အသုံးများတဲ့ 2-in-1 laptop လေးတွေ

0
953

Zawgyi version

ခုခေတ်မှာက ဘယ်အရာမဆို အသုံးဝင်ပြီး ပေါ့ပါးပါးပါးဖြစ်တဲ့အရာတွေကို လူကြိုက်များလာကြပါတယ်။ အဲ့ပစ္စည်းက တစ်မျိုးထဲဆိုပေမဲ့ ၂ နေရာလောက်သုံးလို့ရရင် ပိုတောင်ကြိုက်ကြပါသေးတယ်။

ခုပြောမဲ့ဟာလေးကတော့ laptop လိုလဲ သုံးလို့ရမယ် စာတွေဘာတွေဖတ်တဲ့အချိန် ပေါ့ပေါ့ပါးပါး နဲ့ tablet လိုလဲ သုံးလို့ရမဲ့ 2 in 1 Laptop Tablet လေးတွေအကြောင်းကို ပြောပြမှာပဲ ဖြစ်ပါတယ်။ အသုံးများပြီး အရည်အသွေးလဲ ကောင်းတာလေးတွေကို list လေးလုပ်ပေးထားပါတယ်။

အရည်အသွေးကောင်းမွန်တဲ့ Microsoft Surface Pro

Microsoft Surface Pro ကပေးရတဲ့ဈေးနဲ့ရော တန်အောင် Performance ကိုလဲ ကောင်းမွန်စွာ ပြုလုပ်ထားပါတယ်။ သူက Intel Core i7 processor ဖြစ်ပြီး RAM က 16GB ကနေ 256GB SSD ထိရှိပါတယ်။ သူရဲ့ ဘက်ထရီက 13.5 နာရီထိ အသုံးပြုနိုင်ပါတယ်။ အလေးချိန်က 1.69- pound ရှိပြီး ကျောင်းသားတွေ၊ လုပ်ငန်းရှင်တွေ နဲ့ ခရီးအမြဲတမ်းသွားဖြစ်တဲ့ သူတွေအတွက် တော်တော် အဆင်ပြေပါတယ်။ သူ့ကို  Laptop ပုံစံပြောင်းချင်တယ်ဆိုရင်တော့ သူ့မှာတစ်ခါထဲပါတဲ့ ကီးဘုတ်လေးကို ဆွဲထုတ်ပြီး laptop တစ်လုံးအသွင် အသုံးပြုနိုင်ပါတယ်။ သူ့မှာ “Studio Mode” လဲပါဝင်တာဖြစ်ပြီး သူ့ကို Surface Pen နဲ့ တွဲဖက်ပြီး စာရေးတာတို့ ပုံဆွဲတာတို့ကို အသုံးပြုနိုင်ပါတယ်။

ဈေးသက်သာတဲ့  Asus T102HA Transformer Mini 10.1-Inch

Asus T102HA Transformer Mini 10.1-inch 2-in-1 hybrid computer လေးက

Intel Atom quad-core x5 processor ကိုအသုံးပြုထားပြီး 4GB RAM နဲ့ EMMC storage က 128GB ပဲဖြစ်ပါတယ်။ သူကတော့ ၁.၇ အောင်စရှိပြီး ၆လက်မ frame ရှိပါတယ်။ သူကဘာလို့ Microsoft-made နဲ့မတူတာလဲဆိုတော့ Asus Transformer က pen box လေးပါဝင်ပြီး ကီးဘုတ်နဲ့ fingerprint reader ရောအသုံးပြုလို့ရတာပဲ ဖြစ်ပါတယ်။ ကီးဘုတ်ကိုတော့ သံလိုက်နဲ့ တွဲဖက်တပ်ဆင်ပေးထားပြီး သူ့ကို 170 degree လှည့်ပြီး အသုံးပြုလို့ရပါတယ်။ laptop အသွင်ပြောင်းဖို့ kickstand လေးပါဝင်ပြီး အလွယ်တကူပဲ laptop တစ်လုံးအသွင် ပြောင်းလဲနိုင်ပါတယ်။ သူ့မှာ USB, micro USB, micro HDMI နဲ့ microSD port တွေပါဝင်ပါသေးတယ်။

ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ်တဲ့  Microsoft Surface Go

သူရဲ့ဆိုဒ်ကတော့ ၁၀လက်မရှိပြီး 1800×1200-pixel display နဲ့ သူက ၁ပေါင်ကျော်ကျော်လောက်ပဲ အလေးချိန်ရှိပါတယ်။ သူကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့ရတဲ့ 2-in-1 device လေးပဲဖြစ်ပါတယ်။ သူ့ကိုတော့ 1.6Hz Intel Pentium Gold 4415Y processor အသုံးပြုထားပြီး တစ်ခြား window products တွေရဲ့ Core i-series Intel CPUs လောက်တော့ မမြင့်ပါဘူး။ သူက gaming device လိုမျိုးသုံးဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အရွယ်အစားလဲ သေးငယ်ပြီး အဓိကလိုအပ်တာလေးတွေအသုံးပြုဖို့လောက်ပဲ အဆင်ပြေလို့ပါ။ ဒါပေမဲ့ သူကတစ်ခါအားသွင်းထားရုံနဲ့ ၄ နာရီ ၅ နာရီလောက်ထိ အသုံးပြုနိုင်ပါတယ်။  သူ့ကိုတော့ အရောင် ၄ ရောင်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ သူက ဈေးလဲ ချိုသာပြီး ပေါ့ပေါ့ပါးပါးကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

Performance ကောင်းမွန်တဲ့  Samsung Notebook 9 Pro

Samsung Notebook 9 Pro ကတော့ ၁၅လက်မ ရှိပြီး သူက မျက်နှာပြင်ကို ထိတွေ့ဖို့အတွက် Samsung ရဲ့ S-pen လေးလဲ ပါရှိပါတယ်။ သူ့ကိုတော့ အရွယ်အစား ၂ မျိုးရှိပါတယ်။ ၁၃လက်မ မော်ဒယ်ကတော့ 1920 x 1080 pixel resolution, 3.5 GHz processor, 8GB of RAM နဲ့ ADM Radeon 540 graphics card တို့ပါရှိပါတယ်။

Gaming အတွက်ကောင်းမွန်တဲ့  Dell Inspiron 7000 15-inch

ခရီးသွားတာများတ်ဲသူတွေ ဂိမ်းအရမ်းဆော့တဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ သူက Inspiron 7000 ကိုအသုံးပြုထားပါတယ်။ သူက ၁၅.၆ လက်မရှပြီး full HD display ပဲ ဖြစ်ပါတယ် ။ သူက ဂိမ်းဆော့လို့လဲ တော်တော် ကောင်းမွန်ပါတယ်။ Intel HD Graphics 620 card ဖြစ်တဲ့အတွက်ကြောင့် performance ကလဲ ကောင်းမွန်ပါတယ်။ သူကလဲ ကီးဘုတ်ပါဝင်ပြီး ၆ နာရီကြာအသုံးပြုနိုင်ပါတယ်။

 

 

Leave a Reply