Apple ရဲ့ ရောင်းအားအကောင်းဆုံး product ကတော့ AirPods ဖြစ်နေ

0
1228

Zawgyi version




Unicode version

၂၀၁၆ တုန်းက Apple ရဲ့ ရောင်းအားအကောင်းဆုံး item ကတော့ 3.3 foot Lighting cable ဖြစ်ခဲ့ပါတယ်။ ၀၁၇ ရဲ့ ဒုတိယကွာတားမှာတော့ ရောင်းအားအကောင်းဆုံး item က Lightning-to-3.5mm headphone adapter ပဲဖြစ်ပါတယ်။ Apple က ၂၀၁၆ မှာ headphone jack မပါတဲ့ iPhone 7 ကိုမိတ်ဆက်ခဲ့ပါတယ်။
အဲ့တုန်းက user တွေ ဂယက်ထခဲ့ ပါသေးတယ်။ headphone jack မပါဘဲ ဘယ်လိုတွေလုပ်ဆောင်မှာလဲ ဆိုပြီးတော့ပေါ။ ဒါပေမယ့် Apple ရဲ့ fan စစ်စစ်တွေကတော့ Apple ကို သစ္စာမပျက်ခဲ့ကြပါဘူး။


ခုသြဂုတ် ၁၄ မှာတော့ Apple ရဲ့ ရောင်းအားအကောင်းဆုံး product တွေရဲ့ စာရင်းကို လေ့လာကြည့်သလောက်မှာတော့ AirPods ကထိပ်ဆုံးမှာ ရှိနေပြီး Lightning-to-3.5mm headphone adapter က ဒုတိယနေရာမှာ ရှိနေပါတယ်။ MacBook Air ကတော့ တတိယနေရာမှာပဲ ဖြစ်ပါတယ်။ Apple fan တွေကတော့ headphone jack မပါလဲ သူတို့က $160 အကုန်ခံပြီးတော့ကို Apple ကိုအားပေးလျှက်ပါပဲ။

Leave a Reply