အ၀တ္အစားမ်ားကို သန္႔စင္ေပးမယ့္ Samsung ရဲ႕ စက္ကိရိယာ

0
837

ဆမ္ေဆာင္းက စမတ္ ေနအိမ္ ထုတ္ကုန္မ်ားကို ဖန္တီးေရာင္းခ်ေနပါတယ္။ အခုလည္း ထူးျခား ဆန္းသစ္တဲ့ ကိရိယာတစ္ခုကို ျပသလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Air Dresser ျဖစ္ၿပီး သူဟာ အ၀တ္ ဘီဒိုနဲ႔ တူညီပါတယ္။ သူ႔အထဲမွာ အ၀တ္အစားမ်ားကို ထည့္ေပးလိုက္တာနဲ႔ သန္႔စင္ေပးၿပီး အနံ႔ဆိုးမ်ားကို ဖယ္ရွားေပးပါတယ္။ သူက ေလ၊ ေရေႏြးေငြ႕၊ အေျခာက္ခံျခင္းနဲ႔ သန္႔စင္ျခင္း စတဲ့နည္းလမ္း ၄ ခုျဖင့္ အ၀တ္အစားမ်ားကို သန္႔စင္ေပးပါတယ္။

Samsung က ၂၅ မိနစ္အတြင္းမွာ အ၀တ္အစားမ်ားမွ ဖုန္မ်ားကို ၉၉ ရာခုိင္ႏႈန္း ဖယ္ရွားေပးတယ္လို႔ ေျပာပါတယ္။ Air Dresser က ေရာဂါပိုးမႊားမ်ားကိုလည္း သတ္ပစ္ေပးႏုိင္တယ္္လို႔ ဆမ္ေဆာင္းက ေျပာပါတယ္။ သူ႔မွာ အထူး ဖန္တီးထားတဲ့ အ၀တ္အစား ခ်ိတ္သံုးမ်ိဳးပါၿပီး အ၀တ္အစားမ်ားကို အတြင္းေရာ အျပင္ပါ သန္႔စင္ေပးပါတယ္။ ေလနဲ႔ ေရေႏြးေငြ႔မ်ားကို အ၀တ္အစား အႏွံ႔ကို ပက္ျဖန္းေပးျခင္းျဖင့္ ဖုန္နဲ႔ အနံ႔ဆိုးမ်ားကို ဖယ္ရွားေပးပါတယ္။

သူက Samsung SmartThings နဲ႔ ခ်ိတ္ဆက္ႏုိင္ၿပီး အ၀တ္အစား အေပၚ မူတည္၍ မတူညီတဲ့ သန္႔ရွင္းေရး ပရိုဂရမ္မ်ားကို အၾကံျပဳေပးႏုိင္ပါတယ္။ SmartThings App က အ၀တ္အစားမ်ား သန္႔စင္ၿပီးတဲ့ အခ်ိန္နဲ႔ Air Filter လဲလွယ္ရမယ့္ အခ်ိန္ကို အသိေပးႏုိင္ပါတယ္။ စက္တင္ဘာလမွာ ေရာင္းခ်ေပးမွာ ျဖစ္ၿပီး ေမာ္ဒယ္အလိုက္ ေဒၚလာ ၁၅၅၀ နဲ႔ ၁၇၇၀ အၾကားမွာ ေရာင္းခ်မွာပါ။ ေရႊ၊ အညိဳ၊ ႏွင္းဆီ၊ အျဖဴေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

Samsung Air Dresser ဟာ ၂၀၁၁ ခုႏွစ္မွာ မိတ္ဆက္ခဲ့တဲ့ LG Styler ကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ LG Styler ဟာ ကိုရီးယားမွာ လက္ရွိတြင္ ေအာင္ျမင္ေနပါတယ္။

unicode

အဝတ်အစားများကို သန့်စင်ပေးမယ့် Samsung ရဲ့ စက်ကိရိယာ

ဆမ်ဆောင်းက စမတ် နေအိမ် ထုတ်ကုန်များကို ဖန်တီးရောင်းချနေပါတယ်။ အခုလည်း ထူးခြား ဆန်းသစ်တဲ့ ကိရိယာတစ်ခုကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Air Dresser ဖြစ်ပြီး သူဟာ အဝတ် ဘီဒိုနဲ့ တူညီပါတယ်။ သူ့အထဲမှာ အဝတ်အစားများကို ထည့်ပေးလိုက်တာနဲ့ သန့်စင်ပေးပြီး အနံ့ဆိုးများကို ဖယ်ရှားပေးပါတယ်။ သူက လေ၊ ရေနွေးငွေ့၊ အခြောက်ခံခြင်းနဲ့ သန့်စင်ခြင်း စတဲ့နည်းလမ်း ၄ ခုဖြင့် အဝတ်အစားများကို သန့်စင်ပေးပါတယ်။

Samsung က ၂၅ မိနစ်အတွင်းမှာ အဝတ်အစားများမှ ဖုန်များကို ၉၉ ရာခိုင်နှုန်း ဖယ်ရှားပေးတယ်လို့ ပြောပါတယ်။ Air Dresser က ရောဂါပိုးမွှားများကိုလည်း သတ်ပစ်ပေးနိုင်တယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။ သူ့မှာ အထူး ဖန်တီးထားတဲ့ အဝတ်အစား ချိတ်သုံးမျိုးပါပြီး အဝတ်အစားများကို အတွင်းရော အပြင်ပါ သန့်စင်ပေးပါတယ်။ လေနဲ့ ရေနွေးငွေ့များကို အဝတ်အစား အနှံ့ကို ပက်ဖြန်းပေးခြင်းဖြင့် ဖုန်နဲ့ အနံ့ဆိုးများကို ဖယ်ရှားပေးပါတယ်။

သူက Samsung SmartThings နဲ့ ချိတ်ဆက်နိုင်ပြီး အဝတ်အစား အပေါ် မူတည်၍ မတူညီတဲ့ သန့်ရှင်းရေး ပရိုဂရမ်များကို အကြံပြုပေးနိုင်ပါတယ်။ SmartThings App က အဝတ်အစားများ သန့်စင်ပြီးတဲ့ အချိန်နဲ့ Air Filter လဲလှယ်ရမယ့် အချိန်ကို အသိပေးနိုင်ပါတယ်။ စက်တင်ဘာလမှာ ရောင်းချပေးမှာ ဖြစ်ပြီး မော်ဒယ်အလိုက် ဒေါ်လာ ၁၅၅၀ နဲ့ ၁၇၇၀ အကြားမှာ ရောင်းချမှာပါ။ ရွှေ၊ အညို၊ နှင်းဆီ၊ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Samsung Air Dresser ဟာ ၂၀၁၁ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ LG Styler ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ LG Styler ဟာ ကိုရီးယားမှာ လက်ရှိတွင် အောင်မြင်နေပါတယ်။

Leave a Reply