာများကို အသုံးပြုပြီး နိုင်ငံတစ်ခုနဲ့ တစ်ခု အကြားမှာ ဒေတာခိုးယူမှုများ၊ ဆိုက်ဘာ တိုက်ခိုက်မှုများ ဖြစ်ပွား နေပါတယ်။ ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာလည်း ရုရှားက နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။

Leave a Reply